ဓာတ်ပုံသတင်း

ကယ်ဆယ်ကူညီရေးတွေ အရေးပေါ်လို အပ်နေတဲ့မန္တလေး

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်မန္တလေးမြို့နေရာအများစုပျက်စီးသွားခဲ့ပါတယ်။ အဲဒီမန္တလေးမြို့နေရာအများစုမှာ ပိတ်မိနေသေးတဲ့ပြည်သူအများအပြားရှိနေသေးတာမို့ ကယ်ဆယ်ကူညီရေးတွေအရေးပေါ်လိုအပ်နေသေးတယ်လို့ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုငလျင်ကြောင့် ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ရဟန်းသံဃာ တော်တွေအပါအဝင်လူပေါင်များစွာသေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက် အအုံတွေလည်း အများအပြားရှိပျက် စီးသွားခဲ့ပါတယ်။ အဲဒါကြောင့် မန္တလေးတိုင်း၊...

Read more

တောင်ငူမြို့ကပြည်သူတွေလမ်းပေါ်မှာအဆင်ပြေသလို အိပ်နေကြ

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်၊ ဒီနေ့အင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် တောင်ငူမြို့မှပြည်သူတွေဟာ ကားလမ်းတွေ၊ ကားတွေပေါ်မှာအဆင်ပြေသလို အိပ်နေကြရပါတယ်။ အဲဒီလိုငလျင်ကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ရဟန်းသံဃာတော်တွေ သေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက်အအုံတွေလည်း အများအပြားရှိပျက်စီးသွားခဲ့ပါတယ်။ အဲဒါကြောင့်...

Read more

စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအခမ်းအနားပြုလုပ်

စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်အဖွဲ့ဟာ စစ်တွေမြို့မှာအခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ပါတီပြန်လည်ထူ​ထောင်တဲ့ ၃နှစ်​မြောက်နှစ်ပတ်လည်​နေ့ အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရ NCA - SEAO၊ ပြည်နယ်တာဝန်ရှိလူကြီးတွေ၊ နိုင်ငံ​ရေးပါတီတွေက ခေါင်​ဆောင်တွေကို ဖိတ်ကြားကာ လူငါးရာခန့်နဲ့ မတ်လ ၅...

Read more

စစ်တွေမြို့မြင်ကွင်းတချို့

အာရက္ခတပ်တော်(AA) နဲ့အာဏာသိမ်းစစ်တပ်ကြား နှစ်ဘက်စစ်ရေးတင်းမာနေတဲ့စစ်တွေမြို့မှာအရပ်သားပြည်သူတွေလည်းရှိနေပါသေးတယ်။ အာဏာသိမ်းစစ်တပ်က ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားပြီး လေကြောင်းလိုင်းကိုသာဖွင့်ပေးထားတာမို့ငွေကြေးမတတ်နိုင်သူတွေအများစုကျန်နေကြပါတယ်။ အဲဒီအပြင်တခြားဒေသတွေမှာစစ်ဘေးရှောင်နေကြသူတွေတချို့လည်းပြန်လာနေကြပေမယ့် တခါတလေနှစ်ဘက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီစစ်တွေမြို့မှာအာဏာသိမ်းစစ်တပ်ရဲ့ပြည်နယ်အစိုးရရုံးစိုက်ထားသလိုဒေကကွပ်ကွဲမှုစစ်ဌာနချုပ်လည်းတည်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ သင်္ကြန်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြပြီးတက္ကသိုလ်ဝင်တန်းစာမေးပွဲလည်းကျင်းပပြုလုပ်ခဲ့ပါတယ်။

Read more

မြောက်ဦးမှာ စစ်ကောင်စီဗုံးကြဲလို့ အရပ်သားနှစ်ဦး ဒဏ်ရာရရေ

မြောက်ဦးမှာ မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်လို့အရပ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမြောက်ဦးမြို့ သကျမာရ်အောင်ဘုရား၊ ဘုန်းကြီးကျောင်းအနားကို မတ်လ ၁၈ ရက်၊မနက် ၁ နာရိီအချိန်ခန့်ကစလို့ စစ်ကောင်စီတပ်က တိုက်လေယာဥ်နှစ်စီးနဲ့ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီတိုက်လေယာဥ်နှစ်စီးဟာသကျမာရ်အောင်ဘုရား၊...

Read more

ရှေးဟောင်းနယ်မြေက တက်တူးဆရာ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဦးမြို့မှာ တက်တူးဆိုင်ဖွင့်လုပ်ကိုင်နေသူတဦးရှိနေပါတယ်။ သူဟာ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၊ ကုန်းချောင်းကျေးရွာက အသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုကြည်စိုးဖြစ်ပါတယ်။ သူဟာ ပန်းချီပညာကို ကလေးဘဝကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မန္တလေးမှာကျောင်းတက်နေခဲ့ချိန်ရှစ်တန်းကျောင်းသားဘဝကတည်းကတက်တူးလောကကိုစဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ သူကျောင်းသားဘဝဘော်ဒါဆောင်မှာနေခဲ့ချိန်ကတည်းက သူ့သူငယ်ချင်းတွေကို ဘောပန်တွေနဲ့အရုပ်တွေဆွဲပေးခဲ့ဖူးတယ်လို့ သူ့ဝါသနာတွေကို...

Read more

တာယာအဟောင်းတွေကို အသုံးချအသက်မွေးသူများ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ရှိ ကားလမ်းဘေးတနေရာမှာ တာယာအဟောင်းတွေကို အသုံးချအသက်မွေးဝမ်း ကျောင်းနေကြသူတွေရှိနေကြပါတယ်။ သူတို့ဟာ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာကြတဲ့ဒေါ်မခင်ညွှန်နဲ့ကိုထွန်းထွန်းဝင်းမောင်နှမနှစ်ယောက်ဖြစ်ပါတယ်။ သူတို့မောင်နှမနှစ်ဦးဟာ စစ်တွေ-ရန်ကုန်ကားလမ်းဘေးတနေရာမှာ တာယာအထွေထွေလက်မှုလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းနေကြသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ တာယာအဟောင်းတွေကို လူစီးဖိနပ်တွေပြုလုပ်ရောင်းချနေကြသလို မီးစက်တွေအတွက်လိုအပ်တဲ့ဖလပ်ပြားတွေကိုလည်း ပြုလုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ အဲဒီတာယာဖိနပ်တရံကို ကျပ်တသောင်းလေးထောင်သတ်မှတ်ထားပြီးတာရှည်ခံသလိုအကြမ်းလည်းခံတာမို့...

Read more

ကျောင်းဆရာလုပ်တဲ့ မက္ကလာ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ အလယ်တန်းပြဆရာတဦးဟာ မက္ကလာတွေ ရက်လုပ်နေပါတယ်။ သူဟာ အလယ်တန်းပြဆရာဖြစ်ပေမယ့် အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်းကတည်းက ကျောင်းတွေပိတ်သွားတာမို့ သူတတ်ထားတဲ့လက်မှုပညာနဲဆက်လုပ်နေတာလို့ ဆိုပါတယ်။ အဲဒီမက္ကလာကို သူ့အသက်ရှစ်နှစ်အရွယ်ကတည်းက စတင်သင်ယူတတ်မြောက်လာခဲ့တာဖြစ်ပြီး ခုတော့အသက်လေးဆယ့်ဆနှစ်အရွယ်ရောက်နေပေမယ့် ဆက်လုပ်နေတုန်းပဲလို့ သူကဆိုပါတယ်။ ရခိုင်လူမျိုးတွေက မက္ကလာလို့ခေါ်ကြတဲ့ဒီဟာကိုတော့ မိုးရာသီးစပါးစိုက်ပျိုးကြချိန်မှာ...

Read more

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...

Read more
Page 28 of 31 1 27 28 29 31

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here