Border News Agencyနေပြည်တော်၊ ဇန်နဝါရီ ၄။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူတို့ဖမ်းထားတဲ့နိုင်ငံခြားအကျဉ်းသား ငါးဆယ့်နှစ်ဦးကို လွတ်ငြိမ်းခွင့်ပေး လိုက်ပါတယ်။ အဲဒီအကျဉ်းသားတွေကို ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ လွတ်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံအချင်းချင်းမိတ်မပျက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိုရှေ့ရှုးပြီး...
Read moreBorder News Agencyနယူးယောက်၊ ဇန်နဝါရီ ၄။ ဗင်နီဇွဲလားသမ္မတမာဒူရိုနဲ့ ဇနီးကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကိုခေါ်ဆောင်လာပြီး တရားစွဲမှုတွေကိုစလုပ်နေပါပြီ။ ဗင်နီဇွဲလားမြို့တော် ကရာကက်စ်မှာ အကြီးစားစစ်ဆင်ရေးကို ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်ပြုလုပ်ခဲ့ပြီး မာဒူရိုနဲ့ဇနီးစီလီယာဖလောရက်စ်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်...
Read moreBorder News Agencyအမေရိကန်၊ ဇန်နဝါရီ ၃။ ဖမ်းဆီးခံထားရတဲ့ ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုတွေနဲ့ အမေရိကန်ကတရားစွဲမယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရက ဇန်နဝါရီ ၃ ရက်၊ ဒီနေ့ ပြောကြားလိုက်ပါတယ်။ အဲဒိီအမေရိကန်ရှေ့နေချုပ်ပါမယ်လာဘွန်ဒီက မာဒူရိုနဲ့၎င်းရဲဇနီးတို့ကို အမေရိကန်မြေပေါ်ရှိ အမေရိကန်တရားရုံးတွေမှာ...
Read moreBorder News Agencyကျိုက်ထို၊ ဇန်နဝါရီ ၃။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးအလင်းဝင်လာတယ်လို့ တောင်ညိုတပ်ရင်းမှ ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီသိမ်ဇရပ်မြို့မှာ...
Read moreBorder News Agencyမဲဆောက်၊ ဇန်နဝါရီ ၃။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကရင်လူ မျိုးတွေရဲ့ရိုးရာဝတ်စုံနဲ့အတူ Miss ပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်၊ ဒီနေ့ ကျင်းပနေပါတယ်။ အဲဒီMiss ပြိုင်ပွဲကိုမဲဆောက်မြို့ရှိ၊ ရော်ဘန်ဆင်မှာကျင်းပနေတာဖြစ်ပြီးသုံးကြိမ်မြောက်ဖြစ်ပါတယ်။ အဲဒီ...
Read moreBorder News Agencyအမေရိကန်၊ ဇန်နဝါရီ ၃ ။ ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို အမေရိကန်ကဖမ်းဆီးထားပြီးလို့ အမေရိကန်သမ္မတထရမ့်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို လေယာဉ်နဲ့တိုင်းပြည်ပြင်ပသို့ခေါ်ထုတ်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှတောင်သူတွေဟာ စပါးရိတ်သိမ်းချိန်မှာ မိရိုးဖလာလက်မှုလယ်ယာစနစ်နဲ့စပါးသိမ်းတာတွေ ပြုလုပ်နေကြပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် စပါးဈေးကောင်းမရကြတာမို့ ကုန်ကျစာရိတ်သက်သာတဲ့လူအားနဲ့ကျွဲ၊ နွားတွေကိုသာအဓိကအားထားရိတ်သိမ်းနေကြတာပါ။ အဲဒီလိုရိုးရာစနစ်ကိုသာအသုံးပြုနေကြရတာမို့ အလုပ်ချိန်ပိုကြာတာ၊ လုပ်အားခစျေးကြီးတာတွေကြောင့် အရှုံးပေါ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
Read moreBorder News Agencyဆော၊ ဇန်နဝါရီ ၃။ ယောတပ်တော်ရဲ့ တော်လှန်ရေးကာလတွေမှာ အာရက္ခတပ်တော်(AA)က အနီးကပ်ကွပ်ကွဲကူညီပေးခဲ့တယ်လို့ ယောတပ်တော် (YAW ARMY)က ဇန်နဝါရီလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ တော်လှန်ရေးရဲ့ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကိုတည့်မတ်စွာလျှောက်လှမ်းနိုင်ဖို့ အစဉ်တစိုက်အနီးကပ်ကွပ်ကွဲပြီး ထောက်ပံ့ကူညီအကြံဉာဏ်ပေးခဲ့တဲ့...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီလ ၃။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ တူးဖော်ထိန်းသိမ်းထားတဲ့ မြောက်ဦးခေတ်ရှေ့ဟောင်းသမိုင်းဝင်ခေါင်းလောင်းအတွက် အကြံပြုချက်တွေကို ယတြာခေါင်းလောင်းထိန်းသိမ်းစောင့်ယှောက်ရေးကော်မတီမှ ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့ဖိတ်ခေါ်နေပါတယ်။ အဲဒီ ရှေ့ဟောင်းယဥ်ကျေးမှုအမွေအနှစ် ခေါင်းလောင်းကိုရှေ့ဟောင်းသုဒေသန၊ သမိုင်း၊ ယဥ်ကျေးမှုဆိုင်ရာကိစွတွေကို လေ့လာဆန်းစစ်သုဒေသနပြုနိုင်ဖို့အတွက်...
Read moreBorder News Agencyစစ်ကိုင်း၊ ဇန်နဝါရီ ၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာကို ဇန်နဝါရီလ ၂ ရက်၊ မနေ့ည ၁၀ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့...
Read moreHey! Don't Copy my content.