Border News Agency မကွေး၊ ဖေဖော်ဝါရီ ၂၈။ NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန်နဲ့ပတ်သက်တဲ့ အမှုကိစ္စကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရပ်တန့်ထားခဲ့တဲ့ CDM ကျန်းမာရေးကွန်ယက်ဟာ ဖေဖော်ဝါရီလ၂၇ ရက်နေ့မှာ အဲဒီကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။ အဲဒီကွန်ယက်ဘက်ကတောင်းဆိုထားတဲ့ အချက် ၆ ချက်အပေါ် NUG အစိုးရဘက်က အတတ်နိုင်ဆုံးကိုက်ညီအောင် လိုက်နာဆောင်ရွက်ပေးခဲ့သလို၊ နွေဦးတော်လှန်ရေးရဲ့ အဓိကထောက်တိုင်ဖြစ်တဲ့ CDM တွေရဲ့အခန်းကဏ္ဍကို အလေးထားလက်တွဲသွားမယ်လို့ ကတိပြုခဲ့တာကြောင့် အခုလို ပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ NUG အစိုးရအနေနဲ့ CDM တွေနဲ့ ပြည်သူ့အသံကိုအလေးထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့အပေါ် CDM ကျန်းမာရေးကွန်ယက်က ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းနဲ့ ရပ်တန့်ထားတဲ့လုပ်ငန်းစဉ်တွေကို အမြန်ဆုံးပြန်လည်စတင်သွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အာဏာရှင်စနစ်အပြီးတိုင်ပပျောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် CDM တွေနဲ့ အစိုးရတစ်သားတည်းဖြစ်အောင် ယုံကြည်မှုတည်ဆောက်ပြီး တော်လှန်ရေးခရီးကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
Read moreBorder News Agency လားရှိုး၊ ဖေဖော်ဝါရီ ၂၈။ လားရှိုးမြို့နယ်အတွင်း နှစ်ဖက်နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီး TNLA အုပ်ချုပ်ရေးဝန်ထမ်းနဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA ဘက်က ဖမ်းဆီးထားတာကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရဆီ TNLA က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း လားရှိုးမြို့၊ မိုင်းယော်ဒေသမှာ နယ်မြေအငြင်းပွားမှုတွေ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ TNLA ရဲ့ တိုင်ကြားစာထဲမှာတော့ မိုင်းယော်ဒေသက ကျေးရွာ ၃ ရွာမှာရှိတဲ့ သူတို့ရဲ့အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၅ ဦးကို MNDAA ဘက်က အတင်းအဓမ္မဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဒီပြဿနာအပေါ် တရုတ်အစိုးရအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတာပါ။ အဲဒီ MNDAA ဘက်က ဖမ်းဆီးထားသူတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အရာရှိတဦးနဲ့လက်နက်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့အတွက် "ဝ" တပ်ဖွဲ့ (UWSA) ကလည်း ကြားဝင်စေ့စပ်ပေးနေတယ်လို့ သိရပါတယ်။ TNLA နဲ့ MNDAA တို့ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တွေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူတူဆင်နွှဲခဲ့ကြသူတွေဖြစ်ပေမယ့် အခုလိုနယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးသူ ၁၃ သန်းကျော်၊ ၅၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူငယ် ၂၄ ရာခိုင်နှုန်းနဲ့ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ မြေပြင်အခြေအနေနဲ့ကွာဟနေပြီး လူငယ်အများစုကတော့ ဒီရွေးကောက်ပွဲကို တော်လှန်ရေးကာလအတွင်း အသိအမှတ်မပြုဘဲ သပိတ်မှောက်ခဲ့ကြတာပါ။ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကလည်း စစ်ကော်မရှင်ဟာ သူတို့ရဲ့တရားဝင်မှုကိုပြသဖို့အတွက် ကိန်းဂဏန်းတွေကို လိုသလိုဖန်တီးထားတာသာဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ အဲဒီထဲ အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေနဲ့မြို့ကြီးအတော်များများမှာ လူငယ်တွေဟာ မဲပေးဖို့ထက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ ဦးတည်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အဲဒီအပြင် အတင်းအဓမ္မဖိအားပေးပြီး မဲထည့်ခိုင်းတာတွေရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပြီး ပြည်သူတွေကတော့ ဒီရွေးကောက်ပွဲဟာ တကယ့်ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ လူငယ်တွေနိုင်ငံ့အရေးစိတ်ဝင်စားလာသယောင် ဝါဒဖြန့်နေပေမယ့် တကယ့်မြေပြင်မှာတော့ လူငယ်အများစုဟာ တော်လှန်ရေးမှာသာ တက်ကြွစွာပါဝင်နေကြတာပါ။ ဒီရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ အသိအမှတ်ပြုမှုမရရှိဘဲ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးထွက်ပေါက်တခုအဖြစ်သာ ရှုမြင်ခံနေရတာဖြစ်ပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၂၈။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ARSA တွေပြန်ပီးဆွဲထားတဲ့ မူဆလင်လူငယ်တဦး ဖေဖော်ဝါရီလ၂၃ ရက်နေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ မောင်တောမြို့နယ်၊ မီးကျောင်းတက်ရွာမှ အဒူလ္လရဲ့သားအသက်ဆယ့်သုံးနှစ်အရွယ် ယာဆဲလ်အာရ်ဖတ်ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့၊ ည ၁နာရီအချိန်ခန့်မှာ ARSAအဖွဲ့ရဲ့ ပြန်ပေးဆွဲဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ အဲဒီ ARSAအဖွဲ့ဟာ ယာဆဲအာရ်ဖတ်ရဲ့မိသားစုထံ တာကာငွေ ၁၅ သိန်း (မြန် မာငွေ သိန်း၄၈၀ ခန့်)ကို တောင်းခံပြီး မပေးရင် ယာဆာအာရ်ဖာတ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဆဲလ်အာရ်ဖတ်ရဲ့မိသားစုတွေမှ တာကာငွေ ၁၅သိန်းမပေးနိုင်ဘူးလို့ငြင်းဆိုခဲ့သလို နောက်ထပ်သုံးကြိမ်တောင်းတာတွေကိုလည်းငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာ တာကာငွေနှစ်သိန်းပေးပါက ပြန်လွှတ်ပေးမယ်လို့ ငွေညှစ်တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ARSA အဖွဲ့တောင်းတဲ့ တာကာငွေနှစ်သိန်းကို ဖေဖော်ဝါရီလ၁၉ ရက်နေ့မှာ လွှဲပေးလိုက်ပြီး ဖေဖော်ဝါရီလ၂၃ ရက်နေ့၊ နေ့လည်၂ နာရီအချိန်မှာ ယာဆဲလ်အာရ်ဖတ် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ ယာဆဲလ်အာရ်ဖတ်ဟာ မောင်တောမြို့နယ် မီးကျောင်းတက်ရွာရဲ့အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ကျော်ခန့်အကွာ လှဖိုးခေါင်အနီးတောထဲမှာ သုံးဆယ့်ခုနှစ်ရက်ကြာဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ချ်ကို ဆေးကုသဖို့သွားတဲ့ မောင်တောဒေသခံသုံးဦးကိုလည်း အကြမ်းဖက် ARSA၊ RSO အဖွဲ့မှ ဖမ်းဆီးငွေညှစ်ခဲ့ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ပြည်သူလူထုတွေကို လူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တာ၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်တာ၊ အနိုင်ကျင့်ငွေညှစ်တာ၊ လုယက်တာ၊ ပြန်ပေးဆွဲတာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေရှိနေပြီး ဒေသခံအရပ် သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးကိုခြိမ်ခြောက်နေတာမို့ အာရက္ခတပ်တော်ကအကြမ်းဖက်ရှင်းလင်းရေးတွေအပြီးသတ်လုပ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၇။ မဲဆောက်မြို့၊ ဘန်ဆောင်ခွဲ ၂ ရွာက ဆောက်လုပ်ရေးခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းမှာ ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်နေထိုင်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ် မရှိဘဲ အလုပ်လုပ်နေကြတာလို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေကို လဝကအက်ဥပဒေနဲ့ အလုပ်သမားဥပဒေတွေအရ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ အခုလိုတရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့မနက်က ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ KPSSC က ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ဒေသခံမိဘပြည်သူတွေနဲ့အတူပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုငြိမ်ခံမနေဘဲ တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေစေဖို့ရည်ရွယ်ပြီး အခုလိုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ "စစ်အာဏာရှင်စနစ်ကို ကျေးလက်ကပုန်ကန်၊ မြို့ပြကဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးမီးစာကို အရှိန်အဟုန်မြှင့်တင်ကာ မိမိတို့ရရာကဏ္ဍ၊ နည်းလမ်းအသီးသီးက ပါဝင်တိုက်ပွဲဝင်ကြဖို့ကိုလည်း KPSSC က တိုက်တွန်းနှိုးဆော်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကြားက ကလေးမြို့ဒေသခံတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လမ်းပေါ်ထွက်ကာ လူထုအားမာန်ကိုပြသခဲ့တာပါ။
Read moreBorder News Agency ရွာငံ၊ ဖေဖော်ဝါရီ ၂၇။ ရွာငံမြို့နယ်၊ ကျောက်ငှက် - အုတ်တွင်းလမ်းပိုင်းမှာကင်းလှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးအပါအဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်ငါးလက်နဲ့ ကျည်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မျှားကလေးရွာဘက်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ၁၀၀၃ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်နှစ်လက်ထပ်ပြီးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၁၀၀၃ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရွာငံမြို့အဝင်ဂိတ်နဲ့ စီးပွားရေးဘဏ်တို့ကိုပါ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးမှတ်တမ်းတွေရှိပြီး စုစုပေါင်းရဲမှူးတဦးအပါအဝင် ၉ ဦးထက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ရေးဖော်ဆောင်မှုတွေမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ပွဲဇုန်ထဲ ပြည်သူ့ကားတစီးဖြတ်ဝင်လာတာကြောင့် ပြည်သူထိခိုက်မှာစိုးလို့ ပစ်ခတ်မှုရပ်တန့်ခဲ့ရပြီး စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ရေးရည်မှန်းချက်တွေ ထိရောက်ဖို့အတွက်ခြေသံလုံလုံနဲ့ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဇုန်တွေနဲ့ ဝေးဝေးနေကြဖို့၊ သေနတ်သံကြားရင် ဘေးလွတ်ရာပုန်းရှောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read moreရီရီလှိုင်(ကစ္ဆပမြီ)ရေးပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သတင်းအခြေခံသင်တန်းကို လေ့လာသူအဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ သတင်းစကားတွေရဲ့ ပြောင်းလဲပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ကစားနည်း(Game)နဲ့ လက်တွေ့ပြသတာကို ကြုံခဲ့ဖူးပါတယ်။ အဲဒီကစားနည်းကို ကစားဖို့အတွက် သင်တန်းသူ၊ သင်တန်းသားတွေအားလုံး ရှေ့နောက်တန်းစီပြီး မတ်တပ်ရပ်လိုက်ကြပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သင်တန်းဆရာက နောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့သင်သားတန်းသားတဦးအနားကိုကပ်ပြီးတော့ သတင်းတပုဒ်ကို တိုးတိုးကလေးပြောပြလိုက်ပါတယ်။ အဲဒီသင်တန်းဆရာပြောပြတဲ့သတင်းကို ပထမဦးဆုံးရရှိသွားသူက သူရရှိခဲ့တဲ့သတင်းကို သူ့ရှေ့ကနောက်ထပ်သင် တန်းသားဆီသို့ တိုးတိုးကလေးကပ်ပြီး ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။ အဲဒီလိုနဲ့တဦးပြီးတဦး ထပ်ဆင့်ဖြန့်ဝေလာလိုက်တာ အတန်းရဲ့ရှေ့ဆုံးကလူဆီကိုရောက်တာနဲ့“ မူရင်းသတင်း”ရဲ့ ပုံ သဏ္ဍာန်ရော အဓိပ္ပါယ်ပါပြောင်းလဲသွားတာကို အံ့သြဖွယ်မြင်တွေ့ရပါတော့တယ်။ ဥပမာ မူရင်းသတင်းက “မြိုင်ကြီးမှာ မိုးကြီးပြီး မြေပြိုနေတဲ့အတွက် ကားလမ်းပြတ်တောက်နေတယ်။”ဆိုတဲ့ သတင်းဆိုပါတော့။ အဲဒီသတင်းကို ပထမဦးဆုံးရရှိလိုက်တဲ့သင်တန်းသားက သူကြားလိုက်ရတဲ့ သတင်းစကားရဲ့အစီအစဉ်နဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး စဉ်းစားပြီးတော့ပြန် လည်ဖြန့်ဝေလိုက်တဲ့အခါမှာ“မြိုင်ကြီးမှာမိုးကြီးမြေပြိုလို့ ကားလမ်းပြတ်နေတယ်။”လို့ ဖြစ်သွားပါတယ်။ နောက်ထပ်တယောက်ကို ထပ်ဆင့်ဖြန့်ဝေလိုက်တဲ့အခါမှာတော့ သတင်းက “မြိုင်ကြီးမှာ မိုးကြီး မြေမြိုလို့ ကားလမ်းဖြတ်ထားတယ်။”လို့ ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ တယောက်ပြီးတယောက် ထပ် ဆင့်ဖြန်ဝေလာပြီးတဲ့အခါမှာတော့ နောက်ဆုံးတယောက်ဆီမှာသတင်းက“ မြိုင်ကြီးမှာမျိုးကြီးတယောက် မြေမြို့လို့ ခြေထောက်ဖြတ်တောက်ခံလိုက် ရတယ်။”ဆိုပြီး ဖြစ်သွားပါတော့တယ်။ အဲဒါဟာ သတင်းစကားရဲ့ပျံ့နှံ့ ပြောင်းလဲသွားနိုင်ခြေကို တက်ရောက်လေ့ လာခဲ့တဲ့ သတင်တန်းမှာကြုံဖူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ဖြန့်ဝေတဲ့ သတင်းစကားဟာ သတင်းလက်ခံပြီး ဖြန့်ဝေသူတွေရဲ့ နား လည်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင်မှု၊ ရိုး သားမှုနဲ့တာဝန်ယူ၊တာဝန်ခံနိုင်မှုအပေါ်မှာမူတည်ပြီးတော့ ဆင့်ကဲပြောင်းလဲသွားနိုင် စေပါတယ်။ မူရင်းသတင်းရဲ့ဆိုလိုရင်း ပျောက်ပြီးတော့ အဆိုးဖက်ကို ပြောင်းလဲသွားစေနိုင်သလို အကောင်းဖက်ကိုလည်း ဦးတ ည်ပြီးလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ မူရင်းဖြန့်ဝေနေသူတွေကိုယ်တိုင်ကိုက အဆိုးဖက်ကို ဦးတည်ထုတ်လွှင့်ဖြန့်ဝေတဲ့သတင်းမျိုးဆိုရင်တော့ ပြောဖွယ်ပင်မရှိတော့ပါဘူး။ပြီးတော့ သတင်းရဲ့ ပျံ့နှံ့နိုင်ခြေဟာလည်း တစက္ကန့်၊ တမိနစ်အတွင်းမှာတင် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားစေနိုင်ပါတယ်။ သတင်းကို လူတယောက်ကလူတယောက်ချင်းစီကိုပဲ ဖြန့်ဝေတယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာတင် ကြီးမားကျ ယ်ပျံ့သွားနိုင်တာ အမှန်ပါပဲ။လူစည်ကားရာနေရာမျိုးတွေမှာ သတင်းကို ဖြန့်ဝေတယ်ဆိုရင်တော့ ပြောဖွယ်ပင် မရှိတော့ပါဘူး။ ဒီနေ့ ကမ္ဘာကြီးဟာ သတင်းနဲ့ နည်းပညာ(IT)ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ စက္ကန့်နဲ့အမျှပြောင်းလဲ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့ နည်းပညာနောက်ကို အမှီလိုက်နေရပါတယ်။နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကမ္ဘာကြီးအတွာက် အကောင်းဖက်ကို ဦးတည်တာတွေရှိသလို ကမ္ဘာကြီးကို နည်းပညာစစ်ပွဲတွေထဲ တဝဲလည်လည် ခြိမ်းခြောက်ခံနေရစေပါတယ်။ အဲဒီလိုပဲ သတင်းရယူနိုင်တဲ့နေရာတွေ၊ ဖြန့်ဖြူးတဲ့နေရာတွေပေါများလာတာကလည်း ကမ္ဘာကြီးအတွက် ဆိုးမွေ ကောင်းမွေတွေ ဒွန်တွဲရှိနေတာပါပဲ။ ဒီခေတ်မှာ သတင်းအယောင်ဆောင်ပြီး ဝါဒဖြန့်ချိနေကြတဲ့ ဆိုက်ဝါး(Psy War) တွေကလည်း အလွန်ပေါများနေပါတယ်။ ဆိုက်ဝါး(Psy War)ဆိုတာက ပြိုင်ဘ က်တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ထုတ်လွှင့်ကြတဲ့ ဝါဒဖြန့်တာတွေဖြစ်ပါတယ်။ ဆိုက်ဝါးတွေကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တချို့နိုင်ငံတော်အစိုးရတွေရဲ့ အာဘော်တွေထိတွေ့ရတတ်ပါတယ်။ ...
Read moreအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံRoscosmos ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ဂြိုဟ်တုလွှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ရုရှား Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီ ဆွေးနွေးမှုအတွင်း အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။ အဲဒီအပြင် ရန်ကုန်မှာရှိတဲ့ အာကာသပြတိုက်ကို အဆင့်မြှင့်တင်ဖို့နဲ့ လူငယ်တွေ အာကာသနည်းပညာ ဗဟုသုတ ရရှိစေဖို့အတွက် ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အာကာသနည်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်မယ့် ကိစ္စရပ်တွေကိုလည်း နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.