Border News Agency ထားဝယ်၊ ဖေဖော်ဝါရီ ၂၄။ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ စုံစင်ဖျားကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၂ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အရပ်သားပြည်သူတဦးသေဆုံးခဲ့ရပြီး နောက်ထပ်တဦးလည်း ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲဒီကျေးရွာသားတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၄။ ထိုင်း - လာအိုနယ်စပ်လဲယခရိုင်၊ ထားလီမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတွေ ခိုးယူသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက စောင့်ကြည့်စစ်ဆေးနေစဉ်မှာ ဆိုင်ကယ်နဲ့မသင်္ကာဖွယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲဒီမသင်္ကာဖွယ်အမျိုးသားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ သူသယ်လာတဲ့အထုပ်တွေကိုလွှင့်ပစ်ပြီး ဆိုင်ကယ်နဲ့ အရှိန်ပြင်းစွာ မောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက အဲဒီနောက်ကိုထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ လိုလိုက်လံရှာဖွေရာမှာတော့ တရားခံစွန့်ပစ်ခဲ့တဲ့ အထုပ်တွေထဲကနေစိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ အသုံးပြုခဲ့တဲ့ ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ သက်သေအထောက်အထားတွေအရ အသက် ၂၀ အရွယ်ရှိတဲ့တရားခံ အမျိုးသားကိုဖမ်းဆီးရမိထားပြီးဖြစ်ကာ မူးယစ်ဆေးဝါးဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဖုန်းထောင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၄။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ရာ့ချ်မနူးစစ်ကြောင်း ခမရ ၁၄၁၁ တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့က တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲပကျေးရွာအုပ်စု၊ ဝမ်ကောက်ကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေးက တောအုပ်လေးအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဖမ်းဆီးချိန်အတွင်းမှာလည်း ညှဉ်းပန်းနှိပ်စက်မှုမရှိစေရေး ဥပဒေ (P.R.B. Prevention and Suppression of Torture) ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီဆောင်ရွက်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ဆိုပါတယ်။
Read moreBorder News Agency အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၄။ အာဖဂန်နစ္စတန်အရှေ့ဘက်ခြမ်းကို ပါကစ္စတန်တပ်မတော်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီလ၂၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေအရှိန်မြင့်နေချိန်မှာ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၂ ရက်အကူး ညပိုင်းမှာ နန်ဂါဟာပြည်နယ်အတွင်းက ခရိုင်အချို့ကို ထိမှန်ခဲ့တာလို့ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) ကဆိုပါတယ်။ တာလီဘန်အစိုးရဘက်ကလည်း ပက်တီကာပြည်နယ်အပါအဝင် နေရာအတော်များများမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်တွေပါ ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ ပါကစ္စတန်အစိုးရဘက်ကတော့ သူတို့နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ အာဖဂန်မြေပေါ်မှာ အခြေစိုက်တဲ့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒါကြောင့် အာဖဂန်အခြေစိုက်တာလီဘန်နဲ့ အိုင်စစ် (IS) စခန်း ၇ ခုကို သတင်းအချက်အလက်အပေါ် အခြေခံပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့တွေကို အာဖဂန်ကနောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။ အာဖဂန်တာလီဘန်အစိုးရကတော့ သူတို့နယ်မြေကိုအသုံးပြုပြီး တခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့ ခွင့်မပြုကြောင်း အမြဲတမ်းငြင်းဆိုထားပြီး ပါကစ္စတန်ရဲ့ အခုလုပ်ရပ်ဟာ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကန့်ကွက်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွက် သင့်တော်တဲ့အချိန်မှာ ထိုက်တန်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ အာဖဂန် ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူတွေထဲမှာ ကျောင်းသား ၈ ဦးအထိ ပါဝင်နေပြီး ပညာရေးအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လက်ရှိမှာ နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေရပ်တန့်နေပြီး လက်တုံ့ပြန်မှုတွေဆက်တိုက်ဖြစ်လာမှာကို နိုင်ငံတကာကစိုးရိမ်နေကြပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်-မောင်တောလမ်းမှာ ပြန်လည်ပြုပြင်မှုမရှိသေးတာကြောင့် လမ်းတလျှောက် ချိုင့်ခွက်တွေများနေပြီး မိုးမကျမှီပြုပြင်ပေးဖို့ ခရီးသွားတွေကမျှော်လင့်နေကြပါတယ်။ အဲဒီလမ်းဟာ လက်ရှိမှာ ကုန်ကားကြီးတွေ သွားနေရပေမယ့် မိုးတွင်းဆိုရင် လမ်းအခြေအနေကြောင့် ကားကြီးတွေသွားလို့မရတော့ဘဲ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ယာဉ်ငယ်တွေနဲ့ပဲ ခက်ခက်ခဲခဲ သယ်ယူနေကြရတယ်လို့ဆိုကြပါတယ်။ ရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လမ်းတံတားတချို့ ပြုပြင်ပေးနေပေမယ့် ဒီလမ်းပိုင်းမှာတော့ စက်ယန္တရားနဲ့ နည်းပညာလိုအပ်ချက်အပြင် ကုန်ကျစရိတ် များတာကြောင့် မပြင်နိုင်သေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလမ်းဆိုးတာကြောင့် ခရီးကြန့်ကြာရုံတင်မကဘဲ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လာမှာကိုလည်း ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ မိုးတွင်းမှာလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် သက်ဆိုင်ရာက ဒီလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
Read moreထိုင်းကြည်းတပ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဖနာ ကလောင်ပလော့ဒု (Phana Klaewplodtuk) ဟာ အမေရိကန် တပ်မတော် အမှတ် ၁ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သယူး မက်ဖားလိန်း (Matthew McFarlane) ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ကလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အချုပ်အခြာအာဏာကို ကာကွယ်နေတာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမှုအပေါ် ယုံကြည်ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း ထိုင်းစစ်တပ်ဟာ အင်အားသုံးမှုအပေါ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တာကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်တာကို ထောက်ပြပြီး ထိုင်းရဲ့သည်းခံနိုင်မှုနဲ့ သာလွန်တဲ့ ကိုင်တွယ်ပုံတွေကို ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်ရေးပူးပေါင်းမှုအနေနဲ့ Cobra Gold နဲ့ Hanuman Guardian လေ့ကျင့်ခန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြသလို အမေရိကန်က ထိုင်းစစ်တပ်ကို EDA အစီအစဉ်နဲ့ Stryker သံချပ်ကာကား ၁၇ စီးထောက်ပံ့ပေးသွားမှာဖြစ်ပြီး နည်းပညာနဲ့ စစ်ဆင်ရေးပိုင်းတွေကိုပါ ဆက်လက်ကူညီပေးသွားမယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဆိုင်ဘာနဲ့ အာကာသစစ်ပွဲတွေလို ခေတ်သစ်စစ်ဆင်ရေးတွေမှာ နည်းပညာပိုင်း ပေါင်းစပ်ဖို့နဲ့ ဒရုန်းရန်သူတွေကို တားဆီးတဲ့ စနစ်တွေကိုပါ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
Read moreအာရက္ခဒေသက ဂဏန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြတာဟာစျေးကောင်းရနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အရင်တုန်းကဂဏန်းလုံးတကီလိုကိုကျပ်ငါးထောင်မှခုနှစ်ထောင်ထိသာရခဲ့ပေမယ့် ခုတော့ တကီလိုကိုတသောင်းငါးထောင်ကျပ်ထိဈေးကောင်းရနေတာ ပါ။ "အရင်ကဂဏန်းလုံးတကေစီကို မြန်မာကျပ်ငွေငါးထောင်ခြောက်ထောင်ပဲရှိခဲ့တယ်။အခုလက်ရှိမှာတကေစီကိုတသောင်းငါးထောင်အထိဈေးမြင့်တက် နေပါတယ်။"လို့ ဂဏန်းကုန်သည်တဦးက Border News Agency ကိုပြောပါတယ်။ အရင်က ဂဏန်းတွေကို မူဆယ်လမ်း ကြောင်းမှတဆင့် တရုတ်နိုင်ငံကို တိုက် ရိုက်တင်ပို့ခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခကြောင့် လမ်းကြောင်းပြောင်းသွားခဲ့တာပါ။ အဲဒီအပြင် စစ်ကော်မရှင်တပ်က လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ဘင်္ဂလားဒေ့ရှ်သို့သာတင်ပို့နေကြတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။ "ဂဏန်းလုံးတွေ ဈေးထိုးကျလို့ ဝယ်သူ မရှိလို့ ဝင်ငွေမရှိဘဲစားဝတ်နေရေး အ ဆင်မပြေခဲ့တာခြောက်လကျော်ခဲ့ပြီ။အခုမှ ဘင်္ဂလားဘက်က အဝယ်လိုက်လာတယ်။ဝယ်သူရှိရင်ကျွန်တော်တို့ဂဏန်းထောင်ရှာတဲ့သူတွေဝင်ငွေရပြီးအဆင်ပြေကြပါတယ်။"လို့ ဂဏန်းဖမ်းသူတဦးက Border News Agency ကိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဂဏန်းဝယ်ယူနေတာမို့ ဂဏန်းရှာသူတွေများလာသလိုဝ င်ငွေလည်းတိုးလာနေတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားတရားဝင်ကုန်သွယ်ရေးအားကောင်းလာဖို့မျှော်လင့်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreတအာင်းပြည် မန်တုံခရိုင်၊နမ္မတူမြို့မှာ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်တဲ့ တအာင်းဥပဒေအကယ်ဒမီကျောင်း၊အပတ်စဉ် ၂ ရဲ့ ဒီပလိုမာဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီသင်တန်းမှာ တအာင်းလူငယ်တွေအပြင် ကယန်းပြည်က ကျောင်းသား၊ ကျောင်းသူ ၄ ဦး အပါအဝင် စုစုပေါင်း ၅၀ ဦး ဘွဲ့တက်ရောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဗိုလ်ချုပ်တားဘုန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာကို ဆက်လက်လေ့လာဖို့နဲ့ မိမိတို့တာဝန်တွေကို ကိုယ်ကျင့်တရားကောင်းမွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊သင်တန်းဆရာတွေနဲ့အတူ ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read moreတတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို လာမယ့် မတ်လထဲမှာအသီးသီး စတင်ကျင်းပမယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၆ ရက်၊ တနင်္လာနေ့ မနက် ၁၀ နာရီမှာ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။ အဲဒီအပြင် အမျိုးသားလွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ အစည်းအဝေးတွေကိုတော့ မတ်လ ၂၀ ရက်၊သောကြာနေ့မှာ သက်ဆိုင်ရာ လွှတ်တော်တွေအလိုက် တပြိုင်တည်း စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
Read moreအာရက္ခဒေသက ဂဏန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြတာဟာစျေးကောင်းရနေကြပါတယ်။ အရင်တုန်းကဂဏန်းလုံးတကီလိုကိုကျပ်ငါးထောင်မှခုနှစ်ထောင်ထိသာရခဲ့ပေမယ့် ခုတော့ တကီလိုကိုတသောင်းငါးထောင်ကျပ်ထိဈေးကောင်းရနေတာပါ။ အရင်တုန်းက ဂဏန်းတွေကို မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံကို တိုက်ရိုက်တင်ပို့ခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခကြောင့် လမ်းကြောင်းပြောင်းသွားခဲ့တာပါ။ အဲဒီအပြင် စစ်ကော်မရှင်တပ်က လမ်း ပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ဘင်္ဂလားဒေ့ရှ်သို့သာတင်ပို့နေကြတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဂဏန်းဝယ်ယူနေတာမို့ ဂဏန်းရှာသူတွေများလာသလိုဝ င်ငွေလည်းတိုးလာနေတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားတရားဝင်ကုန်သွယ်ရေးအားကောင်းလာဖို့မျှော်လင့်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာအင်းအိုင်မြစ်ချောင်းတွေပေါများသလိုသားငါးပုစွန်တွေလည်းပေါများတာမို့ ဂဏန်းတွေရှာဖွေရတာပိုလွယ်ပိုများတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreHey! Don't Copy my content.