Border News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းက ပြည်သူ့အခြေပြုပညာရေးကျောင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးတာနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေနဲ့အတူ (Game) ကစားတာတွေအပြင် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြတာပါ။ အဲဒီအပြင် လက်ရှိတော်လှန်ရေးခရီးကြမ်းမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အားမလျှော့ဘဲဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း အဖွဲ့ဝင်တွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို အညာဒေသမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁။ အာဆီယံနိုင်ငံအသီးသီးမှ ာသုံးစွဲနေကြတဲ့ အလှကုန်ပစ္စည်းတွေထဲက ကျန်းမာရေးအတွက်အန္တရာယ်ရှိတဲ့ အလှကုန်နှစ်ဆယ့်ကိုးမျိုးကို အသုံးမပြုကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီအလှကုန်တွေဟာ အာဆီယံနိုင်ငံအသီးသီးရဲ့ စစ်ဆေးချက်အရတွေ့ရှိရတာဖြစ်ပြီး မြန်မာနိုင်ငံ FDA မှာ မှတ်တမ်းတင်ထားတာမရှိတဲ့အပြင် ကျန်းမာရေးကိုထိခိုက်စေတဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေတာပါ။ အဲဒီဓာတ်ခွဲစစ်ဆေးချက်တွေအရလည်း အရည်အသွေးကောင်းမွန်မှုမရှိတာကြောင့် အများပြည်သူသုံးစွဲဖို့ မသင့်တော်ဘူးလို့ အသိပေးထားပါတယ်။ ဒီတားမြစ်ဓာတုပစ္စည်းတွေပါတဲ့ အလှကုန်တွေကိုသုံးမိရင် အရေပြားယားယံတာ၊ ရောင်ရမ်းတာနဲ့အဖြူအနီကွက်တွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အရေပြားကတဆင့်ခန္ဓာကိုယ်ထဲ စုပ်ယူမိရင်တော့ ထုံကျင်တာ၊ ကြွက်သားတုန်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေပါခံစားရနိုင်ပြီး ရေရှည်သုံးစွဲရင်ကျောက်ကပ်ပျက်စီးတဲ့အထိ အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အလှကုန်တင်သွင်းဖြန့်ဖြူးသူတွေ၊ ဆိုင်တွေနဲ့ Online Shopping ကနေ ရောင်းချသူတွေအနေနဲ့ ဒီပစ္စည်းတွေကို ဆက်လက်ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့ FDA က သတိပေးထားပါတယ်။ အဲဒီသတိပေးတားမြစ်ချက်တွေကို လိုက်နာမှုမရှိရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၀။ ထိုင်းနိုင်ငံ၊ ချွန်ဘူရီနဲ့ မဟာဆာရာခမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲမဲရလဒ်အပေါ် မသမာမှုရှိနိုင်တယ်လို့ သံသယရှိနေကြပြီး မဲပြန်ရေတွက်ပေးဖို့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေကြပါတယ်။ အဲဒီချွန်ဘူရီပြည်နယ်၊ နယ်မြေ ၁ က မဲရုံတွေမှာ မဲပုံးတွေကိုလုံခြုံရေးကြိုး (Seal) ပိတ်မထားတာအပြင် မဲရေတွက်ရာမှာသုံးတဲ့ စာရွက်စာတမ်းတချို့ကို အမှိုက်ပုံးထဲပစ်ထားတာမျိုးတွေတွေ့ရှိခဲ့ရလို့ ဝေဖန်မှုတွေပြင်းထန်နေတာပါ။ မဟာဆာရာခမ်းပြည်နယ်မှာလည်း ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့ မဲရလဒ်ကိုအတည်ပြုပြီးမှ ပြန်ပြင်ခဲ့တဲ့ဖြစ်စဉ်တခု ရှိခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်း နံပါတ် ၆ က ရရှိထားတဲ့ ၂,၉၃၀ မဲကနေ ၃,၀၇၉ မဲအထိတိုးသွားပြီး၊ နံပါတ် ၅ ကိုယ်စားလှယ်လောင်းကတော့ ၁,၂၀၀ မဲကနေ ၁,၁၉၉ မဲအဖြစ် တစ်မဲလျော့သွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မဲရေတွက်မှုအမှားတွေကို ပြန်စစ်ဆေးဖို့ပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ထားပါတယ်။ အဲဒီအပြင် ပြည်သူ့ပါတီ (People’s Party) ကတော့ နိုင်ငံတစ်ဝှမ်းက မဲမသမာမှုတွေကိုစောင့်ကြည့်ပေးနေတဲ့ ပြည်သူတွေကိုကျေးဇူးတင်ကြောင်းနဲ့ အထောက်အထားရှိရင် ပါတီထံပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲပြန်ရေတွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျမပြောသေးပေမယ့် ချွန်ဘူရီပြည်နယ်က မဲရုံကိစ္စအတွက်အရေးကြီးဆုံးဖြတ်ချက်တခုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီ ညနေပိုင်းမှာ ထုတ်ပြန်လာနိုင်တယ်လို့ သိရပါတယ်။
Read moreBorder News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်က ကပစ ၂၂ မှ ပါရာမော်တာနဲ့ တကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ်အချိန်ခန့်က မကွေးလေတပ်မှ တိုက်လေယာဥ်သုံးစီးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဘုရားပွဲကျင်းပနေချိန်မှာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုနှစ်ကာလတွေမှာ လူစုလူဝေးပြုလုပ်တာတွေ အထူးရှောင်ကြည်ဖို့လိုအပ်ပြီး နောက်ထပ်လည်း အခုဖြစ်စဉ်လိုမျိုး တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အလှူအတန်းတွေ၊ မင်္ဂလာဆောင် ၊ချစ်ကြည်ရေး ဘောလုံးပွဲတွေပြုလုပ်တာတွေ အထူးရှောင်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို လူထုအနေနဲ့မသွားပဲနေသင့်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ အကြံပြုတိုက်တွန်းထားပါတယ်။
Read moreBorder News Agency ထန်တလန်၊ ဖေဖော်ဝါရီ ၁၀။ ချင်းပြည်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီနေ့ နေ့လည်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတလန်ခွါကျေးရွာရှိဘောလုံးကွင်းကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ နေရာတင် လူငါးဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီထဲကျန်တဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် နောက်မှထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တလန်ခွါရွာမှ Ral Iap၊ Thang Ceu၊ Sui Cung၊ Ngun Lian Thawng၊ Cung Cin Thawng နဲ့ Biak Kung တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒီဒဏ်ရာရထားတဲ့ခုနှစ်ဦးထဲမှာ ကလေးငယ်တွေလည်းပါဝင်နေပြီး တချို့ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ စစ်ကော်မရှင်တပ်ဟာ ချင်းပြည်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာနေတာကြောင့် အရပ်သားတွေလည်း နေ့တိုင်းလိုလိုသေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency ချင်း၊ ဖေဖော်ဝါရီ ၁၀။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ မာရနယ်မြေကောင်စီ/မာရကာကွယ်ရေးတပ်ဖွဲ့(MTC/MDF)နဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မဟာမိတ်စိတ်ဓာတ်ထက်ပိုတဲ့ ယုံကြည်မှု၊ နားလည်မှုတွေအပေါ် အခြေခံကာ ရှေ့ဆက်လက်တွဲသွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ULA/AA ဘက်က ဖော်ဖော်ရွေရွေကြိုဆိုဂရုစိုက်ပေးခဲ့မှုအပေါ် MTC/MDF ဘက်က လေးစားကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို၊ အနာဂတ်မှာလည်း ပိုမိုခိုင်မာတဲ့လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေဟာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုလိုတရားဝင်တွေ့ဆုံမှုကနေတဆင့် မိတ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံရေးပိုမိုတိုးတက်လာမယ့် အလားအလာရှိနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency သြစတြေးလျ၊ ဖေဖော်ဝါရီ ၁၀။ ဩစတြေးလျကိုရောက်နေတဲ့ အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ဂ် (Isaac Herzog) ရဲ့ ခရီးစဉ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့က ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကြောင့် ရဲတပ်ဖွဲ့ကလူစုခွဲတာတွေလုပ်ခဲ့ပြီး ဆန္ဒပြသူတချို့ကိုဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ အစ္စရေးသမ္မတဟာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဆစ်ဒနီမြို့မှာဖြစ်ခဲ့တဲ့ လူဆယ့်ငါးဦးသေဆုံးတဲ့ ပစ်ခတ်မှုအတွက် မိသားစုဝင်တွေကို အားပေးဖို့လာရောက်တာပါ။ သမ္မတရဲ့ ခရီးစဉ်တောက်လျှောက် လုံခြုံရေးအထူးတင်းကျပ်ထားပေမယ့် မြို့ကြီးတွေမှာတော့ လူထုရဲ့ကန့်ကွက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆစ်ဒနီ မြို့တော်ခန်းမရင်ပြင်မှာ စုဝေးခဲ့တဲ့ဆန္ဒပြပွဲဟာ နောက်ပိုင်းမှာရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားရင်း ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေတင်မကဘဲ သတင်းရယူနေတဲ့ AFP သတင်းထောက်တွေအပါအဝင် မီဒီယာသမားတွေနဲ့ပါ အခြေအတင်ဖြစ်ခဲ့သလို လူဆယ့်ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ သမ္မတဟာဇော့ဂ်ကတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို သွားရောက်ပြီးလွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမုန်းတရားတွေကိုရင်ဆိုင်ပြီး ဘာသာပေါင်းစုံကြား သံယောဇဉ်ခိုင်မြဲနေဦးမှာဖြစ်သလို ဂျူးဆန့်ကျင်ရေးဝါဒနှိမ်နင်းဖို့ကြိုးစားနေတဲ့ ဩစတြေးလျအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီးစ်ကလည်း သမ္မတရဲ့ခရီးစဉ်မှာ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကို လေးစားမှုရှိဖို့ တိုက်တွန်းထားသလို နယူးဆောက်ဝေးလ် ပြည်နယ်အစိုးရကလည်းဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ တိုးပေးထားပါတယ်။ လက်ရှိမှာတော့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့လယ်မှာ ပါလက်စတိုင်းနယ်မြေကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ဖို့လူအုပ်ကြီးက ဟစ်ကြွေး တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ရှစ်ဦးသေဆုံးသွားတယ်လို့ မြိုင် - ပကဖမှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၉၉ နဲ့ ပျူစောထီးပူးပေါင်းအင်အားသုံးရာခန့်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာအနီးမှာစတင်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အထိအခိုက်သေဆုံးမှုများတာကြောင့် ၁၂၂ ဟောင်ဝှစ်ဇာလက်ကြီးပစ်ကူခြောက်ကြိမ်နဲ့ လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကပစ၂၄ ကိုပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်အင်အား တရာ့ခုနှစ်ဆယ်ခန့်ကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ပေါက်မြို့တောင်ပိုင်း ဆင်ဇာရွာမှပေါက်ချောင်းအောက်စုရွာအထိ အနီးကပ်လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကော်မရှင်ရဲ့ ကပစ၂၄ က ၈၁ မမ လက်ကြီးနဲ့ လေးကြိမ်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်ဘက်မှ ဆယ့်ရှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့တာကြောင့် ပေါက်မြို့ဆေးရုံမှာလူနာတွေများနေပြီး မြို့နေပြည်သူတွေကို ဆေးရုံအတွင်းမဝင်ရလို့ပိတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ခလယ်လွီ၊ ဖေဖော်ဝါရီ ၁၀။ ခလယ်လွီထူခရိုင်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ ခပ်စိပ်စိပ်လုပ်ခဲ့တာလို့ ကရင်အမျိုးသာအစည်းအရုံး - ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမူးမြို့နယ်ဥသစ်ဖြူဆိပ်ရွာကို ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် ဦးဇော်ကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် တလသားအရွယ်ကလေးငယ်တဦးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ အဲဒီ ဆောထိနဲ့လယ်ဒိုမြို့နယ်ဘက်ကိုလည်း တိုက်လေယာဥ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မြေမြုပ်မိုင်းနင်းမိလို့ ကွီးဒိုရွာသား စောလယ်ကပေါ်ဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
Read moreကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ ၇ လကြာ ဖွင့်လှစ်ခဲ့တဲ့ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို ဗဟိုနဲ့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံမိဘပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ သင်တန်းဆင်းသွားတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မိမိတို့နယ်မြေအသီးသီးမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.