Border News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၇။ မဲဆောက်မြို့၊ ဘန်ဆောင်ခွဲ ၂ ရွာက ဆောက်လုပ်ရေးခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းမှာ ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်နေထိုင်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ် မရှိဘဲ အလုပ်လုပ်နေကြတာလို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေကို လဝကအက်ဥပဒေနဲ့ အလုပ်သမားဥပဒေတွေအရ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ အခုလိုတရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့မနက်က ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ KPSSC က ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ဒေသခံမိဘပြည်သူတွေနဲ့အတူပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုငြိမ်ခံမနေဘဲ တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေစေဖို့ရည်ရွယ်ပြီး အခုလိုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ "စစ်အာဏာရှင်စနစ်ကို ကျေးလက်ကပုန်ကန်၊ မြို့ပြကဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးမီးစာကို အရှိန်အဟုန်မြှင့်တင်ကာ မိမိတို့ရရာကဏ္ဍ၊ နည်းလမ်းအသီးသီးက ပါဝင်တိုက်ပွဲဝင်ကြဖို့ကိုလည်း KPSSC က တိုက်တွန်းနှိုးဆော်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကြားက ကလေးမြို့ဒေသခံတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လမ်းပေါ်ထွက်ကာ လူထုအားမာန်ကိုပြသခဲ့တာပါ။
Read moreBorder News Agency ရွာငံ၊ ဖေဖော်ဝါရီ ၂၇။ ရွာငံမြို့နယ်၊ ကျောက်ငှက် - အုတ်တွင်းလမ်းပိုင်းမှာကင်းလှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးအပါအဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်ငါးလက်နဲ့ ကျည်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မျှားကလေးရွာဘက်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ၁၀၀၃ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်နှစ်လက်ထပ်ပြီးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၁၀၀၃ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရွာငံမြို့အဝင်ဂိတ်နဲ့ စီးပွားရေးဘဏ်တို့ကိုပါ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးမှတ်တမ်းတွေရှိပြီး စုစုပေါင်းရဲမှူးတဦးအပါအဝင် ၉ ဦးထက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ရေးဖော်ဆောင်မှုတွေမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ပွဲဇုန်ထဲ ပြည်သူ့ကားတစီးဖြတ်ဝင်လာတာကြောင့် ပြည်သူထိခိုက်မှာစိုးလို့ ပစ်ခတ်မှုရပ်တန့်ခဲ့ရပြီး စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ရေးရည်မှန်းချက်တွေ ထိရောက်ဖို့အတွက်ခြေသံလုံလုံနဲ့ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဇုန်တွေနဲ့ ဝေးဝေးနေကြဖို့၊ သေနတ်သံကြားရင် ဘေးလွတ်ရာပုန်းရှောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read moreရီရီလှိုင်(ကစ္ဆပမြီ)ရေးပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သတင်းအခြေခံသင်တန်းကို လေ့လာသူအဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ သတင်းစကားတွေရဲ့ ပြောင်းလဲပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ကစားနည်း(Game)နဲ့ လက်တွေ့ပြသတာကို ကြုံခဲ့ဖူးပါတယ်။ အဲဒီကစားနည်းကို ကစားဖို့အတွက် သင်တန်းသူ၊ သင်တန်းသားတွေအားလုံး ရှေ့နောက်တန်းစီပြီး မတ်တပ်ရပ်လိုက်ကြပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သင်တန်းဆရာက နောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့သင်သားတန်းသားတဦးအနားကိုကပ်ပြီးတော့ သတင်းတပုဒ်ကို တိုးတိုးကလေးပြောပြလိုက်ပါတယ်။ အဲဒီသင်တန်းဆရာပြောပြတဲ့သတင်းကို ပထမဦးဆုံးရရှိသွားသူက သူရရှိခဲ့တဲ့သတင်းကို သူ့ရှေ့ကနောက်ထပ်သင် တန်းသားဆီသို့ တိုးတိုးကလေးကပ်ပြီး ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။ အဲဒီလိုနဲ့တဦးပြီးတဦး ထပ်ဆင့်ဖြန့်ဝေလာလိုက်တာ အတန်းရဲ့ရှေ့ဆုံးကလူဆီကိုရောက်တာနဲ့“ မူရင်းသတင်း”ရဲ့ ပုံ သဏ္ဍာန်ရော အဓိပ္ပါယ်ပါပြောင်းလဲသွားတာကို အံ့သြဖွယ်မြင်တွေ့ရပါတော့တယ်။ ဥပမာ မူရင်းသတင်းက “မြိုင်ကြီးမှာ မိုးကြီးပြီး မြေပြိုနေတဲ့အတွက် ကားလမ်းပြတ်တောက်နေတယ်။”ဆိုတဲ့ သတင်းဆိုပါတော့။ အဲဒီသတင်းကို ပထမဦးဆုံးရရှိလိုက်တဲ့သင်တန်းသားက သူကြားလိုက်ရတဲ့ သတင်းစကားရဲ့အစီအစဉ်နဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး စဉ်းစားပြီးတော့ပြန် လည်ဖြန့်ဝေလိုက်တဲ့အခါမှာ“မြိုင်ကြီးမှာမိုးကြီးမြေပြိုလို့ ကားလမ်းပြတ်နေတယ်။”လို့ ဖြစ်သွားပါတယ်။ နောက်ထပ်တယောက်ကို ထပ်ဆင့်ဖြန့်ဝေလိုက်တဲ့အခါမှာတော့ သတင်းက “မြိုင်ကြီးမှာ မိုးကြီး မြေမြိုလို့ ကားလမ်းဖြတ်ထားတယ်။”လို့ ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ တယောက်ပြီးတယောက် ထပ် ဆင့်ဖြန်ဝေလာပြီးတဲ့အခါမှာတော့ နောက်ဆုံးတယောက်ဆီမှာသတင်းက“ မြိုင်ကြီးမှာမျိုးကြီးတယောက် မြေမြို့လို့ ခြေထောက်ဖြတ်တောက်ခံလိုက် ရတယ်။”ဆိုပြီး ဖြစ်သွားပါတော့တယ်။ အဲဒါဟာ သတင်းစကားရဲ့ပျံ့နှံ့ ပြောင်းလဲသွားနိုင်ခြေကို တက်ရောက်လေ့ လာခဲ့တဲ့ သတင်တန်းမှာကြုံဖူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ဖြန့်ဝေတဲ့ သတင်းစကားဟာ သတင်းလက်ခံပြီး ဖြန့်ဝေသူတွေရဲ့ နား လည်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင်မှု၊ ရိုး သားမှုနဲ့တာဝန်ယူ၊တာဝန်ခံနိုင်မှုအပေါ်မှာမူတည်ပြီးတော့ ဆင့်ကဲပြောင်းလဲသွားနိုင် စေပါတယ်။ မူရင်းသတင်းရဲ့ဆိုလိုရင်း ပျောက်ပြီးတော့ အဆိုးဖက်ကို ပြောင်းလဲသွားစေနိုင်သလို အကောင်းဖက်ကိုလည်း ဦးတ ည်ပြီးလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ မူရင်းဖြန့်ဝေနေသူတွေကိုယ်တိုင်ကိုက အဆိုးဖက်ကို ဦးတည်ထုတ်လွှင့်ဖြန့်ဝေတဲ့သတင်းမျိုးဆိုရင်တော့ ပြောဖွယ်ပင်မရှိတော့ပါဘူး။ပြီးတော့ သတင်းရဲ့ ပျံ့နှံ့နိုင်ခြေဟာလည်း တစက္ကန့်၊ တမိနစ်အတွင်းမှာတင် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားစေနိုင်ပါတယ်။ သတင်းကို လူတယောက်ကလူတယောက်ချင်းစီကိုပဲ ဖြန့်ဝေတယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာတင် ကြီးမားကျ ယ်ပျံ့သွားနိုင်တာ အမှန်ပါပဲ။လူစည်ကားရာနေရာမျိုးတွေမှာ သတင်းကို ဖြန့်ဝေတယ်ဆိုရင်တော့ ပြောဖွယ်ပင် မရှိတော့ပါဘူး။ ဒီနေ့ ကမ္ဘာကြီးဟာ သတင်းနဲ့ နည်းပညာ(IT)ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ စက္ကန့်နဲ့အမျှပြောင်းလဲ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့ နည်းပညာနောက်ကို အမှီလိုက်နေရပါတယ်။နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကမ္ဘာကြီးအတွာက် အကောင်းဖက်ကို ဦးတည်တာတွေရှိသလို ကမ္ဘာကြီးကို နည်းပညာစစ်ပွဲတွေထဲ တဝဲလည်လည် ခြိမ်းခြောက်ခံနေရစေပါတယ်။ အဲဒီလိုပဲ သတင်းရယူနိုင်တဲ့နေရာတွေ၊ ဖြန့်ဖြူးတဲ့နေရာတွေပေါများလာတာကလည်း ကမ္ဘာကြီးအတွက် ဆိုးမွေ ကောင်းမွေတွေ ဒွန်တွဲရှိနေတာပါပဲ။ ဒီခေတ်မှာ သတင်းအယောင်ဆောင်ပြီး ဝါဒဖြန့်ချိနေကြတဲ့ ဆိုက်ဝါး(Psy War) တွေကလည်း အလွန်ပေါများနေပါတယ်။ ဆိုက်ဝါး(Psy War)ဆိုတာက ပြိုင်ဘ က်တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ထုတ်လွှင့်ကြတဲ့ ဝါဒဖြန့်တာတွေဖြစ်ပါတယ်။ ဆိုက်ဝါးတွေကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တချို့နိုင်ငံတော်အစိုးရတွေရဲ့ အာဘော်တွေထိတွေ့ရတတ်ပါတယ်။ ...
Read moreအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံRoscosmos ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ဂြိုဟ်တုလွှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ရုရှား Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီ ဆွေးနွေးမှုအတွင်း အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။ အဲဒီအပြင် ရန်ကုန်မှာရှိတဲ့ အာကာသပြတိုက်ကို အဆင့်မြှင့်တင်ဖို့နဲ့ လူငယ်တွေ အာကာသနည်းပညာ ဗဟုသုတ ရရှိစေဖို့အတွက် ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အာကာသနည်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်မယ့် ကိစ္စရပ်တွေကိုလည်း နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Read moreထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်ရှိ ဟတ်ယောင်းကမ်းခြေမှာ ပြုလုပ်နေတဲ့ ကော်ဘရာဂိုး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်း၊အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကို အပီအပြင် လေ့ကျင့်ခဲ့ကြတာပါ။ စစ်ဆင်ရေးအတွင်း စစ်သင်္ဘောတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ရန်သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်ပြီး ကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့ ပုံစံမျိုးကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းစစ်ဆင်ရေး အစီအစဉ်တွေ ရေးဆွဲတာ၊ ကုန်းတွင်းပိုင်းကို စနစ်တကျ ချဉ်းကပ်တာနဲ့ ဆက်သွယ်ရေး စနစ်တွေကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီကမ်းတက်စစ်ဆင်ရေးဟာ မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရအပြန်အလှန် ယုံကြည်မှုနဲ့ အရေးပေါ်အခြေအနေတွေမှာ အတူတကွ တုံ့ပြန်နိုင်စွမ်းကို ပြသဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကော်ဘရာဂိုးဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။
Read moreထိုင်းတရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရဲ့ အတွင်းရေးမှူးချုပ် Pol.Maj. Suriya Singhakamol ရဲ့ ညွှန်ကြားချက်အရ မယ်ဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးကွန်ရက်တွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB ကထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့ကို ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာပြည်သူတွေက ၁၃၈၆ Hotline ဖုန်းလိုင်းကနေတဆင့် သတင်းပေးတိုင်ကြားချက်တွေကို အခြေခံပြီး မယ်ဆိုင်နဲ့ မယ်ချန်မြို့နယ်တွေအတွင်းက တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း တရားခံတဦးဆီကနေ ဆိုင်ကယ်ထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၄ ပြားကို အရင်တွေ့ရှိခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကို ထပ်ပြီးဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်ဆေးပြား ၁၆၄ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆၈ ပြား သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့အတွက် ဘဏ်စာအုပ် ၆ အုပ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ ဖမ်းမိတဲ့တရားခံကို ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးနေတဲ့ နောက်ထပ်ပါဝင်ပတ်သက်သူတဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တခြားအမှုတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။ ONCB အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး ဘယ်လို မူးယစ်ဆေးဝါးသတင်းမျိုးကိုမဆို ၁၃၈၆ ဖုန်းလိုင်းကနေ ၂၄ နာရီပတ်လုံး သတင်းပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
Read moreမြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ရှမ်းပြည်ကထိခိုက်မှုအများဆုံး ဒေသဖြစ်တယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး ဒီပမာဏဟာ တကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေတာပါ။ အဲဒီ ထိခိုက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပြီး အများစုဟာ ခရီးသွားလာရင်း၊တောတောင်ထဲ အလုပ်လုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း မိုင်းဒဏ်ကို ခံကြရတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ထိခိုက်နစ်နာသူ အများစုဟာ အမျိုးသားတွေဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ ပိုပြီး ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံကမြို့နယ်ပေါင်း ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး ရှမ်းပြည်ဟာ ထိခိုက်မှု စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty) မှာ အခုထိပါဝင်လက်မှတ်ရေးထိုးထားတာမရှိသေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာ ဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊ အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အဲဒီဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှလာရောက်ရောင်းချသူတွေက စျေးကောင်းရနေကြတယ်လို့ ဆိုကြပါတယ်။ "တရက်မှာကြက်အကောင်ရေသုံးဆယ်လောက်ရောင်းချရပါတယ်။လေးသော င်းနဲ့ဝယ်ရင် ဒီမှာလေးသောင်းနှစ်ထော င်ရောင်းတယ်။ငါးသောင်းနဲ့ဝယ်ငါး သောင်းနှစ်ထောင်ရောင်းတယ်။ကြက်တကောင်ကနှစ်ထောင်ပဲအမြတ်ရတ ယ်။ဘူးသီးတောင်က ဆိုက်ကယ်နဲ့လာရတယ်။ဆီစာရိတ်၊ထမင်းနဲ့ကုန်ကျ စာရိတ်ကသုံးသောင်းလောက်ရှိတယ်။တရက်အမြတ်ငွေကတောသုံးသောင်း၊ လေးသောင်းလောက်ရပါတယ်။ကြက်တွေကတော ကျေးရွာတွေမှာလည်ပတ်ပြီးရှာဝယ်ရတယ်။"လို့ ဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှအဒူလာမိန်က Border News Agency ကို ပြောပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒေသတွင်းမွေးမြူရေးတွေနည်းနေသေးသလို ဒေသကြက်တွေလ ည်းနည်းပါးနေသေးတာမို့ တရွာဝင်တရွာထွက်ရှာဖွေဝယ်ယူနေကြရတယ်လို့ကြက်ရောင်းသူတွေက ဆိုကြပါတယ်။ "ကြက်တွေကတော့ ကျေးရွာတွေကိုလည်ပတ်ပြီးဝယ်ရပါတယ်။မိသားစုစားသောက်ဖို့ တရက်မှာနှစ်သောင်းကျော်ကုန်ပါတယ်။သားသမီးသုံးဦးက ငါးနှစ်အထက်မရှိသေးပါဘူး။ငါးနှစ်အောက်သာရှိပါတယ်။"လို့ ဘူးသီးတောင်မြို့နယ်မှကြက်ရောင်းချနေသူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေမွေးမြူရေးတွေပိုမိုလုပ်နိုငိကြဖို့နိုင်ငံတကာအကူ အညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
Read moreHey! Don't Copy my content.