ဓာတ်ပုံသတင်း

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ရက်၊နေ့လည်၂နာရီ ၇မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုးငူကျေးရွာမှာ ဈေးရောင်း၊ဈေးဝယ်နေကြတဲ့ ပြည်သူတွေသေဆုံးဒဏ်ရာရသွားခဲ့ပြီး လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီယိုးငူရွာမှ အရပ်သားပြည်သူ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှု အသေးစိတ်ကိုထပ်မံတင်ပြပေးသွားမယ်လို့  အာရက္ခတပ်တော်ဆိုပါတယ်။

Read more

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃၀ ကျော်သေဆုံး

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးသွားပြီးဒဏ်ရာရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

Read more

​မြန်မာနိုင်ငံမှ လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေစစ်ဆေး

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၄။ ​မြန်မာနိုင်ငံဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်း - မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက်ပိုင်းမှာ လက်ခံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီလိုလက်ခံရာမှာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့၊ သာ့ဆဲလော့ဒ်ကျေးရွာရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားရဲ့ဆိုက်ရောက်ခန်းမမှာ စောင့်ကြိုလက်ခံခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ ပြန်လည်လွှဲပြောင်းလာသူတွေကို ထိုင်းအာဏာပိုင်တွေက ကိုယ်ရေးအချက်အလက်တွေကောက်ယူတာ၊ ဇီဝအချက်အလက် (Identity) စစ်ဆေးတာတွေအပြင် စောင့်ကြည့်လူစာရင်း (Watchlist) ထဲမှာပါဝင်တာ ရှိ၊ မရှိကိုပါ သေသေချာချာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေဟာ လူကုန်ကူးခံရသူတွေဟုတ်၊ မဟုတ်နဲ့ပတ်သက်ပြီး အမျိုးသားအဆင့်ကာကွယ်စောင့်ရှောက်ရေး ယန္တရား (NRM) အရ သက်ဆိုင်ရာဌာနစုံအဖွဲ့ဝင်တွေကပါ အသေးစိတ်စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

Read more

ချင်းမိုင်မှာ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်းနဲ့အတူ တရားခံတဦးကိုဖမ်းဆီးရမိ

​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၄။ ​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲအေးမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း (၁,၆၀၀,၀၀၀ ပြား) ကို သယ်ဆောင်လာတဲ့ကားတစီးနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ (ဖာမိူင်းတပ်ဖွဲ့) က ဖေဖော်ဝါရီလ ၂၄ ရက် ၊ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောင်းကျေးရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၄ နာရီခွဲအချိန်ခန့်က ကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာပစ်ကပ်ကားတစီးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီကားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ ရပ်တန့်တာမရှိဘဲ အရှိန်ပြင်းစွာမောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ဆို့ခဲ့ရပြီး၊ မောင်းပြေးတဲ့ကားဟာ လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုတိုက်မိကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ​အဲဒီတိမ်းမှောက်သွားတဲ့ ကားအတွင်းကို ဝင်ရောက်စစ်ဆေးရာမှာတော့ ကားနောက်ခန်းထဲမှာ သယ်ဆောင်လာတဲ့ ဆာလာအိတ် ၈ အိတ်အတွင်းကနေ စိတ်ကြွဆေးပြားစုစုပေါင်း ၁,၆၀၀,၀၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကားမောင်းသူ အသက် ၂၆ အရွယ်ရှိအမျိုးသားကို ဖမ်းဆီးရမိထားပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲအေးရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ် သိရပါတယ်။

Read more

ရှမ်းပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးဖမ်းဆီးခံရ

​Border News Agency လဲချား၊ ဖေဖော်ဝါရီ ၂၃။ ​ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ အွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။  အဲဒီလဲချားမြို့နယ်၊ နောင်လုံကျေးရွာအနီးရှိ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မသင်္ကာဖွယ်အဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးရာမှာ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးနဲ့အတူ STARLINK ဗန်း ၂ ခုအပါအဝင် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီနောက် နယ်မြေအတွင်းဆက်လက်စစ်ဆေးရာမှာ တပ်မောကကျေးရွာအနီးမှာ နောက်ထပ်တရုတ်နိုင်ငံသား ၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်း ၂၅ ဦးအထိ ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာတရုတ်နိုင်ငံကနေ We Chat ကတဆင့် အလုပ်ကောင်းရမယ်ဆိုပြီးစည်းရုံးခံရကာ မိုင်းလား၊ ပန်ဆန်းနဲ့ မိုင်းရယ်မြို့တွေကနေတဆင့် တရားမဝင်ဝင်ရောက်လာခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီ တရုတ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းကတည်းက လဲချားမြို့နယ်အတွင်းကို ရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို ဥပဒေအရအရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Read more

​ထိုင်း – လာအိုနယ်စပ်မှာ စိတ်ကြွဆေးပြားတသောင်းကျော်နဲ့ တရားခံတဦးကိုဖမ်းဆီး

​Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၄။ ​ထိုင်း - လာအိုနယ်စပ်လဲယခရိုင်၊ ထားလီမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ ​အဲဒီနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတွေ ခိုးယူသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက စောင့်ကြည့်စစ်ဆေးနေစဉ်မှာ ဆိုင်ကယ်နဲ့မသင်္ကာဖွယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ ​အဲဒီမသင်္ကာဖွယ်အမျိုးသားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ သူသယ်လာတဲ့အထုပ်တွေကိုလွှင့်ပစ်ပြီး ဆိုင်ကယ်နဲ့ အရှိန်ပြင်းစွာ မောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက အဲဒီနောက်ကိုထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီ လိုလိုက်လံရှာဖွေရာမှာတော့ တရားခံစွန့်ပစ်ခဲ့တဲ့ အထုပ်တွေထဲကနေစိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ အသုံးပြုခဲ့တဲ့ ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီ သက်သေအထောက်အထားတွေအရ အသက် ၂၀ အရွယ်ရှိတဲ့တရားခံ အမျိုးသားကိုဖမ်းဆီးရမိထားပြီးဖြစ်ကာ မူးယစ်ဆေးဝါးဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဖုန်းထောင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့  သိရပါတယ်။

Read more

​ထိုင်းမှာ မြန်မာနိုင်ငံသို့ခိုးထုတ်မယ့် ကား ၂ စီးဖမ်းခံရ 

​Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၄။ ​ထိုင်းမှာ မြန်မာနိုင်ငံဘက်သို့ခိုးထုတ်မယ့် ကား ၂ စီးကို ဖာမိူင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီ ဖာမှိုင်းတပ်ဖွဲ့ဟာ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်း ကင်းလှည့်စစ်ဆေးနေချိန်မှာ သံသယဖြစ်ဖွယ်အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကား ၂ စီးကို လိုက်လံတားဆီးရာကနေ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။  အဲဒီ စစ်ဆေးရေးဂိတ်ကိုမရပ်ဘဲ မောင်းပြေးတဲ့ကား ၂ စီးနောက်ကို တပ်ဖွဲ့ဝင်တွေကထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်ပြီး နယ်စပ်နဲ့နီးတဲ့ ဖာဟီးကျေးရွာအနီးမှာမှ တရားခံတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကားတွေကို မယ်ဆိုင်မြို့ပေါ်ကနေ ယူဆောင်လာတာဖြစ်ပြီး နယ်စပ်ကဖာဟီးကျေးရွာကားပါကင်မှာ ခေတ္တရပ်နားကာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ခိုးထုတ်ဖို့ စီစဉ်ထားတာလို့ ဖမ်းဆီးရမိသူတွေကထွက်ဆိုထားပါတယ်။ အဲ​ဒီလို ကားတွေကို နယ်စပ်ကျော်ပြီးပို့ဆောင်ပေးဖို့အတွက် တဦးကိုထိုင်းဘတ်ငွေ ၅,၀၀၀ စီနဲ့ ငှားရမ်းခိုင်းစေခံရတာ ဖြစ်တယ်လို့လည်း ဖမ်းဆီးရမိတဲ့ တရားခံတွေက ဝန်ခံပြောဆိုထားကြပါတယ်။ ​အဲဒီ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့အတူ သက်သေခံကားတွေကို ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မယ်ဆိုင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ ဆိုပါတယ်။

Read more

​ဘူးသီးတောင်-မောင်တောလမ်းမိုးရာသီမရောက်မှီ ပြုပြင်ဖို့လိုအပ်နေ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်-မောင်တောလမ်းမှာ ပြန်လည်ပြုပြင်မှုမရှိသေးတာကြောင့် လမ်းတလျှောက် ချိုင့်ခွက်တွေများနေပြီး မိုးမကျမှီပြုပြင်ပေးဖို့ ခရီးသွားတွေကမျှော်လင့်နေကြပါတယ်။ အဲဒီလမ်းဟာ လက်ရှိမှာ ကုန်ကားကြီးတွေ သွားနေရပေမယ့် မိုးတွင်းဆိုရင် လမ်းအခြေအနေကြောင့် ကားကြီးတွေသွားလို့မရတော့ဘဲ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ယာဉ်ငယ်တွေနဲ့ပဲ ခက်ခက်ခဲခဲ သယ်ယူနေကြရတယ်လို့ဆိုကြပါတယ်။ ရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လမ်းတံတားတချို့ ပြုပြင်ပေးနေပေမယ့် ဒီလမ်းပိုင်းမှာတော့ စက်ယန္တရားနဲ့ နည်းပညာလိုအပ်ချက်အပြင် ကုန်ကျစရိတ် များတာကြောင့် မပြင်နိုင်သေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလမ်းဆိုးတာကြောင့် ခရီးကြန့်ကြာရုံတင်မကဘဲ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လာမှာကိုလည်း ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ မိုးတွင်းမှာလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် သက်ဆိုင်ရာက ဒီလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

Read more

​မြန်မာ-ကမ္ဘောဒီးယား နယ်စပ်ကိစ္စ ထိုင်းစစ်တပ်ရဲ့ကိုင်တွယ်ပုံကို အမေရိကန် ချီးကျူး

​ထိုင်းကြည်းတပ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဖနာ ကလောင်ပလော့ဒု (Phana Klaewplodtuk) ဟာ အမေရိကန် တပ်မတော် အမှတ် ၁ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သယူး မက်ဖားလိန်း (Matthew McFarlane) ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ကလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြပါတယ်။ ​ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အချုပ်အခြာအာဏာကို ကာကွယ်နေတာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမှုအပေါ် ယုံကြည်ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ​အမေရိကန်ဘက်ကလည်း ထိုင်းစစ်တပ်ဟာ အင်အားသုံးမှုအပေါ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တာကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်တာကို ထောက်ပြပြီး ထိုင်းရဲ့သည်းခံနိုင်မှုနဲ့ သာလွန်တဲ့ ကိုင်တွယ်ပုံတွေကို ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။ ​စစ်ရေးပူးပေါင်းမှုအနေနဲ့ Cobra Gold နဲ့ Hanuman Guardian လေ့ကျင့်ခန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြသလို အမေရိကန်က ထိုင်းစစ်တပ်ကို EDA အစီအစဉ်နဲ့ Stryker သံချပ်ကာကား ၁၇ စီးထောက်ပံ့ပေးသွားမှာဖြစ်ပြီး နည်းပညာနဲ့ စစ်ဆင်ရေးပိုင်းတွေကိုပါ ဆက်လက်ကူညီပေးသွားမယ်လို့ဆိုပါတယ်။ ​အဲဒီအပြင် ဆိုင်ဘာနဲ့ အာကာသစစ်ပွဲတွေလို ခေတ်သစ်စစ်ဆင်ရေးတွေမှာ နည်းပညာပိုင်း ပေါင်းစပ်ဖို့နဲ့ ဒရုန်းရန်သူတွေကို တားဆီးတဲ့ စနစ်တွေကိုပါ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Read more

နမ္မတူမြို့မှာတအာင်းဥပဒေအဖွဲ့မှဒီပလိုမာဘွဲ့ပေး

​တအာင်းပြည် မန်တုံခရိုင်၊နမ္မတူမြို့မှာ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်တဲ့ တအာင်းဥပဒေအကယ်ဒမီကျောင်း၊အပတ်စဉ် ၂ ရဲ့ ဒီပလိုမာဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီသင်တန်းမှာ တအာင်းလူငယ်တွေအပြင် ကယန်းပြည်က ကျောင်းသား၊ ကျောင်းသူ ၄ ဦး အပါအဝင် စုစုပေါင်း ၅၀ ဦး ဘွဲ့တက်ရောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ​အခမ်းအနားမှာ ဗိုလ်ချုပ်တားဘုန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာကို ဆက်လက်လေ့လာဖို့နဲ့ မိမိတို့တာဝန်တွေကို ကိုယ်ကျင့်တရားကောင်းမွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊သင်တန်းဆရာတွေနဲ့အတူ ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Read more
Page 19 of 104 1 18 19 20 104

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here