နိုင်ငံရေး

မင်းပြားမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA က ငွေကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ဂုဏ်ပြု

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မင်းပြားခရိုင်အတွင်းမှာဖေဖော်ဝါရီလ၂၀ ရက်၊မနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲကျင်းပရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တာပါ။ အဲဒီ ​အတွင်းမှာ ချင်း၊သက္ကမ တိုင်းရင်းသားတွေနဲ့အတူ အာရက္ခစစ်သည်တော်တွေက ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စုပေါင်းစည်းလုံးမှုကို ပြသခဲ့ကြပါတယ်။ ​ULA/AA ဘက်ကလည်း ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာဖတ်ကြားခဲ့သလို နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ​ပလက်ဝအပါအဝင် အာရက္ခဒေသအတွင်းက ခရိုင်အသီးသီးမှာချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

Read more

​ပုလောစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ၁၇ ရက်၊မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီပုလောမြို့နယ်၊တောင်ခေါင်းလောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခန့်အကြာမှာပဲ စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သလို တခြား ၃ ဦးကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ထားပါတယ်။  ​အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဆီကနေ ၆၀ မမ ဗုံးသီး ၁၀ လုံး၊အီနာဂါ ၂ လုံးနဲ့ တခြားစစ်အသုံးအဆောင် ဆက်စပ်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီ တပ်စခန်းကိုဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) နဲ့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (TPDGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Read more

စစ်ရေးလေ့ကျင့်ဖို့ အမေရိကန်ရဲ့ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ စစ်လက်နက်တွေ ထိုင်းကိုရောက်ရှိ

​အာရှ - ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် အမေရိကန်တပ်မတော်ရဲ့ ခေတ်မီတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ကိရိယာတွေဟာ ဖေဖော်ဝါရီလ၂၀ ရက်၊ မနေ့က ထိုင်းနိုင်ငံ၊ ဆာတာဟစ်ရေတပ်အခြေစိုက်စခန်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ အခုရောက်ရှိလာတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်တွေနဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီအပြင် စစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ ဆက်သွယ်ရေးကိရိယာ အမြောက်အများကိုလည်း ဆာတာဟစ်ဆိပ်ကမ်းမှာ ချမှတ်ခဲ့ပြီးနောက်၊သတ်မှတ်ထားတဲ့ စစ်ရေးလေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်သွားမယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ​ဒီနှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအပြင် တခြားမဟာမိတ်နိုင်ငံပေါင်းစုံက စစ်သည်တော်တွေလည်း ပါဝင်တက်ရောက်ကြမယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီးတခုလည်း ဖြစ်ပါတယ်။ ​အဲဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေသာမက လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Read more

ဗိုလ်နဂါးရဲ့BNRA အဖွဲ့ဝင် ၅ ဦး လက်နက်တွေနဲ့အတူ စစ်ကော်မရှင်ဆီအလင်းဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်ဦး (BNRA) အဖွဲ့က ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီအလင်းဝင်လာသူတွေထဲမှာ BNRA ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊တတိယတာဝန်ခံတဦးနဲ့ အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်နက်မျိုးစုံ ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတခုထံ လာရောက်ဆက်သွယ်ခဲ့ကြတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး (ခ) နိုင်လင်း အလင်းဝင်သွားပြီးနောက်ပိုင်း အခုလို ထပ်မံဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင် ၅ ဦးကို နယ်မြေခံတပ်ဌာနချုပ်က တာဝန်ရှိသူတွေက လက်ခံထားပြီး လိုအပ်တဲ့ စိစစ်မှုတွေနဲ့ ထောက်ပံ့မှုတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

Read more

မကွေးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်နဲ့အတူ YRA ထီးလင်းဆီ အလင်းဝင်

Border News Agency မကွေး၊ ဖေဖော်ဝါရီ ၂၀။ ​မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့ ပြည့်ဝအမြောက်တပ် အမတ - ၃၇၁ က တပ်သားတဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်တပ်ရင်းတခုဖြစ်တဲ့ ထီးလင်း YRA ပြည်သူ့တော်လှန်ရေးတပ်ရင်းထံ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီတပ်သား သန့်ဇင်အောင်ဟာ သူနဲ့အတူ MA-1 သေနတ် တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်ဆန် ၇၀ ကိုပါ ယူဆောင်လာခဲ့တာပါ။ ​တပ်သားသန့်ဇင်အောင်ဟာ အလင်းဝင်ဖို့အတွက်တော်လှန်ရေးအဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်ထားတာမျိုးမရှိဘဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တပ်ကနေစတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ကြိုတင်ချိတ်ဆက်မှု မရှိတာကြောင့် လမ်းခရီးမှာ ၅ ရက်ကြာ အခက်အခဲတွေကြားက ဖြတ်သန်းခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ပိုင်းမှာမှ YRA ထီးလင်းအဖွဲ့ရဲ့ တပ်စခန်းတခုကိုရောက်ရှိပြီး အလင်းဝင်နိုင်ခဲ့တာလို့ဆိုပါတယ်။

Read more

တောင်ကိုရီးယား သမ္မတဟောင်းယွန်းဆော့ယောကို အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

Border News Agency တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။ ​တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။ အဲဒီ ​ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲ​ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး "ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်" လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ​ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Read more

WHO ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ့ဆုံ

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲ​ဒီတွေ့ဆုံမှုအတွင်းမှာတော့ Dr. Thushara Fernando ရဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း WHO နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင်ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ​WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ဟာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Read more

ဗိုလ်နဂါးနဲ့BNRA အဖွဲ့ဝင်တွေရဲ့ရာဇဝတ်မှု ၇ ခုအတွက် အရေးယူဆောင်ရွက်ခဲ့တယ်လို့ NUG ထုတ်ပြန်

​၁ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အပါအဝင် အဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ဗိုလ်နဂါးနဲ့အဖွဲ့ဟာ မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့လူသတ်အလောင်းဖျောက်မှု၊ PDF ရဲဘော်တွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို နှိပ်စက်မှုနဲ့ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိမ်းကျင့်မှုအပါအဝင် အမှုပေါင်း ၇ ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ​ဒီလို ရာဇဝတ်မှုတွေကို ပြည်သူ့ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးနိုင်ဖို့ ကျူးလွန်သူတွေကို လွှဲပြောင်းပေးဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ​ဒါကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖမ်းဆီးထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ရာမှာ BNRA အဖွဲ့ဝင်အချို့က ပြန်လည်ခုခံခဲ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး၊ BNRA အဖွဲ့ဝင်အချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဟာ PDF နဲ့ ပကဖ တွေထံကို ချိတ်ဆက်အဖမ်းခံတာ၊ လာရောက်ပူးပေါင်းတာနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်နေကြပြီလို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ​အဲဒီဗိုလ်နဂါးနဲ့အဖွဲ့ရဲ့ ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်နေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲထုတ်ပြန်ချက်တွေကိုလည်း လိုအပ်သလို ဆက်လက် ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ ​အဲဒီဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာလက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်နယ်မြေခံလုံခြုံရေးတပ်စခန်းတခုဆီသို့ ဖေဖော်ဝါရီလ ၁၇ ရက်၊ညနေ၄နာရီ ၅၀ မိနစ်မှာအလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ၁၈ လတာတာဝန်ပြီးဆုံး ဝန်ကြီးချုပ်သစ်နဲ့ တာဝန်လွှဲပြောင်းနှုတ်ဆက်

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၈။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ တာဝန်ယူခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ တရားဝင်အသိပေးလာပါတယ်။ ကြားဖြတ်အစိုးရ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်ရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ၁၈ လတာ ခရီးစဉ်အတွင်း ဝန်းရံကူညီပေးခဲ့ကြတဲ့ပြည်သူတစ်ရပ်လုံးကို အထူးပဲကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အခုအခါမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံထားရတဲ့ မစ္စတာတာရက်ခ်ရာမန်က ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ နှုတ်ထွက်တော့မယ့် အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်တို့ဟာ အပြန်အလှန်နှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး နိုင်ငံ့တာဝန်တွေကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ကြပါတယ်။ ​ကြားဖြတ်အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေဟာလည်း အခုဆိုရင်ဝန်ဆောင်မှုတွေ ရပ်နားတော့မှာဖြစ်ပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ​ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အပြောင်းအလဲသစ်တခုဖြစ်ပြီး ကြားဖြတ်အစိုးရလက်ထက်ကနေ ရွေးကောက်ခံအစိုးရသစ်လက်ထက်ကို ကူးပြောင်းနိုင်ခဲ့တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ်အဖြစ် တာရစ်ရာမန် ကျမ်းသစ္စာကျိန်ဆို

Border News Agency ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ BNP ပါတီဥက္ကဌ မစ္စတာတာရစ်ရာမန်ဟာ ဒီနေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ ​ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဒါကာမြို့ရှိ လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။ ​အဲဒီအခမ်းအနားမှာ ဝန်ကြီးချုပ်သစ်နဲ့အတူ BNP ပါတီကနေရွေးချယ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်သစ်တွေကလည်း နိုင်ငံ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသီးသီးကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

Read more
Page 33 of 130 1 32 33 34 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here