အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
Read moreAir KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
Read moreBorder News Agency နောင်ချို၊ ဖေဖော်ဝါရီ ၁၃။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြံခုတ်နေတဲ့ ဒေသခံအမျိုးသမီးတွေ ကြိုးမိုင်းနင်းမိပြီး ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ အဲဒီနောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးက ကြံခင်းတခုမှာ ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီအချိန်ခန့်က ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲလို့ အသက် ၈ နှစ်အရွယ် မယွန်းဝတီအပါအဝင်အသက် ၂၇ နှစ်ကနေ ၄၃ နှစ်ကြားရှိတဲ့ အမျိုးသမီး ၄ ဦး မိုင်းစထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲကတဦးဟာ ညာဘက်ခြေသလုံး အရိုးထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသနေရပြီး ကျန်တဲ့သူတွေကတော့ အပြင်ပိုင်းဒဏ်ရာတွေရသွားတာလို့ ဆိုပါတယ်။ အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
Read moreBorder News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃ ။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့မြောက်ဦးမြို့တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်က ဝေသာလီဟိုတယ်အနီးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တော်မြို့မှာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို၊ မြောက်ဦးမြို့မှာလည်း ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှအသက် ၂၃ နှစ်အရွယ် ဦးဆန်းဝင်းနဲ့ အသက် ၃၁ နှစ်အရွယ် ကိုညီချေတို့လည်းသေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် ပိုက်သည်ရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၅၃ နှစ်အရွယ်ဒေါ်အေးနုတို့ သေဆုံးသွားခဲ့ပါတယ်။ မြောက်ဦးမြို့မှာလည်း စစ်တွေ၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာကြတဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကိုအောင်လင်းစိုး၊ ဒေါ်သန္ဒာစိုးနဲ့ သူတို့ရဲ့ ၃ လသားအရွယ်သားမောင်အောင်လင်းဟိန်းတို့ သေဆုံးသွားခဲ့ရတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်လိုက်နေတာကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၉ နာရီခွဲအချိန်က စစ်ကော်မရှင်တပ် တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ ဘုတ္ထန်းကျေးရွာကအသက် ၃၇နှစ်အရွယ်အမျိုးသားတဦး သေဆုံးခဲ့ရပြီး ပြည်သူပိုင်နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီအပြင် နေအိမ် ၁၀ လုံးကတော့ ဗုံးဒဏ်ကြောင့်လုံးဝပျက်စီးသွားခဲ့သလို တခြားနေအိမ် ၁၆လုံးလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားခဲ့တာကြောင့် စုစုပေါင်း အိမ်ခြေ ၂၉လုံးအထိ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read moreကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ကျိုက်ထိုမြို့နယ်ကိုစစ်ကော် မရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေကြရပါတယ်။ အဲဒီအပြင် ပြည်သူပိုင်နေအိမ်တွေ ဖောက်ထွင်းခံနေရပြီးအိမ်အသုံးအ ဆောင်ပစ္စည်းတွေနဲ့အတူ ဆိုင်ကယ် ကိုး စီးကို အတင်းအဓမ္မသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လက်နက်ကြီး၊လက်နက်င ယ်ပစ်ခတ်မှုလို့ အရပ်သားလေးဦးသေ ဆုံးပြီးသုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမြို့နယ်ရှိ ကျေးရွာဆယ်ကိုးရွာမှ ပြည်သူ ၁၂၉၃၀ ကျော်ထွက်ပြေးနေကြရတာပါ။ အဲဒီညောင်ထောက်ရွာမှပြည်သူပိုင်နေ အိမ်တွေဖောက်ထွင်းပြီးအိမ်အသုံးအ ဆောင်ပစ္စည်းတွေ၊ဆိုင်ကယ် ခြောက်စီးကို သိမ်းယူခဲ့ပြီးနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အလူးကြီးရွာမှအိမ်အသုံး အဆောင်ပစ္စည်းတွေ၊ဆိုင်ကယ်သုံးစီး ၊လက်ကိုင်ဖုန်းလေးလုံး၊ပါဝါဘတ်သုံးလုံးနဲ့ငွေသားငါးသိန်းကျပ်ကို အဓမ္မ သိ မ်းဆည်းယူသွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဘေးရှောင်တွေအတွက် အရေးပေါ် နေရာထိုင်ခင်း၊စားနပ်ရိက္ခာ၊ဆေး ဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
Read moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်း မလာဘူးဆိုရင် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ထိခိုက်စေလိမ့်မယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး သတိပေးလိုက်တာပါ။ စစ်ခေါင်းဆောင်က နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာဟာ တိုင်းပြည်အတွက် နစ်နာမှုတွေပဲ ရှိမှာဖြစ်လို့ NCA ပါအချက်အလက်တွေနဲ့အညီ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ တကျော့ပြန် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့တိုင်းရင်းသားအဖွဲ့အစည်းအချို့ကတော့ စစ်ကော်မရှင်တပ်ရဲ့ NCA စကားဟာ ဟန်ပြသက်သက်သာဖြစ်ပြီး လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာကို ထောက်ပြဝေဖန်နေကြပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့နေပြီးလမ်းတံတားတွေ ပျက်စီးနေတာဟာ အကြမ်းဖက်မှုတွေကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပေမယ့် ပြည်သူတွေကတော့ ဒါဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးဗျူဟာတွေကြောင့်ဖြစ်ပြီး လူမှုစီးပွားဘဝတွေ လုံးဝပျက်စီးနေရပြီလို့ တုံ့ပြန်နေကြတာပါ။ နိုင်ငံတကာကလည်း စစ်ကော်မရှင်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်နေတာကြောင့် NCA ဟာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက် မဟုတ်တော့ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဲဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုကလည်း စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးကတည်းက NCA ရဲ့ အနှစ်သာရတွေ ပျက်စီးသွားပြီလို့ ယူဆထားကြပါတယ်။ အဲဒါကြောင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆိုရင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းဖို့ကသာ ပထမဦးစားပေးဖြစ်တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.