သတင်း

​ရှေးဟောင်းဒင်္ဂါးတွေအပ်နှံတဲ့ လူငယ်လေးဦးကို အာရက္ခအစိုးရသိန်းသုံးရာချီးမြှင့်

​မြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ ​အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ ​သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​တွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။

Read more

​သံတွဲကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ​အရပ်သားနှစ်ဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ ​စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

မုံရွာမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ဖေဖော်ဝါရီလ ၇ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊မနက် ၇ နာရီခန့်အချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ နမခမှ ထွက်လာတဲ့စစ်ကြောင်းကို နမခ အနီးမှာတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးထက်သေဆုံးပြီး MA1 တလက်၊ MA11 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးသေဆုံး‎ခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) ၊ Black Falcon ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၃၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် ၅ ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Read more

ရသေ့တောင်မြို့နယ်မှာ အရေပြားရောဂါအတွက် ဆေးဝါးအကူအညီလိုအပ်နေ

​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာ​ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။ အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။ အဲ​ဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။ အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။ “ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။" လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။ ​စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။ ​“ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။  ​အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ​အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

Read more

​ဒူးသထူမှာ စစ်ကော်မရှင်တပ်လကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။

Read more

ဟိန္ဒားရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရ

မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊မနက် ၉ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာဟိန္ဒားကျေးရွာကို ပေါင် ၃၀၀ဗုံးနှစ်လုံးနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဆက်တိုက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

Read more

ICJ ရစ်သမ်နှင့် အက်ကြားအိုဟာမိုနီ – ၄

ဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ် ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။  ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။  ၁။"သွေးခွဲခံရမှု၏သားကောင်" လော၊ "စောင့်ရှောက်သူ" လော။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်"ဂျီနိုဆို က်အားကျူးလွန်သူ"၊"ရန်သူ"ဟု သတ် မှတ်ထားခြင်း"မရှိပေ"။  သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်"အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း"အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။  မြန်မာစစ်တပ်က "ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်" ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ" ပိုမိုပြင်းထန်လာသည်။  ULA/AAက ရိုဟင်ဂျာများအား "ရန်သူ" ဟုမြင်လာအောင်အကွက်ချထားသ ည်။  ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။ ၂။"ထိရောက်သောထိန်းချုပ်သူ" (De Facto Authority) ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။  ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။ နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။ ၃။ မျက်စိအောက်တွင်ထားခြင်း။ ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။  ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်"စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်"လည်း သဘောထားပုံရသည်။  ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။ ...

Read more

​မောင်တောမှာ နီပါးဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေ

​မောင်တောခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကိုပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေက အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပေးနေပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ DLEPS တပ်ဖွဲ့ဝင်တွေ၊ HDCO ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တာဝန်ရှိသူတွေ ပူးပေါင်းပြီး နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတိုက်တွန်း ဖြန့်ဝေပေးနေတာပါ။ အဲဒီရောဂါဟာ ကူးစက်ပြန့်ပွားလာရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ​အဲဒီနီပါးဗိုင်းရပ်စ်ရောဂါကို ကုသဆေး မရှိသေးတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားလို့ ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ အဲ​ဒါကြောင့် ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရပါက အနီးဆုံးကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

​ကလေးခရိုင် PDF တပ်ရင်း ၃ တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား

​Border News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ ​စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို  ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ​တပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး  သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

Read more

စစ်ကော်မရှင်တပ်ဖွဲ့တဦး KNLA တပ်မဟာ ၄ ဆီအလင်းဝင်

​Border News Agency ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။ စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA - 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ​KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Read more
Page 69 of 281 1 68 69 70 281

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here