Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၄။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ကို ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကနေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံစဉ်အတွင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ အောင်မြင်ခဲ့ကြောင်းနဲ့ လာမယ့်မတ်လတတိယပတ်အတွင်းမှာ လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကလည်း မြန်မာနိုင်ငံမှာအခက်အခဲတွေကြားက ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို အသိအမှတ်ပြုကြောင်းနဲ့ ရုရှားသမ္မတ ပူတင်ကပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာကို လာရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရုရှားအပါအဝင် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေတက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ့် ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနှစ်နိုင်ငံကြား Cyber security နဲ့ Information security ဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် စီးပွားရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အာကာသနည်းပညာနဲ့ ပညာရေးကဏ္ဍတွေမှာပါ ပူးပေါင်းဆော င်ရွက်မှုတွေတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
Read moreနိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပြင်ဆင်တဲ့ဥပဒေကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ အဲဒီပြင်ဆင်ချက်ဟာ နေအိမ်သို့ ဝင်ရောက်ရှာဖွေတာ၊ ပစ္စည်းသိမ်းဆည်းတာ သို့မဟုတ် လူပုဂ္ဂိုလ်ကိုရှာဖွေဖမ်းဆီးဆောင်ရွက်ရာမှာအနည်းဆုံး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသို့မဟုတ် တာဝန်ခံနှစ်ဦးနဲ့အတူဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အဲဒီအပြင်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ချက်ရှိပါက ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ နောက်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်အရ ဆောင်ရွက်ရသူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်းတစုံတရာ မရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။ အဲဒီအပြင် နိုင်ငံတော်သမ္မတသို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီကိစ္စရပ်တွေကို ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီပြင်ဆင်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်တာလို့ဆိုပါတယ်။ အဲဒီဥပဒေပြင်ဆင်ချက်ဟာထုတ်ပြန်တဲ့နေ့မှစပြီး အာဏာတည်မှာဖြစ်သလို နိုင်ငံတော်အခြေအနေအရ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေဖို့ ဆောင်ရွက်တာလို့လည်းဆိုပါတယ်။
Read more၂၀၂၅ ခုနှစ်အတွင်း အပိုင်းလိုက်ခွဲခြားကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ အဲဒီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၇၃၉ ဦးနဲ့ အများဆုံး အနိုင်ရရှိထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ဦးနဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၃၉ ဦးစီ အသီးသီး အနိုင်ရရှိထားပါတယ်။ အဲဒီထဲနိုင်ငံရေးပါတီတွေဖြစ်တဲ့ ပြည်သူ့ပါတီက ၃၀ ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀ ဦးနဲ့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁၈ ဦးတို့လည်း လွှတ်တော်အသီးသီးအတွက် ရွေးကောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦးနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၇ ဦးဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲပြီး မဲဆန္ဒနယ်ပေါင်း ၆၈၈ နယ်မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။ အဲဒီအပြင် ဇိုမီးအမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် အခြားသော တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။ အဲဒါဟာ FPTP နဲ့ PR စနစ်နှစ်မျိုးစလုံးကို အသုံးပြုပြီး မဲဆန္ဒနယ်အလိုက် ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးအတည်ပြုစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တာဖြစ်ပါတယ်။
Read moreအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ်လက်မှတ်ရေးထိုးပြီး "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေဟာ နိုင်ငံတော်သမ္မတကို လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒိီကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ပုဂ္ဂိုလ် ငါးဦးထက်မနည်းနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုလည်း သမ္မတကပဲတိုက်ရိုက်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကောင်စီဝင်တွေရဲ့ သက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းဖြစ်ပြီး၊သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေကိုတော့ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ တိုင်းပြည်သာယာဝပြောရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ဒီဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ "ရာမ" အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင် ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agencyတီမော၊ ဖေဖော်ဝါရီ ၃။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။ အဲဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို...
Read moreBorder News Agenyရုရှား၊ ဖေဖော်ဝါရီ ၃။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီလက်မှတ်ကို နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး...
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၃။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်တခုမှာဖေဖော်ဝါရီလ ၂ ရက်၊ မနေ့က ဘွဲ့နှင်းသဘင်နဲ့ဆုပေးပွဲအခမ်းအနားကို စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဘာသာရေးစာမေးပွဲတွေနဲ့ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်သင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘွဲ့လက်မှတ်တွေနဲ့...
Read moreBorder News Agencyဖားကန့်၊ ဖေဖော်ဝါရီ ၂။ ကချင်ပြည်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၂ ရက်၊ ဒီနေ့မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးတဦးဒဏ်ရာရသွားပါတယ်။ အဲဒီစာသင်ကျောင်း KG တန်းကို လက်နက်ကိုကျရောက်ပေါက်ကွဲခဲ့တာမို့ ကလေးငယ်ထိခိုက်ဒဏ်ရာရသွားတာပါ။ အဲဒီဖားကန့်မြို့နယ်ရှိ...
Read moreBorder News Agencyလန်ဒန်၊ ဖေဖော်ဝါရီ ၂။ လန်ဒန်မြို့ပါလီမန်ရှေ့မှာ ဖေဖော်ဝါရီ ၁ရက်၊ မနေ့ကကျရောက်တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့်ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ယူကေမှာရှိနေတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၆၀၀ ခန့် လာရောက်ပူးပေါင်းခဲ့ကြတာပါ။ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့...
Read moreHey! Don't Copy my content.