Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
Read moreပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနကနေ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုအားကောင်းလာစေဖို့အတွက် တပ်ရင်းသစ် ၃ရင်းကို တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအသစ်တိုးချဲ့အတည်ပြုလိုက်တဲ့ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၀၂ တပ်ရင်း - KANBAUK DEFENCE FORCE၊ အမှတ် ၈၀၀၃ တပ်ရင်းနဲ့ အမှတ် ၉၉၂၅ တပ်ရင်း - RANGOON WARRIORS PDF တို့ဖြစ်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ ပြင်ဆင်လိုက်တာပါ။ အထူးတိုင်းစစ်ဌာန ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်နဲ့ အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်အတိုင်း PDF ရဲ့ ကွပ်ကဲမှုအောက်မှာ COC နှစ်ရပ်နဲ့အညီ စနစ်တကျ စုဖွဲ့လေ့ကျင့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အရင်ကလည်း ရန်ကုန်၊ပဲခူးနဲ့ မွန် ပကဖ အဖွဲ့တွေကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းခဲ့သလို၊အမှတ် ၈၀၀၁ တပ်ရင်းနဲ့ အမှတ် ၁၈၁၉ ဒရုန်းတပ်ဖွဲ့ကိုလည်း တရားဝင် ကွပ်ကဲမှုအောက်မှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အထူးတိုင်းစစ်ဌာန အောက်မှာနည်းဗျူဟာ ၅ခု၊တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနဲ့ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
Read moreခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရပြီးနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက ဖေဖော်ဝါရီလ ၂၅ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီမူးမြို့နယ် ငနွားဆိပ်ကျေးရွာထဲကိုဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီအပြင် လယ်ဒိုမြို့နယ်ဘက်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကညင်ကျွန်းရွာက အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သလို၊ သမိန်အင်းကုန်းကျေးရွာက နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပါတယ်။ နောက်ပြီးကျောက်တံခါးဘက်ကနေ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဖျံတလင်းကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အခုလို စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။
Read moreပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တည်ထောင်တာ ဒီနေ့ဆိုရင် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ အားကောင်းမောင်းသန်နဲ့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ MDY-PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ "အထူးလှုပ်ရှားတပ်မ" အဖြစ် တော်လှန်ရေးတာဝန်တွေကို...
Read moreစစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မြို့အနောက်ဘက်ထွက်ရှိ ပြည်သူ့နေအိမ်တွေနဲ့ ဆန်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။ အဲဒီခင်ဦးဆေးရုံမှာ တပ်စွဲထားတဲ့ ဗိုလ်ကျော်ကိုကိုဦး ဦးဆောင်တဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ ခန့်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်၊ညနေ ၆ နာရီအချိန်ခန့်ကခင်ဦး-ရေဦး လမ်းတလျှောက်ရှိ ပြည်သူ့နေအိမ် ၅ လုံး၊ဆိုင်ခန်း ၂ လုံးနဲ့ ဆန်စက်အကြီး ၂ လုံး၊ စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲဒီမီးရှို့အဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူတွေကို မီးရှို့ကိုကို လို့ ခြိမ်းခြောက်လေ့ရှိတဲ့ စစ်ကော်မရှင်တပ် ဗိုလ်ကျော်ကိုကိုဦး သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်၊နေ့လည် ၁ နာရီအချိန် မြို့တောယင်သုသာန်မီးရှို့သင်္ဂြိုဟ်မှာဖြစ်ပြီးစစ်ကော်မရှင်တပ် ဆီက MA-1 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်စာရင်းတွေအရ သိရပါတယ်။ အဲဒီ ယိုးငူကျေးရွာဖေဖော်ဝါရီလ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး၊ဒဏ်ရာရသူတွေများပြားခဲ့တာပါ။ အဲဒီ အသက် ၃၁ နှစ်အရွယ်ဒေါ်စိုးစိုးနွယ်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း၊အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု၊ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စင်မာအေး၊ အသက် ၁၄ နှစ်အရွယ် မစိုးသဇင်မိုး၊ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ်၊ အသက် ၇၀ နှစ်အရွယ် ဒေါ်မဗုစိန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ်နဲ့ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးမြတင်၊အသက်ခုနှစ်နှစ်အရွယ်ဒေါ်မညို၊အသက် ၄၄ နှစ်အရွယ် ဒေါ်ဇင်မာအေး တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒိီအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်နုနု၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း၊ အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၇ နှစ်အရွယ် မသွယ်သွယ်ဖြိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခိုင်စိုးဝေ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သောင်းမြစိန်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးသိန်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်မချေကြီး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးသိန်းမြနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်မရွှေသန်း ဒဏ်ရာရသွားခဲ့ကြတာပါ။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊စျေးတွေ၊စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency ခင်ဦး၊ ဖေဖော်ဝါရီ ၂၅။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ့နေအိမ်တွေကိုလိုက်မီးရှို့နေတဲ့ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ဗိုလ်တဦးသေဆုံးကာ လက်နက်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီခင်ဦးဆေးရုံကနေထွက်လာတဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ လောက်ဟာ ခင်ဦး - ရေဦး လမ်းတလျှောက်က အိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ဆန်စက်တွေကိုအကြောင်းမဲ့ လိုက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ကို မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နာရီပိုင်းအကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ မီးရှို့ကိုကို လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဗိုလ်ကျော်ကိုကိုဦးသေဆုံးသွားပြီး နောက်ထပ်စစ်သားတဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့နေ့လယ်ပိုင်းမှာပဲ ခင်ဦးသုသာန်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။ တိုက်ပွဲအပြီးမှာ တော်လှန်ရေးအဖွဲ့တွေဘက်က MA - 1 သေနတ်တလက် သိမ်းဆည်းရရှိခဲ့ပြီး ပကဖ ရဲဘော်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခင်ဦးနယ်ထဲမှာ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြရပြီး ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ခုခံစစ်တွေဆက်လုပ်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်လို့သေဆုံး၊ ဒဏ်ရာရရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအသက် ၁၃ နှစ်အရွယ် မောင်ပြည့်ငြိမ်းစိုး၊ အသက် ၁၄ နှစ်အရွယ် မမိုးသဇင်၊ အသက် ၇ နှစ်အရွယ် မမျိုးသက်နွယ် နဲ့ အသက် ၁၃ နှစ်အရွယ် မအိမြတ်ဝေ တို့ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း နဲ့ အသက် ၇ နှစ်နှစ်အရွယ်မသွယ်သွယ်ဖြိုး တို့ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊ စျေးတွေ၊ စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။
Read moreHey! Don't Copy my content.