ကေအဲန်ယူ-တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသံထောင်မြို့နယ်၊ဖိုးဝါးချောင်းကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ထို့ဘိုကြီးစခန်းကနေ လက်နက်ကြီးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ် ဦးရဲ့မိခင် အသက်သုံးဆယ်ရှစ်နှစ်အရွယ် နော်နီကမွီး ဟာလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာရှိဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲလူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထား ပစ်ခတ်နေတာကြောင့် အခုလို အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း" ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက "လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး" ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Read moreအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အဖွဲ့ထံဆက်သွယ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ကချင်ပြည်၊တနိုင်းမြို့နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးနဲ့ ရှမ်းပြည်၊ဖယ်ခုံမြို့နယ်ကနှစ်ဦးတို့ဟာဖေဖော်ဝါရီလ၁ ရက်နေ့ကသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း မွန်ပြည်၊ကျိုက်ထိုမြို့နယ်ကနှစ်ဦး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အံဒီအလင်းဝင်လာသူတွေနဲ့အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေပါရှိလာပြီး လက်ရှိမှာ အဲဒီလက်နက်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ဆိုပါတယ်။ အဲဒီအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ရဲ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ပူးပေါင်းတာ ဒါမှမဟုတ် မိဘတွေဆီ ပြန်ပို့ပေးတာတွေကိုတာဝန်ရှိသူတွေက အကောင်းဆုံးစီစဉ်ပေးနေတယ်လို့ဆိုပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ဖေဖော်ဝါရီလ ၇ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊မနက် ၇ နာရီခန့်အချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ နမခမှ ထွက်လာတဲ့စစ်ကြောင်းကို နမခ အနီးမှာတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးထက်သေဆုံးပြီး MA1 တလက်၊ MA11 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) ၊ Black Falcon ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၃၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် ၅ ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Read moreကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။
Read moreမြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊မနက် ၉ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာဟိန္ဒားကျေးရွာကို ပေါင် ၃၀၀ဗုံးနှစ်လုံးနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဆက်တိုက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
Read moreဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ် ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။ ၁။"သွေးခွဲခံရမှု၏သားကောင်" လော၊ "စောင့်ရှောက်သူ" လော။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်"ဂျီနိုဆို က်အားကျူးလွန်သူ"၊"ရန်သူ"ဟု သတ် မှတ်ထားခြင်း"မရှိပေ"။ သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်"အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း"အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။ မြန်မာစစ်တပ်က "ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်" ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ" ပိုမိုပြင်းထန်လာသည်။ ULA/AAက ရိုဟင်ဂျာများအား "ရန်သူ" ဟုမြင်လာအောင်အကွက်ချထားသ ည်။ ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။ ၂။"ထိရောက်သောထိန်းချုပ်သူ" (De Facto Authority) ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။ ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။ နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။ ၃။ မျက်စိအောက်တွင်ထားခြင်း။ ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။ ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်"စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်"လည်း သဘောထားပုံရသည်။ ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။ ...
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၇။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းမှာ တာဝန်ကျနေတဲ့ တပ်သားစိုင်းဟတ် (ကိုယ်ပိုင်အမှတ် - ပစ-၅၉၆၀၃၂) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ချင်းကာကွယ်ရေးတပ် (CDF-Asho) ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအလင်းဝင်လာသူရဲ့ပြောပြချက်အရ အင်အားငါးရာကျော်ရှိတဲ့ အဲဒီဗျူဟာကုန်းမှာ ရိက္ခာပြတ်လပ်နေပြီး ၁၅ ရက်တခါ လေယာဉ်နဲ့ ချပေးတဲ့ရိက္ခာကိုတောင် တပ်တွင်းမှာဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ဆိုပါတယ်။ အဲဒီတပ်တွင်းမှာ ကော်ဖီသုံးထုပ်ကို တသောင်းကျပ်နဲ့ ဆေးလိပ်တလိပ်ကိုတသောင်းကျပ်အထိ ဈေးနှုန်းတွေအဆမယတန် မြင့်တက်နေတာကြောင့် ရိက္ခာနဲ့ကုန်ဈေးနှုန်းအခက်အခဲတွေ ကြုံနေရတယ်လို့ အလင်းဝင်လာသူက ဆိုပါတယ်။ အောက်ခြေတပ်သားတွေဟာ သူတို့ရတဲ့လစာငွေနဲ့ တပ်တွင်းက ကုန်ဈေးနှုန်းမမျှတတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီအပြင် အထက်အရာရှိတွေက လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာတွေကိုကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီး စီးပွားရှာနေတာတွေ ရှိနေကြတယ်လိုလည်း ဆိုကြပါတယ်။ ဒီလိုမျိုး စားဝတ်နေရေးခက်ခဲမှုတွေအပြင် အထက်လူကြီးတွေရဲ့မတရားမှုကိုပါ ဆက်ပြီးမခံနိုင်တော့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာကြတာဖြစ်ပါတယ်။
Read moreBorder News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၇။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ကသတ်မှတ်ထားတဲ့ အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအရေးပေါ်အခြေအနေ သတ်မှတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုသမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း ဆက်ပြီးသက်တမ်းတိုးလိုက်တာပါ။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်ဆိုပေမယ့် မြန်မာ့အရေးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲလို့ ထရမ့်ကဆိုပါတယ်။ သမ္မတထရမ့်ကတော့ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိလာဖို့အတွက်လည်း ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်ရင်တော့ မြန်မာအပေါ် ဖိအားပေးမှုတွေကို ချိန်ညှိလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီလို သက်တမ်းတိုးဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တွေကလည်း သမ္မတထရမ့်ကို တွန်းအားပေးခဲ့ကြတာပါ။ အဲဒီထဲအထူးသဖြင့် စစ်ကော်မရှင်ရဲ့ ကြိုးဆွဲရာကပြမယ့် အစိုးရအယောင်ဆောင်နဲ့ အမေရိကန်ကပုံမှန်ဆက်ဆံရေး ပြန်လုပ်သွားမှာကို လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။ အဲဒါကြောင့်လည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရုတ်သိမ်းပြီး စစ်တပ်နဲ့ပြန်အဆင်ပြေလာမှာမဟုတ်ဘဲ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေပိုလုပ်သွားမယ်လို့ လွှတ်တော်မှာပြောဆိုထားပါတယ်။
Read moreHey! Don't Copy my content.