နိုင်ငံရေး

​မင်းအောင်လှိုင်ကို ICC သို့ လွှဲပြောင်းနိုင်ရေးဖိလစ်ပိုင်ဦးဆောင်ဖို့ SAC-M တိုက်တွန်း

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုဖမ်းဆီးလွှဲပြောင်းနိုင်ရေး ဦးဆောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်းလိုက်ပါတယ်။ ​အဲဒီ တီမောလက်စတေးနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ဒေသတွင်းငြိမ်းချမ်းရေးအတွက် တာဝန်ယူမှုရှိတဲ့ ဦးဆောင်မှုကို ပြသလာခဲ့တာဟာ အာဆီယံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ SAC-M က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီတာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်တွေမှာ မလေးရှား၊စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့လည်း ပူးပေါင်းပါဝင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ​ဖေဖော်ဝါရီလအစောပိုင်းက တီမောလက်စတေးနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတစ်ဦး ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ အာဆီယံသမိုင်းတလျှောက် အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံအပေါ် ဥပဒေအရ စတင်အရေးယူဖို့ ကြိုးပမ်းတဲ့ ပထမဆုံးသော လုပ်ရပ်လည်း ဖြစ်ပါတယ်။ ​မြန်မာစစ်အုပ်စုဟာ အာဂျင်တီးနားတရားရုံးက အရာရှိ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ထားတာ၊ ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာနဲ့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုတွေအပြင် နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်အုပ်စုကတော့ တီမောလက်စတေး သံအရာရှိကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့ပေမယ့် စစ်တပ်ကြောင့်လူသန်းချီ နေရပ်စွန့်ခွာရမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ ဒေသတွင်း ပြဿနာတွေ ဖြစ်နေပြီလို့ SAC-M က ထောက်ပြထားပါတယ်။ ​စစ်ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီအနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်သလို အာဆီယံရဲ့ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့လည်းဆိုပါတယ်။

Read more

​မြန်မာ-ကမ္ဘောဒီးယား နယ်စပ်ကိစ္စ ထိုင်းစစ်တပ်ရဲ့ကိုင်တွယ်ပုံကို အမေရိကန် ချီးကျူး

​ထိုင်းကြည်းတပ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဖနာ ကလောင်ပလော့ဒု (Phana Klaewplodtuk) ဟာ အမေရိကန် တပ်မတော် အမှတ် ၁ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သယူး မက်ဖားလိန်း (Matthew McFarlane) ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ကလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြပါတယ်။ ​ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အချုပ်အခြာအာဏာကို ကာကွယ်နေတာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမှုအပေါ် ယုံကြည်ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ​အမေရိကန်ဘက်ကလည်း ထိုင်းစစ်တပ်ဟာ အင်အားသုံးမှုအပေါ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တာကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်တာကို ထောက်ပြပြီး ထိုင်းရဲ့သည်းခံနိုင်မှုနဲ့ သာလွန်တဲ့ ကိုင်တွယ်ပုံတွေကို ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။ ​စစ်ရေးပူးပေါင်းမှုအနေနဲ့ Cobra Gold နဲ့ Hanuman Guardian လေ့ကျင့်ခန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြသလို အမေရိကန်က ထိုင်းစစ်တပ်ကို EDA အစီအစဉ်နဲ့ Stryker သံချပ်ကာကား ၁၇ စီးထောက်ပံ့ပေးသွားမှာဖြစ်ပြီး နည်းပညာနဲ့ စစ်ဆင်ရေးပိုင်းတွေကိုပါ ဆက်လက်ကူညီပေးသွားမယ်လို့ဆိုပါတယ်။ ​အဲဒီအပြင် ဆိုင်ဘာနဲ့ အာကာသစစ်ပွဲတွေလို ခေတ်သစ်စစ်ဆင်ရေးတွေမှာ နည်းပညာပိုင်း ပေါင်းစပ်ဖို့နဲ့ ဒရုန်းရန်သူတွေကို တားဆီးတဲ့ စနစ်တွေကိုပါ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Read more

နမ္မတူမြို့မှာတအာင်းဥပဒေအဖွဲ့မှဒီပလိုမာဘွဲ့ပေး

​တအာင်းပြည် မန်တုံခရိုင်၊နမ္မတူမြို့မှာ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်တဲ့ တအာင်းဥပဒေအကယ်ဒမီကျောင်း၊အပတ်စဉ် ၂ ရဲ့ ဒီပလိုမာဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီသင်တန်းမှာ တအာင်းလူငယ်တွေအပြင် ကယန်းပြည်က ကျောင်းသား၊ ကျောင်းသူ ၄ ဦး အပါအဝင် စုစုပေါင်း ၅၀ ဦး ဘွဲ့တက်ရောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ​အခမ်းအနားမှာ ဗိုလ်ချုပ်တားဘုန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာကို ဆက်လက်လေ့လာဖို့နဲ့ မိမိတို့တာဝန်တွေကို ကိုယ်ကျင့်တရားကောင်းမွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊သင်တန်းဆရာတွေနဲ့အတူ ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Read more

တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်မှာစမယ်

​တတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို လာမယ့် မတ်လထဲမှာအသီးသီး စတင်ကျင်းပမယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ ​ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၆ ရက်၊ တနင်္လာနေ့ မနက် ၁၀ နာရီမှာ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။ အဲဒီအပြင် ​အမျိုးသားလွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ​တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ အစည်းအဝေးတွေကိုတော့ မတ်လ ၂၀ ရက်၊သောကြာနေ့မှာ သက်ဆိုင်ရာ လွှတ်တော်တွေအလိုက် တပြိုင်တည်း စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Read more

​အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှာ FMR ကိုရပ်ဆိုင်းပြီး Biometric စနစ်နဲ့စစ်ဆေးမယ်

Border News Agency ​အိန္ဒိယ၊ ဖေဖော်ဝါရီ ၂၃ ။ ​အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာ ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ လွတ်လပ်စွာကူးသန်းသွားလာခွင့် (FMR) စနစ်ကို အပြီးတိုင်ရပ်ဆိုင်းပါတယ်။ အဲဒါကြောင့် နယ်စပ်လုံခြုံရေးအတွက် Biometric နည်းပညာသုံးစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တော့မှာလို့ မဏိပူရ်ပြည်နယ်ရဲ့ဝန်ကြီးချုပ် N. Biren Singh က တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။ အဲဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့ ပြည်ထဲရေးဝန်ကြီးအာမစ်ရှာတို့ ဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ အိန္ဒိယ - မြန်မာနယ်စပ်တလျှောက်မှာ ခြံစည်းရိုးခတ်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးအပြီးသတ်ဖို့ တွန်းအားပေးနေပါတယ်။ ကာလရှည်ကြာစွာ လျစ်လျူရှုခံထားရတဲ့ နယ်စပ်လုံခြုံရေးဟာ အခုအခါမှာတော့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့အဆင့်မှာရှိနေပြီး ခြံစည်းရိုးခတ်တာကြောင့် တရားမဝင်ဝင်ရောက်မှုတွေကို ထိရောက်စွာတားဆီးနိုင်မှာဖြစ်တယ်လို့ အစိုးရကရှုမြင်နေပါတယ်။ FMR စနစ်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် နယ်စပ်ဖြတ်ကျော်မယ့်သူတိုင်းဟာ ပြည်ဝင်ခွင့်ဗီဇာရယူရတော့မှာဖြစ်သလို ဝင်ရောက်လာသူတွေရဲ့ လက်ဗွေနဲ့မျက်နှာသွင်ပြင်ဆိုင်ရာ (Biometric) အချက်အလက်တွေကိုလည်း စနစ်တကျ မှတ်တမ်းတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းဟာ နယ်စပ်ဒေသတွေမှာ ခိုအောင်းနေနိုင်တဲ့ တရားမဝင်ဝင်ရောက်လာသူတွေကို တိတိကျကျစိစစ်ဖော်ထုတ်နိုင်ဖို့အတွက် အဓိကကျတဲ့လုပ်ငန်းစဉ်တခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။  မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တရားမဝင်လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသခံပြည်သူတွေက နယ်စပ်ကိုအသေပိတ်ဖို့နဲ့ စနစ်တကျစောင့်ကြည့်ဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ကြတာပါ။ အခုလို အစိုးရရဲ့လုပ်ဆောင်ချက်ဟာ ဒေသခံမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ နောင်လာနောက်သားတွေရဲ့ အနာဂတ်လုံခြုံရေးကို ကာကွယ်ပေးရာရောက်တယ်လို့ မဏိပူရ်ပြည်သူတွေက ယုံကြည်နေကြပါတယ်။ ​မဏိပူရ်ပြည်သူတွေဟာ ဒီလုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မျှော်လင့်နေကြပြီး အစိုးရအနေနဲ့လည်း တရားမဝင်ဝင်ရောက်လာသူတွေကိုဖော်ထုတ်ကာ ဥပဒေနဲ့အညီအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Read more

ဂိုဏ်းချုပ်အယ်လ်မန်ချို အသတ်ခံရပြီးနောက် မက္ကဆီကိုမှာတိုက်ပွဲတွေပြင်းထန်

Border News Agency  ​မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။ ​မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အဲဒီ​လက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ​CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား  သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။

Read more

ICJရစ်သမ်နှင့်အက်ကြားအိုဟာမိုနီ – နိဂုံး

Border News Agencyမောင်တော၊ဖေဖော်ဝါရီ ၂၃။ ICJ စီရင်ချက်ထွက်လာပြီးနောက် ဘာဖြစ်လာမည်နည်း။ ICJ စီရင်ချက်က ဥပဒေကြောင်းအရ လွမ်းခြုံမှုရှိသည်။သို့သော် ICJ တွင် အရေးယူရန်ရဲတပ်ဖွဲ့မရှိပေ။ သို့သော် ICJ ၏အမိန့်ကို ထိုအမိန့်နှင့်သက်ဆိုင်သော နိုင်ငံတနိုင်ငံက မလိုက်နာပါက...

Read more

CDF-Asho နဲ့ ACDF တို့ ပူးပေါင်းပြီးချင်းအမျိုးသားနေ့ကျင်းပ

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းပြီး CDF-Asho ရဲ့ နောက်တန်းစခန်းတခုမှာဖေဖော်ဝါရီလ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ​အခမ်းအနားမှာ ချင်းအမျိုးသားအလံတော်နဲ့ ကျဆုံးသွားတဲ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခဲ့ကြသလို အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ အဲဒီအပြင် တက်ရောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို CDF-Asho နဲ့ ACDF က ရဲဘော်၊ စစ်မေတွေက ချင်းရိုးရာဝါးညှပ်အကတွေ၊ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြပါတယ်။ ​ဒီပွဲဟာ ချင်းအမျိုးသားရေးကို ရှေးရှုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုကို ပြသဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more

ကိုးကန့်မှာ တရုတ်နှစ်သစ်ကူးပွဲကျင်းပ

​ရှမ်းပြည်မြောက်ပိုင်း၊ တုံချိန်မြို့နယ် အားကစားရုံမှာ ကိုးကန့်တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီလ၂၀ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီအခမ်းအနားကို အထူးဒေသစစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ အားကစားသမားတွေနဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြတာပါ။ အထူးဒေသအတွင်းရှိ ပြည်သူတွေရဲ့ ယဉ်ကျေးမှုဘဝ ကြွယ်ဝလာစေဖို့၊စည်းလုံးညီညွတ်မှု အားကောင်းစေဖို့နဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Read more

သံတွဲနဲ့တောင်ကုတ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA တက်ရောက်ဂုဏ်ပြု

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲနဲ့တောင်ကုတ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီပွဲအတွင်းမှာ ချင်းရိုးရာအကတွေအပြင်ရက္ခိုင်ရိုးရာအကတွေနဲ့ပါစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြတာပါ။ ​ULA/AA ဘက်က တာဝန်ရှိသူတွေက ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားအခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သလို အခမ်းအနားအတွက် ငွေကြေးထောက်ပံ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပြင် အနာဂတ်အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် ညီနောင်လူမျိုးစုတွေအကြား ပိုမိုလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီ ​ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ၊ လွန်ဆွဲပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ချင်းရိုးရာခေါင်ရည်၊အစားအစာတွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို သံတွဲ၊ တောင်ကုတ်တင်မကဘဲ အာရက္ခတပြည်လုံးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ အကြီးကျယ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Read more
Page 32 of 130 1 31 32 33 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here