အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မောင်တောဒေသအတွင်း ခုနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်းအောင်မြင်နေပေမယ့် သွင်းအားစုနဲ့ စက်ကိရိယာအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။ အာရက္ခဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောမြို့နယ်ရှိ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေအနီးရှိ မြေနေရာတွေကိုအဓိကထားကာ ခု ၂၀၂၆ ခုနှစ်အတွင်း အားတက်သရော စိုက်ပျိုးနေကြတာဖြစ်တယ်လို့ဆိုကြပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးတိုးချဲ့ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ နွေစပါးစိုက်တောင်သူတွေကဆိုကြပါတယ်။ "နွေစပါးတိုးချဲ့ဖို့အတွက်ဆိုရင် အဓိက မြေဆီ၊မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်ပါတယ်။နောက်ထပ် ဧကပြတ်အောင် တိုးချဲ့စိုက်ပျိုးလို့ရပေမယ့် လယ်ထွန်စက်နဲ့ လုပ်အားခစရိတ်တွေ အခက်အခဲရှိနေပါတယ်။ဒါကြောင့် အကူအညီတွေလိုပါတယ်။"လို့ မောင်တောမြို့နယ်ရှိ နွေစပါးစိုက်တောင်သူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီ မောင်တောမြို့နယ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့အတူ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးရေးကဏ္ဍပြန်လည်ဦးမော့လာစေဖို့ အတွက်ရွယ်ရည်ပြီးစိုက်ပျိုးနေကြတာလို့ဒေသခံတွေကဆိုကြပါတယ်။ အဲဒါကြောင့် တိုက်ပွဲတွေငြိမ်သက်လာရင် စိုက်ပျိုးရေးတွေပိုမိုတိုးချဲ့လုပ်ကိုင်ချင်တယ်လို့ တောင်သူတွေကဆိုကြပါတယ်။ "တိုင်းပြည်အေးချမ်းလာရင် နွေစပါးတင်မကဘဲ မိုးစပါးပါ ဒီထက်ပိုပြီးတိုးချဲ့လုပ်ကိုင်ချင်ပါတယ်။ အခုလောလောဆယ်တော့ ဒီနွေစပါးစိုက်ခင်းတွေကိုပဲ ရှိတာလေးနဲ့အကောင်းဆုံးဖြစ်အောင် ပြုပြင်လုပ်ကိုင်နေရတာပါ။"လို့ တောင်သူတဦးကဆိုပါတယ်။ အာရက္ခဒေသတွင်း ရိက္ခာဖူလုံရေးအတွက် အရေးပါတဲ့ နွေစပါးစိုက်ပျိုးမှု ပိုမိုအောင်မြင်လာစေဖို့ ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေနဲ့စက်ကိရိယာအကူအညီတွေအကူအညီတွေလိုအပ်နေတာလို့ဆိုကြပါတယ်။ အဲဒါကြောင့် မောင်တောဒေသ နွေစပါးပိုပြီးဖြစ်ထွန်းအောင်မြင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အကူအညီတွေပေးဖို့ တောင်သူတွေကတောင်းဆိုနေကြပါတယ်။
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။ အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။ မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။ မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ သာချလွန်မြို့နယ်ရှိ နာရီစင်အနီးမှာ ဈေးရောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဦးကို ခရိုင်အလုပ်သမားရုံး၊ ISOC နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပူးပေါင်းအဖွဲ့တွေဟာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာ ရှိ၊ မရှိ သိရဖို့အတွက် လမ်းဘေးဈေးသည်တွေကို ကွင်းဆင်းစစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မတွေ့ရှိရတဲ့အပြင်၊ နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။ အခုလို ဖမ်းဆီးတာတွေဟာ စမွတ်စခွန်ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ လမ်းဘေးဈေးရောင်းတာမျိုးတွေ မလုပ်ဖို့တားမြစ်ထားတာကို ကြပ်မတ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ နယ်မြေအတွင်းမှာ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာ သတ်မှတ်ထားတဲ့အလုပ်အကိုင်အမျိုးအစားနဲ့ လုပ်ငန်းခွင်နေရာတွေမှာပဲ လုပ်ကိုင်ကြဖို့နဲ့ အလုပ်ရှင်အမည်ပေါက် မှန်ကန်ဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အမြဲသတိပေးနေကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။ အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
Read moreယာဉ်မောင်းသေဆုံးမှုကြောင့် ပိတ်ပင်ထားခဲ့တဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေထဲက ရှာဟာ (Siaha) ခရိုင်ဘက်လမ်းပိုင်းကို ဖေဖော်ဝါရီလ၁၇ ရက်နေ့ကပြန်ဖွင့်လိုက်ပြီလို့ Mara Thyutlia Py (MTP) က ထုတ်ပြန်ပါတယ်။ အဲဒီလမ်းပိုင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၂ နာရီကစပြီး ပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်လို့ ရပ်တန့်နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်စတင်နိုင်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီဇိုရမ်ယာဉ်မောင်း သေဆုံးမှုကြောင့် လောင်တလိုင်နဲ့ ရှာဟာခရိုင်ဘက်က လမ်းတွေကို ပိတ်ထားခဲ့ပေမယ့် အခုတော့ ရှာဟာလမ်းပိုင်းကို အရင်ဆုံး ပြန်ဖွင့်ပေးလိုက်တာပါ။ အဲဒီလမ်းပိုင်းကို ပြန်ဖွင့်လိုက်ပြီလို့ ဆိုပေမယ့် လက်တွေ့မှာတော့ သွားလာလို့ မရသေးတဲ့ အခြေအနေတွေရှိနေဆဲဖြစ်တယ်လို့ အာရက္ခဒေသကကုန်သည်တွေဆီကသိရပါတယ်။ လက်ရှိမှာတော့ နယ်စပ်တလျှောက် ကုန်တင်ယာဉ်အချို့ပြန်လည်ဝင်ထွက်နိုင်ဖို့ ကြိုးပမ်းနေကြသလို နယ်စပ်တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်း - လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်အတွင်း တရားမဝင်တင်သွင်းလာတဲ့ ဆန်နက် (Riceberry) ၁၅ တန် (အိတ် ၃၀၀) နဲ့ ၁၀ ဘီးကုန်တင်ကားတစီးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၂ အကောက်ခွန်ဒေသရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီမုဒါဟန်မြို့နယ်၊ ဘန်ကန်းကျေးရွာရှိ ဘုရားကျောင်းရှေ့မှာ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ရွိုင်အက်လိုင်စင်ပါ ISUZU ၁၀ ဘီးကားပေါ်ကနေ အထောက်အထားမဲ့ ဆန်နက်အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ယာဉ်မောင်းဖြစ်သူ နိုင်ချမ်နန်ဖွန်းကို စစ်ဆေးရာမှတဆင့် ကုန်ပစ္စည်းပိုင်ရှင်နိုင်စူရချိုင်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပိုင်ရှင်ဖြစ်သူရဲ့ ဝန်ခံချက်အရ ပါဆန်တွေကို လာအိုနိုင်ငံသားတဦးထံကနေ ဈေးပေါပေါနဲ့ဝယ်ယူကာ သုရင် (Surin) ခရိုင်သို့ပို့ဆောင်ရောင်းချဖို့ ခိုးယူတင်သွင်းလာတာ ဖြစ်ပါတယ်။ အဲဒီ သိမ်းဆည်းရမိတဲ့ ဆန်နဲ့ကုန်တင်ကား စုစုပေါင်းအလေးချိန် ၂၄.၇ တန်ကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ကုန်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ပိုင်ရှင်က သဘောတူညီခဲ့ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို လိုအပ်တဲ့ဒဏ်ငွေပေးဆောင်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ဖို့ မုဒါဟန်အကောက်ခွန်ဌာနဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။
Read moreကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) ဟာ ဖေဖော်ဝါရီလ၁၇ ရက်၊မနက်အစောပိုင်းမှာ ကျိုးကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတံတားဟာ မိုင်းခွဲခံရမှုကြောင့် ကျိုးကျသွားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီလို့ သိရပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ဘက်ကတော့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးဒဏ်တွေကြောင့် အရည်အသွေးမမီတဲ့ ဒီတံတားဟာ ကျိုးကျသွားတာလို့ မီဒီယာတွေကိုဖြေထားတာတွေ့ရပါတယ်။ တဖက်မှာလည်း စစ်ကော်မရှင်ဘက်ကတော့ ဒီတံတားပျက်စီးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖြစ်တယ်လို့ တန်ပြန်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အခုလို တံတားကျိုးကျခဲ့တာပါ။ အဲဒီတံတားပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေး၊ ကုန်စည်စီးဆင်းမှုမှာ အကြီးအကျယ် ခက်ခဲမှာကို အထူးစိုးရိမ်နေကြပါတယ်။
Read moreအာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ အနောက်ဘက်နယ်စပ် မောင်တောဒေသမှာ ဒီနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်း အောင်မြင်နေတယ်လို့ သိရပါတယ်။ အာရက္ခဒေသရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောဒေသအတွင်းမှာရှိတဲ့ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေရှိရာ နေရာတွေကို အဓိကထားပြီး ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ အားတက်သရော စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ အခုလို နွေစပါးတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့် လာမယ့်ရာသီမှာဒေသတွင်း ဆန်စပါးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လည်းရိက္ခာအခက်အခဲကို ပြေလည်စေမှာပါ။ အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဒေသခံတောင်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်သလို စိုက်ပျိုးရေရရှိဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနေတာကြောင့် ပိုမိုဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဦးမော့လာအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
Read moreBorder News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၁၇။ ချင်းပြည်၊ ပလက်ဝမြို့နယ်ထဲကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုရမ်ပြည်နယ်သား ယာဉ်မောင်းတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကိုနှစ်လကြာပိတ်ထားဖို့ လောင်တလိုင်ခရိုင်တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလောင်တလိုင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နောက်ထပ်အမိန့်မရမချင်း ပိတ်ထားမှာဖြစ်သလို နိုင်ငံခြားသားတွေခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်တာနဲ့ ကုန်ပစ္စည်းသယ်တာတွေကိုလည်း လုံးဝခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ အဲဒီ လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Pickup ကားတစီးနဲ့ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာပါ။ သူပျောက်ဆုံးနေတုန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရှင်းလက်ဝဘက်ရှိ မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့ လိုင်စင်တွေကိုလာပေးခဲ့ပေမယ့် လူပျောက်တာနဲ့ပတ်သက်လို့တော့ ဘာမှမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် CYLA အဖွဲ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် ရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာတော့ မြန်မာ - မီဇိုရမ် နယ်စပ်ချောင်းထဲမှာ Pu Lalremsanga ရဲ့ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရပြီး ဒီဖြစ်စဉ်ကြောင့် ဗဟိုလိုင်လူငယ်အသင်းနဲ့ Pickup အသင်းတို့ကလည်း နယ်စပ်လမ်းတွေကို ပိတ်ထားဖို့ကြေညာခဲ့ကြပါတယ်။ အခုလို ယာဉ်မောင်းသေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးခင်အထိ လောင်တလိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ထားမှာဖြစ်လို့ ပလက်ဝနဲ့ရခိုင်ဘက်ကိုကုန်စည်စီးဆင်းမှုတွေ အခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။
Read moreပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read moreHey! Don't Copy my content.