သတင်း

​ဒူးသထူမှာ စစ်ကော်မရှင်တပ်လကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။

Read more

ဟိန္ဒားရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရ

မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊မနက် ၉ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာဟိန္ဒားကျေးရွာကို ပေါင် ၃၀၀ဗုံးနှစ်လုံးနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဆက်တိုက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

Read more

ICJ ရစ်သမ်နှင့် အက်ကြားအိုဟာမိုနီ – ၄

ဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ် ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။  ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။  ၁။"သွေးခွဲခံရမှု၏သားကောင်" လော၊ "စောင့်ရှောက်သူ" လော။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်"ဂျီနိုဆို က်အားကျူးလွန်သူ"၊"ရန်သူ"ဟု သတ် မှတ်ထားခြင်း"မရှိပေ"။  သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်"အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း"အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။  မြန်မာစစ်တပ်က "ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်" ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ" ပိုမိုပြင်းထန်လာသည်။  ULA/AAက ရိုဟင်ဂျာများအား "ရန်သူ" ဟုမြင်လာအောင်အကွက်ချထားသ ည်။  ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။ ၂။"ထိရောက်သောထိန်းချုပ်သူ" (De Facto Authority) ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။  ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။ နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။ ၃။ မျက်စိအောက်တွင်ထားခြင်း။ ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။  ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်"စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်"လည်း သဘောထားပုံရသည်။  ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။ ...

Read more

​မောင်တောမှာ နီပါးဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေ

​မောင်တောခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကိုပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေက အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပေးနေပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ DLEPS တပ်ဖွဲ့ဝင်တွေ၊ HDCO ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တာဝန်ရှိသူတွေ ပူးပေါင်းပြီး နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတိုက်တွန်း ဖြန့်ဝေပေးနေတာပါ။ အဲဒီရောဂါဟာ ကူးစက်ပြန့်ပွားလာရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ​အဲဒီနီပါးဗိုင်းရပ်စ်ရောဂါကို ကုသဆေး မရှိသေးတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားလို့ ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ အဲ​ဒါကြောင့် ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရပါက အနီးဆုံးကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

​ကလေးခရိုင် PDF တပ်ရင်း ၃ တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား

​Border News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ ​စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို  ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ​တပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး  သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

Read more

စစ်ကော်မရှင်တပ်ဖွဲ့တဦး KNLA တပ်မဟာ ၄ ဆီအလင်းဝင်

​Border News Agency ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။ စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA - 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ​KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Read more

ဝမ်ဟိုင်းရှိ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့မြင်ကွင်း

Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ​၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read more

နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားတဦး CDF-Asho ဆီ အလင်းဝင်

Border News Agency  မကွေး၊​ ဖေဖော်ဝါရီ ၇။ ​မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းမှာ တာဝန်ကျနေတဲ့ တပ်သားစိုင်းဟတ် (ကိုယ်ပိုင်အမှတ် - ပစ-၅၉၆၀၃၂) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ချင်းကာကွယ်ရေးတပ် (CDF-Asho) ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအလင်းဝင်လာသူရဲ့ပြောပြချက်အရ အင်အားငါးရာကျော်ရှိတဲ့ အဲဒီဗျူဟာကုန်းမှာ ရိက္ခာပြတ်လပ်နေပြီး ၁၅ ရက်တခါ လေယာဉ်နဲ့ ချပေးတဲ့ရိက္ခာကိုတောင် တပ်တွင်းမှာဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ဆိုပါတယ်။ ​အဲဒီတပ်တွင်းမှာ ကော်ဖီသုံးထုပ်ကို တသောင်းကျပ်နဲ့ ဆေးလိပ်တလိပ်ကိုတသောင်းကျပ်အထိ ဈေးနှုန်းတွေအဆမယတန် မြင့်တက်နေတာကြောင့် ရိက္ခာနဲ့ကုန်ဈေးနှုန်းအခက်အခဲတွေ ကြုံနေရတယ်လို့ အလင်းဝင်လာသူက ဆိုပါတယ်။ အောက်ခြေတပ်သားတွေဟာ သူတို့ရတဲ့လစာငွေနဲ့ တပ်တွင်းက ကုန်ဈေးနှုန်းမမျှတတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီအပြင် အထက်အရာရှိတွေက လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာတွေကိုကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီး စီးပွားရှာနေတာတွေ ရှိနေကြတယ်လိုလည်း ဆိုကြပါတယ်။ ဒီလိုမျိုး စားဝတ်နေရေးခက်ခဲမှုတွေအပြင် အထက်လူကြီးတွေရဲ့မတရားမှုကိုပါ ဆက်ပြီးမခံနိုင်တော့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာကြတာဖြစ်ပါတယ်။

Read more

​မြန်မာ့အရေးပေါ်အခြေအနေ အမေရိကန်တနှစ်ထပ်တိုး

Border News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၇။ ​မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ကသတ်မှတ်ထားတဲ့ အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအရေးပေါ်အခြေအနေ သတ်မှတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုသမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း ဆက်ပြီးသက်တမ်းတိုးလိုက်တာပါ။  စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်ဆိုပေမယ့် မြန်မာ့အရေးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲလို့ ထရမ့်ကဆိုပါတယ်။ ​သမ္မတထရမ့်ကတော့ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိလာဖို့အတွက်လည်း ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်ရင်တော့ မြန်မာအပေါ် ဖိအားပေးမှုတွေကို ချိန်ညှိလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ​အဲဒီလို သက်တမ်းတိုးဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တွေကလည်း သမ္မတထရမ့်ကို တွန်းအားပေးခဲ့ကြတာပါ။ အဲဒီထဲအထူးသဖြင့် စစ်ကော်မရှင်ရဲ့ ကြိုးဆွဲရာကပြမယ့် အစိုးရအယောင်ဆောင်နဲ့ အမေရိကန်ကပုံမှန်ဆက်ဆံရေး ပြန်လုပ်သွားမှာကို လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။ အဲ​ဒါကြောင့်လည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရုတ်သိမ်းပြီး စစ်တပ်နဲ့ပြန်အဆင်ပြေလာမှာမဟုတ်ဘဲ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအပေါ်  ပိတ်ဆို့မှုတွေပိုလုပ်သွားမယ်လို့ လွှတ်တော်မှာပြောဆိုထားပါတယ်။

Read more

လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး KNU ဆီအလင်းဝင်

Border News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၇။ လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။ တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။

Read more
Page 72 of 283 1 71 72 73 283

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here