Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၇။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းမှာ တာဝန်ကျနေတဲ့ တပ်သားစိုင်းဟတ် (ကိုယ်ပိုင်အမှတ် - ပစ-၅၉၆၀၃၂) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ချင်းကာကွယ်ရေးတပ် (CDF-Asho) ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအလင်းဝင်လာသူရဲ့ပြောပြချက်အရ အင်အားငါးရာကျော်ရှိတဲ့ အဲဒီဗျူဟာကုန်းမှာ ရိက္ခာပြတ်လပ်နေပြီး ၁၅ ရက်တခါ လေယာဉ်နဲ့ ချပေးတဲ့ရိက္ခာကိုတောင် တပ်တွင်းမှာဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ဆိုပါတယ်။ အဲဒီတပ်တွင်းမှာ ကော်ဖီသုံးထုပ်ကို တသောင်းကျပ်နဲ့ ဆေးလိပ်တလိပ်ကိုတသောင်းကျပ်အထိ ဈေးနှုန်းတွေအဆမယတန် မြင့်တက်နေတာကြောင့် ရိက္ခာနဲ့ကုန်ဈေးနှုန်းအခက်အခဲတွေ ကြုံနေရတယ်လို့ အလင်းဝင်လာသူက ဆိုပါတယ်။ အောက်ခြေတပ်သားတွေဟာ သူတို့ရတဲ့လစာငွေနဲ့ တပ်တွင်းက ကုန်ဈေးနှုန်းမမျှတတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီအပြင် အထက်အရာရှိတွေက လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာတွေကိုကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီး စီးပွားရှာနေတာတွေ ရှိနေကြတယ်လိုလည်း ဆိုကြပါတယ်။ ဒီလိုမျိုး စားဝတ်နေရေးခက်ခဲမှုတွေအပြင် အထက်လူကြီးတွေရဲ့မတရားမှုကိုပါ ဆက်ပြီးမခံနိုင်တော့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာကြတာဖြစ်ပါတယ်။
Read moreBorder News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၇။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ကသတ်မှတ်ထားတဲ့ အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအရေးပေါ်အခြေအနေ သတ်မှတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုသမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း ဆက်ပြီးသက်တမ်းတိုးလိုက်တာပါ။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်ဆိုပေမယ့် မြန်မာ့အရေးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲလို့ ထရမ့်ကဆိုပါတယ်။ သမ္မတထရမ့်ကတော့ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိလာဖို့အတွက်လည်း ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်ရင်တော့ မြန်မာအပေါ် ဖိအားပေးမှုတွေကို ချိန်ညှိလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီလို သက်တမ်းတိုးဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တွေကလည်း သမ္မတထရမ့်ကို တွန်းအားပေးခဲ့ကြတာပါ။ အဲဒီထဲအထူးသဖြင့် စစ်ကော်မရှင်ရဲ့ ကြိုးဆွဲရာကပြမယ့် အစိုးရအယောင်ဆောင်နဲ့ အမေရိကန်ကပုံမှန်ဆက်ဆံရေး ပြန်လုပ်သွားမှာကို လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။ အဲဒါကြောင့်လည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရုတ်သိမ်းပြီး စစ်တပ်နဲ့ပြန်အဆင်ပြေလာမှာမဟုတ်ဘဲ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေပိုလုပ်သွားမယ်လို့ လွှတ်တော်မှာပြောဆိုထားပါတယ်။
Read moreBorder News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၇။ လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။ တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။
Read moreBorder News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၇။ ကရင်နီပြည်နယ်၊ ဆိုမိုဖေစိုးလေးမြို့နယ်ထဲက ကျေးရွာတရွာမှာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေလို့ လူနာတွေကို Karenni Mobile Health Committee (KnMHC) က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီကျေးရွာမှာရှိတဲ့ အိမ်ထောင်စုခုနှစ်ဆယ်တစု၊ လူဦးရေသုံးရာ့ငါးဆယ်ကိုးဦးထဲကနေ လက်ရှိမှာရောဂါဖြစ်ပွားသူ ဆယ့်ရှစ်ဦးဦးရှိနေတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ အခြေအနေပြင်းထန်တဲ့ လူနာနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ခေါင်းကိုက်တာတွေနဲ့အတူ အရေပြားမှာအဖုအပိမ့်တွေထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တည်လာတာမျိုးတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။ အဲဒီရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်တယ်လို့ဆိုပါတယ်။ KnMHC အဖွဲ့အနေနဲ့ လူနာတွေကို ကိုယ်ပူကျဆေး၊ ယားနာပျောက်ဆေးတွေနဲ့ လိုအပ်ရင်ပိုးသတ်ဆေးတွေ ပံ့ပိုးပေးနေသလို ကျန်းမာရေးအသိပညာပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကျေးရွာထဲကအိမ်ထောင်စုတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေလို့ နီးစပ်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးကူညီနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။
Read moreBorder News Agency ဆော၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။ ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက "မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်" လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆။ အာရက္ခဒေသအတွင်း မြို့နယ်တွေမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေမပြုလုပ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ အာရက္ခဒေသကပြည်သူအချို့ဟာ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကိုဝင်ရောက်ပြီး အမဲလိုက်နေတာလို့ ဆိုပါတယ်။ အဲဒီပြည်သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေနဲ့ ရောင်းချတာတွေပြုလုပ်နေတာကြောင့် အာရက္ခအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းရအောင် တားမြစ်လိုက်တာပါ။ ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ၊ ရောင်းချတာတွေ လုံးဝမပြုလုပ်ရဘူးလို့ ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အာရက္ခဒေသကပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝန်းပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ တိုက်တွန်းထားပါတယ်။
Read moreBorder News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ပဲခူး၊ ဖေဖော်ဝါရီ ၆ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ သကြားစက်အနီးက စစ်ကော်မရှင်ဂိတ်စခန်းတခုကို ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ််။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး သေဆုံးသွားတယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းမှ ထုတ်ပြန်ပါတယ်။ အဲဒီအပြင် MA - 3 တလက်၊ MA - 11 တလက်၊ ကျည်ဘောက်နှစ်ခုနဲ့ ကျည်ဆံအထောင့်လေးဆယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာ၊ ပေါ်တာဆွဲတာတွေလုပ်နေသလို အနီးနားကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က ဆာဂွန်းဂိတ်စခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က "ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်လိုက်တာဟာ စစ်အုပ်စုကိုမျက်နှာချိုသွေးပြီး ဘွဲ့တံဆိပ်နဲ့တံစိုးလက်ဆောင်ပေးတာပဲလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရကသ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ စာသင်ကျောင်းတွေကိုဗုံးကြဲပြီး ကျောင်းသားပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင် ဆင်မြန်းလိုက်တဲ့ ဘွဲ့ဝတ်ရုံနဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲ့နှင်းသဘင်ခန်းမတခုလုံးလည်း သွေးညှီနံ့တွေ လှိုင်နေပြီလို့ ဆိုပါတယ်။ စစ်အုပ်စုခန့် ပညာရေးဝန်ကြီး ချောချောစိန်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တင်မောင်ထွန်းတို့ဟာ သူတို့ရာထူးတည်မြဲဖို့အတွက် ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်ပေးလိုက်တာဖြစ်ပြီး ဒါဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကိုဖော်ပြနေတာလို့ ဆိုပါတယ်။ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်က သက်ဆိုးရှည်နေမှာဖြစ်လို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ အားလုံးနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
Read moreHey! Don't Copy my content.