ခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရပြီးနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက ဖေဖော်ဝါရီလ ၂၅ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီမူးမြို့နယ် ငနွားဆိပ်ကျေးရွာထဲကိုဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီအပြင် လယ်ဒိုမြို့နယ်ဘက်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကညင်ကျွန်းရွာက အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သလို၊ သမိန်အင်းကုန်းကျေးရွာက နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပါတယ်။ နောက်ပြီးကျောက်တံခါးဘက်ကနေ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဖျံတလင်းကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အခုလို စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။
Read moreမောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ဒေသကနေ အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဆန်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။ အာရက္ခ-ဘင်္ဂလားနယ်စပ် ဒုံးညို၊ ကျောက်လုံးနဲ့ ပျာရည်ရွာတွေကနေ ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၇၀ (လူဦးရေ ၆၇၅ ဦး) ဟာ လက်ရှိမှာ သစ်တုံးနားခွဆုံ၊ သုပဏ္ဏကနဲ့ ရွှေတိုင်ရွာစတဲ့ နေရာတွေမှာ ခိုလှုံနေကြတာပါ။ အဲဒီလို ခိုလှုံနေသူတွေကို ပါတီတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆန်ရိက္ခာ၊ ခြင်ထောင်တွေနဲ့ ဆေးကုသမှုတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြိုလူမျိုးစုတွေဟာ အခုလိုဘေးလွတ်ရာကို တိမ်းရှောင်လာရတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သူတို့တွေ ပြန်လည်အခြေချနိုင်အောင် ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မြို့အနောက်ဘက်ထွက်ရှိ ပြည်သူ့နေအိမ်တွေနဲ့ ဆန်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။ အဲဒီခင်ဦးဆေးရုံမှာ တပ်စွဲထားတဲ့ ဗိုလ်ကျော်ကိုကိုဦး ဦးဆောင်တဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ ခန့်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်၊ညနေ ၆ နာရီအချိန်ခန့်ကခင်ဦး-ရေဦး လမ်းတလျှောက်ရှိ ပြည်သူ့နေအိမ် ၅ လုံး၊ဆိုင်ခန်း ၂ လုံးနဲ့ ဆန်စက်အကြီး ၂ လုံး၊ စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲဒီမီးရှို့အဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူတွေကို မီးရှို့ကိုကို လို့ ခြိမ်းခြောက်လေ့ရှိတဲ့ စစ်ကော်မရှင်တပ် ဗိုလ်ကျော်ကိုကိုဦး သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်၊နေ့လည် ၁ နာရီအချိန် မြို့တောယင်သုသာန်မီးရှို့သင်္ဂြိုဟ်မှာဖြစ်ပြီးစစ်ကော်မရှင်တပ် ဆီက MA-1 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လဝကနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အထောက်အထားမဲ့ တရုတ်နိုင်ငံသားတဦးနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်သူ (Overstay) အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီမဲဆောက်မြို့၊ သာ့ဆိုင်လော့ဒ်ကျေးရွာရှိ လဝကရုံးအနီးမှာ မနေ့ နေ့လည် ၂ နာရီအချိန်ခန့်က အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသားတဦးကို နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ တာ့ခ်ခရိုင်လဝကရုံးရှေ့မှာတင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၄၀၀ ဝန်းကျင်အထိ ကြာမြင့်စွာ ဆက်လက်နေထိုင်နေကြတဲ့ အသက် ၂၀ မှ ၂၇ နှစ်ကြားရှိ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ၂၀၂၂ ခုနှစ်၊ နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေးအက်ဥပဒေ (P.R.B.) ပုဒ်မ ၂၂ နဲ့အညီ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးနောက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ဆိုပါတယ်။
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။
Read moreမဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနေ့ကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ မဲဆောက်မြို့၊ မယ်ပအုပ်စုထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုဖေဖော်ဝါရီဘ ၂၄ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က တာ့ခ်ခရိုင် လဝကအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလုပ်ငန်းခွင်ဟာ ဝပ်စန်တီသမ်ဘုရားကျောင်းအနီးမှာ ရှိပြီး အိမ်နံပါတ်မရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လည်း မရှိဘဲ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု နဲ့ လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။ အဲဒိီဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သူတို့ကို မဲဆောက်မြို့မရဲစခန်းကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်း အခြေအနေတွေကြောင့် အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ ခပ်စိပ်စိပ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
Read moreထိုင်းတပ်မတော်က ဦးဆောင်ကျင်းပတဲ့ ၄၅ ကြိမ်မြောက် Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊မနက်ပိုင်းမှာ ရယောင်းခရိုင်ရှိ အူတာပေါင်းလေဆိပ်မှာကျင်းပခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်ကထုတ်ပြန်ထားပါတယ်။ အဲဒီအခမ်းအနားကို ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ် ဘွန်တာနွန်နဲ့ အမေရိကန်သံအမတ်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ အခုနှစ်မှာတော့ နိုင်ငံပေါင်း ၃၀ က စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး အကြီးစားလေ့ကျင့်မှုတွေလုပ်မယ့် (Heavy Year) လည်း ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရ အသင့်ဖြစ်နေဖို့နဲ့ ဒေသတွင်း တည်ငြိမ်လုံခြုံရေးအတွက် စုပေါင်းအားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာပါ။ အဲဒီထဲ ကြည်း၊ရေ၊ လေ စစ်ဆင်ရေးတွေတင်မကဘဲ အာကာသစစ်ဆင်ရေးနဲ့ ဆိုက်ဘာ (Cyber) ကဏ္ဍတွေကိုပါ အပြည့်အဝ ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဝေဟင်ဓာတ်ပုံခွဲခြမ်းစိတ်ဖြာတာနဲ့ အချက်ပြထောက်လှမ်းရေးလို နည်းပညာမြင့်စနစ်တွေကိုပါ တိုးမြှင့်လေ့ကျင့်သွားမယ်လို့လည်းဆိုပါတယ်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လေ့ကျင့်ခန်းမှာလည်း ထိုင်းမင်းသမီးရဲ့ အချစ်တော်ခွေးလေး “Mi-6” ပါဝင်တဲ့ K9 ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သရုပ်ပြခဲ့ကြပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေမတ်လ ၆ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒါဟာ အာရှတိုက်ရဲ့ အကြီးဆုံးနဲ့ သမိုင်းအရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကြီးတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။
Read moreထိုင်း-ကမ္ဘောဒီးယားနယ်စပ် ရှေ့တန်းတလျှောက်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်းဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေ အပြင်းအထန် ပျက်စီးသွားခဲ့ရတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှိ ထိုင်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေ ပိတ်ဆို့ဖို့အတွက် ရည်ရွယ်ပြီး မီးရှို့ခဲ့ရာကနေ စတင်ခဲ့တာလို့ ဆိုကြပါတယ်။ အဲဒီလို မီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန် အများအပြားဟာ မီးဘေးကနေ မလွတ်ဘဲ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒီ မီးတောက်တွေဟာ အရှိန်အဟုန်နဲ့ ကူးစက်မြန်တာကြောင့် တိရစ္ဆာန်လေးတွေဟာ ဘေးလွတ်ရာကို ပြေးနိုင်ဖို့ အခွင့်အရေး မရခဲ့ကြဘူးလို့သိရပါတယ်။ တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးတောက်တွေကြားထဲမှာတင် အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသလိုတချို့မှာလည်း မီးခိုးမွှန်ပြီးထွက်ပြေးဖို့ ကြိုးစားရင်း လမ်းမှာတင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
Read moreကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ငအုပ်ရွာအနီးက ယာယီစခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့က စစ်ကော်မရှင်တပ် ဆူဆိုဒ်ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ်အဖိုးအို ဦးမောင်နုစိန်နဲ့ ဦးမောင်ခင်ထွန်းမှာ ဗုံးစထိမှန်ပြီးပြင်းထန်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ၅ မိနစ်ခြားစီ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာကြောက်လန့်တကြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ အဲဒီအပြင် ပုဏ္ဏားကျွန်း၊ယိုးငူရွာဈေးနဲ့ ကျောင်းကို စစ်ကော်မရှင်တပ်ကလကြောင်းတိုက်ခိုက်လို့ကလေးတွေအပါအဝင် ၁၇ ဦး သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ရက်၊နေ့လည်၂နာရီ ၇မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုးငူကျေးရွာမှာ ဈေးရောင်း၊ဈေးဝယ်နေကြတဲ့ ပြည်သူတွေသေဆုံးဒဏ်ရာရသွားခဲ့ပြီး လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီယိုးငူရွာမှ အရပ်သားပြည်သူ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှု အသေးစိတ်ကိုထပ်မံတင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
Read moreHey! Don't Copy my content.