သတင်း

​ရှားတောမှာရေကျောက်ရောဂါ ကူးစက်နေလို့ ကျောင်းတွေယာယီပိတ်ထားရ

Border News Agency ​ကရင်နီ၊ ဖေဖော်ဝါရီ ၇။ ​ကရင်နီပြည်နယ်၊ ဆိုမိုဖေစိုးလေးမြို့နယ်ထဲက ကျေးရွာတရွာမှာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေလို့ လူနာတွေကို Karenni Mobile Health Committee (KnMHC) က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ​အဲဒီကျေးရွာမှာရှိတဲ့ အိမ်ထောင်စုခုနှစ်ဆယ်တစု၊ လူဦးရေသုံးရာ့ငါးဆယ်ကိုးဦးထဲကနေ လက်ရှိမှာရောဂါဖြစ်ပွားသူ ဆယ့်ရှစ်ဦးဦးရှိနေတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ အခြေအနေပြင်းထန်တဲ့ လူနာနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ခေါင်းကိုက်တာတွေနဲ့အတူ အရေပြားမှာအဖုအပိမ့်တွေထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တည်လာတာမျိုးတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။ အဲဒီ​ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်တယ်လို့ဆိုပါတယ်။  KnMHC အဖွဲ့အနေနဲ့ လူနာတွေကို ကိုယ်ပူကျဆေး၊ ယားနာပျောက်ဆေးတွေနဲ့ လိုအပ်ရင်ပိုးသတ်ဆေးတွေ ပံ့ပိုးပေးနေသလို ကျန်းမာရေးအသိပညာပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ကျေးရွာထဲကအိမ်ထောင်စုတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေလို့ နီးစပ်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးကူညီနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

Read more

ဆောမြို့နယ် CDM ဝန်ထမ်းကို ပကဖအဖွဲ့ဝင်များရိုက်နှက်ပြီး ရှစ်ရက်ကြာတဲ့အထိ အရေးယူမှုမရှိ

Border News Agency  ဆော၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။ ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။  ​အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက "မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်" လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ 

Read more

အာရက္ခဒေသမှာ တောရိုင်းတိရစ္ဆာန်တွေကိုမဖမ်းဖို့ အာရက္ခအစိုးရတားမြစ်

Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆။ ‎အာရက္ခဒေသအတွင်း မြို့နယ်တွေမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေမပြုလုပ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ အာရက္ခဒေသကပြည်သူအချို့ဟာ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကိုဝင်ရောက်ပြီး အမဲလိုက်နေတာလို့ ဆိုပါတယ်။ အဲဒီပြည်သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေနဲ့ ရောင်းချတာတွေပြုလုပ်နေတာကြောင့် အာရက္ခအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းရအောင် တားမြစ်လိုက်တာပါ။ ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ၊ ရောင်းချတာတွေ လုံးဝမပြုလုပ်ရဘူးလို့ ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ‎အာရက္ခဒေသကပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝန်းပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ တိုက်တွန်းထားပါတယ်။

Read more

​ရခိုင်မှာလွှတ်တော်ပြန်စဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ

Border News Agency ​စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ​ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ​ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ ​အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read more

​ဖြူးမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်ကိုဝင်တိုက်လို့ တပ်ကြပ်ကြီးတဦးသေဆုံး

​Border News Agency  ပဲခူး၊ ဖေဖော်ဝါရီ ၆ ။ ​ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ သကြားစက်အနီးက စစ်ကော်မရှင်ဂိတ်စခန်းတခုကို ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ််။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး သေဆုံးသွားတယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းမှ ထုတ်ပြန်ပါတယ်။  အဲဒီအပြင် MA - 3 တလက်၊ MA - 11 တလက်၊ ကျည်ဘောက်နှစ်ခုနဲ့ ကျည်ဆံအထောင့်လေးဆယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  ​အဲဒီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာ၊ ပေါ်တာဆွဲတာတွေလုပ်နေသလို အနီးနားကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က ဆာဂွန်းဂိတ်စခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်လို့ ဆိုပါတယ်။

Read more

မင်းအောင်လှိုင်ကို ပါရဂူဘွဲ့ပေးတာဟာ ဘွဲ့ကတ်ပြားရောင်းစားတာပဲလို့ ရကသ ရှုတ်ချ

Border News Agency ​ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ ​စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က "ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်လိုက်တာဟာ စစ်အုပ်စုကိုမျက်နှာချိုသွေးပြီး ဘွဲ့တံဆိပ်နဲ့တံစိုးလက်ဆောင်ပေးတာပဲလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရကသ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ​စာသင်ကျောင်းတွေကိုဗုံးကြဲပြီး ကျောင်းသားပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင် ဆင်မြန်းလိုက်တဲ့ ဘွဲ့ဝတ်ရုံနဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲ့နှင်းသဘင်ခန်းမတခုလုံးလည်း သွေးညှီနံ့တွေ လှိုင်နေပြီလို့ ဆိုပါတယ်။ ​စစ်အုပ်စုခန့် ပညာရေးဝန်ကြီး ချောချောစိန်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တင်မောင်ထွန်းတို့ဟာ သူတို့ရာထူးတည်မြဲဖို့အတွက် ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်ပေးလိုက်တာဖြစ်ပြီး ဒါဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကိုဖော်ပြနေတာလို့ ဆိုပါတယ်။ ​စစ်အာဏာရှင်စနစ်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်က သက်ဆိုးရှည်နေမှာဖြစ်လို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ အားလုံးနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Read more

ဖရူဆို – ဘောလခဲ လမ်းမကြီးကို ရက်အကန့်အသတ်မရှိအသုံးမပြုဖို့ KNDF အရေးပေါ်ထုတ်ပြန်

Border News Agency  ​ကရင်နီပြည်၊ ဖေဖော်ဝါရီ ၆ ။ ​ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆို - ဖရူဆို - ထားလဲ - နန်းဖဲ - ဘောလခဲလမ်းမကြီးနဲ့ လမ်းသွယ်အားလုံးကို စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၆ ရက်၊ ဒီနေ့ကစပြီး လုံးဝအသုံးမပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  (KNDF) က အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။ ​စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို - ထားလဲ လမ်းပိုင်းနဲ့ နန်းဖဲရွာဘက်ကို စစ်ကြောင်းထိုးလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ​အဲဒီလို တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ အများပြည်သူသွားလာနေတဲ့လမ်းကြောင်းတွေနဲ့ နီးစပ်နေတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းတွေကို လုံးဝမဖြတ်သန်းကြဖို့ KNDF က အထူးမေတ္တာရပ်ခံထားပါတယ်။ ​ အဲဒီလမ်းပိုင်းတွေကို မြေပြင်စစ်ရေးအခြေအနေအရ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့လည်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

Read more

​ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌအပါအဝင်သုံးဦးကို ရွှေဈေးကစားမှုနဲ့ စစ်ကော်မရှင်တပ်ဖမ်းဆီးထား

Border News Agency ​နေပြည်တော်၊ ဖေဖော်ဝါရီ ၆။ ​ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ​အဲဒီ ဖမ်းဆီးခံရသူတွေကတော့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။ ​သူတို့ဟာ ရွှေဈေးတည်ငြိမ်အောင် ထိန်းသိမ်းရမယ့်တာဝန်ရှိသူတွေဖြစ်ပေမယ့် ကိုယ်တိုင်ကပြင်ပပေါက်ဈေးနဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူသိုလှောင်ပြီး ဈေးကစားခဲ့တယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ ​အဲဒီဦးမျိုးမြင့်က ရွှေ ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းက ရွှေ ၉၇၀ ကျပ်သားနဲ့ ဦးနေမျိုးထက်က ရွှေ ၃၁၉ ကျပ်သားတို့ကို ပြင်ပဈေးနဲ့ဝယ်ပြီး အမြတ်တင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ​သူတို့ ၃ ဦးကို သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမိန့်တွေကို ဖောက်ဖျက်မှုနဲ့ တည်ဆဲဥပဒေအရအရေးယူထားပြီး၊ ကျန်တဲ့ရွှေလုပ်ငန်းရှင်တွေကိုလည်း ညွှန်ကြားချက်အတိုင်းမလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

Read more

​မဲဆောက်ပါကျရင်ဈေးမှာ တရားမဝင်လုပ်သားခြောက်ဦး ဖမ်းဆီးခံရ

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၆။ ​ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝကတပ်ဖွဲ့တွေဦးဆောင်ပြီး ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မဲဆောက်မြို့ကအလုပ်သမားတည်းခိုရာတွေနဲ့ အလုပ်ရုံတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ​အဲဒီစစ်ဆေးမှုကို မဲဆောက်စည်ပင်နယ်နိမိတ်ထဲက ပါကျရင်ဈေး (Pha Charoen Market) နဲ့ အနီးဝန်းကျင်မှာရှိတဲ့ အလုပ်သမားတည်းခိုရာနေရာတွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ​အဲဒီစစ်ဆေးမှုအတွင်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ Passport / CI နဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ရှိ၊ မရှိကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုကွင်းဆင်းစစ်ဆေးပြီးနောက် ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်နေသူ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အလုပ်ရှင်မဟုတ်ဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး​လေးဦး၊ စုစုပေါင်းခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Read more

စစ်မီး‌လျှံတွေကြားက အိမ်ထောင်ဦးစီးအမျိုးသမီးတွေ

ကံ့ကော်နီရေးပါတယ်။ စစ်‌အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ  ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိ‌နေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ  စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ  ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက်  ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံ‌လဲဆိုရင်  ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ  အမျိုးသားကာကွယ်‌ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ  အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊  အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်‌တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်‌နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထား‌‌ပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ  အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ်  တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု ‌မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ်  သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့  ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...

Read more
Page 73 of 283 1 72 73 74 283

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here