ထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်ရှိ ဟတ်ယောင်းကမ်းခြေမှာ ပြုလုပ်နေတဲ့ ကော်ဘရာဂိုး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်း၊အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကို အပီအပြင် လေ့ကျင့်ခဲ့ကြတာပါ။ စစ်ဆင်ရေးအတွင်း စစ်သင်္ဘောတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ရန်သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်ပြီး ကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့ ပုံစံမျိုးကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းစစ်ဆင်ရေး အစီအစဉ်တွေ ရေးဆွဲတာ၊ ကုန်းတွင်းပိုင်းကို စနစ်တကျ ချဉ်းကပ်တာနဲ့ ဆက်သွယ်ရေး စနစ်တွေကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီကမ်းတက်စစ်ဆင်ရေးဟာ မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရအပြန်အလှန် ယုံကြည်မှုနဲ့ အရေးပေါ်အခြေအနေတွေမှာ အတူတကွ တုံ့ပြန်နိုင်စွမ်းကို ပြသဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကော်ဘရာဂိုးဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။
Read moreထိုင်းတရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရဲ့ အတွင်းရေးမှူးချုပ် Pol.Maj. Suriya Singhakamol ရဲ့ ညွှန်ကြားချက်အရ မယ်ဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးကွန်ရက်တွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB ကထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့ကို ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာပြည်သူတွေက ၁၃၈၆ Hotline ဖုန်းလိုင်းကနေတဆင့် သတင်းပေးတိုင်ကြားချက်တွေကို အခြေခံပြီး မယ်ဆိုင်နဲ့ မယ်ချန်မြို့နယ်တွေအတွင်းက တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း တရားခံတဦးဆီကနေ ဆိုင်ကယ်ထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၄ ပြားကို အရင်တွေ့ရှိခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကို ထပ်ပြီးဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်ဆေးပြား ၁၆၄ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆၈ ပြား သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့အတွက် ဘဏ်စာအုပ် ၆ အုပ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ ဖမ်းမိတဲ့တရားခံကို ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးနေတဲ့ နောက်ထပ်ပါဝင်ပတ်သက်သူတဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တခြားအမှုတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။ ONCB အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး ဘယ်လို မူးယစ်ဆေးဝါးသတင်းမျိုးကိုမဆို ၁၃၈၆ ဖုန်းလိုင်းကနေ ၂၄ နာရီပတ်လုံး သတင်းပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
Read moreမြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ရှမ်းပြည်ကထိခိုက်မှုအများဆုံး ဒေသဖြစ်တယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး ဒီပမာဏဟာ တကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေတာပါ။ အဲဒီ ထိခိုက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပြီး အများစုဟာ ခရီးသွားလာရင်း၊တောတောင်ထဲ အလုပ်လုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း မိုင်းဒဏ်ကို ခံကြရတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ထိခိုက်နစ်နာသူ အများစုဟာ အမျိုးသားတွေဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ ပိုပြီး ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံကမြို့နယ်ပေါင်း ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး ရှမ်းပြည်ဟာ ထိခိုက်မှု စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty) မှာ အခုထိပါဝင်လက်မှတ်ရေးထိုးထားတာမရှိသေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာ ဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊ အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အဲဒီဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှလာရောက်ရောင်းချသူတွေက စျေးကောင်းရနေကြတယ်လို့ ဆိုကြပါတယ်။ "တရက်မှာကြက်အကောင်ရေသုံးဆယ်လောက်ရောင်းချရပါတယ်။လေးသော င်းနဲ့ဝယ်ရင် ဒီမှာလေးသောင်းနှစ်ထော င်ရောင်းတယ်။ငါးသောင်းနဲ့ဝယ်ငါး သောင်းနှစ်ထောင်ရောင်းတယ်။ကြက်တကောင်ကနှစ်ထောင်ပဲအမြတ်ရတ ယ်။ဘူးသီးတောင်က ဆိုက်ကယ်နဲ့လာရတယ်။ဆီစာရိတ်၊ထမင်းနဲ့ကုန်ကျ စာရိတ်ကသုံးသောင်းလောက်ရှိတယ်။တရက်အမြတ်ငွေကတောသုံးသောင်း၊ လေးသောင်းလောက်ရပါတယ်။ကြက်တွေကတော ကျေးရွာတွေမှာလည်ပတ်ပြီးရှာဝယ်ရတယ်။"လို့ ဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှအဒူလာမိန်က Border News Agency ကို ပြောပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒေသတွင်းမွေးမြူရေးတွေနည်းနေသေးသလို ဒေသကြက်တွေလ ည်းနည်းပါးနေသေးတာမို့ တရွာဝင်တရွာထွက်ရှာဖွေဝယ်ယူနေကြရတယ်လို့ကြက်ရောင်းသူတွေက ဆိုကြပါတယ်။ "ကြက်တွေကတော့ ကျေးရွာတွေကိုလည်ပတ်ပြီးဝယ်ရပါတယ်။မိသားစုစားသောက်ဖို့ တရက်မှာနှစ်သောင်းကျော်ကုန်ပါတယ်။သားသမီးသုံးဦးက ငါးနှစ်အထက်မရှိသေးပါဘူး။ငါးနှစ်အောက်သာရှိပါတယ်။"လို့ ဘူးသီးတောင်မြို့နယ်မှကြက်ရောင်းချနေသူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေမွေးမြူရေးတွေပိုမိုလုပ်နိုငိကြဖို့နိုင်ငံတကာအကူ အညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ရွာသန့်ရှင်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အဲဒီစည်ပင်သာယာရေးဌာနက မြို့ပေါ်လမ်းတွေမှာ အမှိုက်ကားတွေနဲ့ လိုက်လံသိမ်းဆည်းတာ၊ရေမြောင်းတွေ ပိတ်ဆို့မှုမရှိအောင်ရှင်းလင်းတာနဲ့ အမှိုက်ပုံဟောင်းတွေကို ဖယ်ရှားတာတွေ လုပ်ပေးနေတာပါ။ အဲဒီအပြင် ဈေးတွေအတွင်း သန့်ရှင်းရေးလုပ်တာနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။ အဲဒီ လမ်းဆုံလမ်းခွတွေမှာလည်း အမှိုက်ပုံးတွေချထားပေးသလို၊ အမှိုက်မပစ်ရမယ့် နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ မရှိအောင် စည်ပင်ဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ အာဆီယံမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး ၂၀၂၆" ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီနေ့မှာတော့ ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတပ်ဖွဲ့တွေစုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်မှုတွေကို လက်တွေ့ကျကျ ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ စစ်သင်္ဘောကြီးတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပြီး ရန်သူ့ဘက်ကခုခံမှုကို အပြတ်အသတ်ဖြိုခွင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ကမ်းခြေဒေသတွေကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာတွေကိုအသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ USS ASHLAND သင်္ဘောကြီးအပါအဝင် နိုင်ငံစုံကခေတ်မီစစ်လက်နက်ပစ္စည်းတွေ အစုံအလင်နဲ့အင်အားပြင်းပြင်းထန်ထန် လေ့ကျင့်နေတာကို တွေ့ရပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၂၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မ ရဲ့ ၅ နှစ်ပြည့် တပ်မွေးနေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ တပ်မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးခရီးကြမ်းမှာ ကျဆုံးသွားခဲ့ကြတဲ့ စစ်သည်ရဲဘော်အပေါင်းကိုရည်စူးပြီး ဆွမ်းကပ်အမျှဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေထံသွားရောက်ပြီး စားနပ်ရိက္ခာတွေဝေမျှထောက်ပံ့တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ကြတာပါ။ အခမ်းအနားမှာတော့ တပ်ရင်းနဲ့ဌာနအလိုက် ရဲဘော်တွေစုပေါင်းတန်းစီအလေးပြုကြပြီး တပ်မွေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပျော်ရွှင်စရာ အစီအစဉ်တွေအနေနဲ့ အမှတ်တရမွေးနေ့ကိတ်ခွဲတာ၊ ရဲဘော်တွေကြားစည်းလုံးမှုကိုဖော်ဆောင်တဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ အခုလို ၅ နှစ်ပြည့် တပ်မွေးနေ့အခမ်းအနားဟာ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလို တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၂၆။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာခါလီလူရာမန်ဆီကို အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင် တရားဝင်ပေးပို့လိုက်ပါတယ်။ ဒါဟာ အာရက္ခပြည်အတွင်းက နယ်စပ်ဒေသတွေကို AA က ထိန်းချုပ်ထားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရဆီကို ပထမဆုံးအကြိမ် တရားဝင်ဆက်သွယ်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ သဝဏ်လွှာထဲမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား မိတ်ဖက်ဆက်ဆံရေး လမ်းကြောင်းသစ်တခုကို အတူတကွပုံဖော်သွားဖို့ အသင့်ရှိနေကြောင်း ကမ်းလှမ်းထားပါတယ်။ ဒါ့အပြင် ဒေသတွင်းကမူဆလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်လိုတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း မူဆလင်အရေးနဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်ရော၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ပါနှစ်ဖက်စလုံး ဆက်သွယ်ပြောဆိုမှုတွေရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြပါတယ်။ အခုလို AA ဘက်က တရားဝင်စာပေးပို့လာမှုဟာ ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား တရားဝင်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ခြေလှမ်းစလိုက်တာပဲ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.