ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Read moreဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစီလန်ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည် ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီး နစ်မြုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိသေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေက ရေအောက်ထဲကနေ ရုပ်အလောင်း ၃ လောင်းကို မနေ့ကထပ်မံဆယ်ယူရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၃၅၀ ကျော်နဲ့အတူနစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေကို သီတင်းပတ် နှစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဆောင်ရွက်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဌာနပေါင်းစုံက စာရင်းတွေကို ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးနောက် နောက်ဆုံးအတည်ပြုချက်အရ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦးရှိပြီး ၂၂ ဦးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရေအောက်ရေစီးကြောင်း သန်နေတာကြောင့် သင်္ဘောရဲ့ အချို့အခန်းတွေထဲအထိ ဝင်ရောက်ရှာဖွေဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေကို ပြန်တွေ့နိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေငုပ်ရှာဖွေမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။
Read moreကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်လို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာက အသက်ရှစ်ဆယ်အရွယ်ဒေါ်စောဖြူမ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကျောက်ပြောက်ရွာကို ဖေဖော်ဝါရီလ ၁၄ ရက်၊ညနေ ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ရဲ့ ကျောက်ကလေရွာအောက်ဘက် ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်စစ်သင်္ဘောကနေ ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဒေါ်စောဖြူမ သေဆုံးသွားသလို ဦးထွန်းခိုင်အောင်ရဲ့ နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွယ်ရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေကလက်နက်ကြီးပစ်ခတ်ခဲ့လို့ အသက်လေးဆယ်ငါးနှစ်အရွယ်ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreBorder News Agency ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Read moreBorder News Agency ကန်ချနပူရီ၊ ဖေဖော်ဝါရီ ၁၅။ တနင်္သာရီမြစ်အတွင်းကရရှိခဲ့တဲ့ အလေးချိန် ၄၃၄ ဂရမ်ရှိ ရွှေခဲ ၂၅ ခဲနဲ့အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတဦးကို ကန်ချနပူရီခရိုင်၊ ဒုန်းစပ်ပရော့ မှောင်ခိုးလမ်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖမ်းဆီးရမိသူမှာ အသက် ၅၄ နှစ်အရွယ် ဦးဘွိုင်း (Mr. Boy Wongwai / Boy Diamond) ဖြစ်ပြီး သူဆီက ရွှေသတ္တုရိုင်း (ရွှေခဲ) ၂၅ ခဲကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဦးဘွိုင်းရဲ့ ထွက်ဆိုချက်အရ အဲဒီရွှေခဲတွေကို မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်၊ ထီးခီးကျေးရွာအနီးရှိ တနင်္သာရီမြစ်အတွင်းမှာ သူငယ်ချင်းဖြစ်သူတွေနဲ့အတူ ကိုယ်တိုင်ရွှေကျင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရွှေခဲတွေကို ကန်ချနပူရီမြို့ပေါ်ရှိ ရွှေဆိုင်တွေမှာ သွားရောက်ရောင်းချဖို့အတွက် မှောင်ခိုးလမ်းကတဆင့် ခိုးဝင်လာခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူကို ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအပြင် အကောက်ခွန်ဥပဒေတွေနဲ့ပါ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နယ်စပ်တလျှောက် တရားမဝင်မှောင်ခိုးလမ်းတွေကနေ ခိုးဝင်မှုတွေကိုလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရှိန်အဟုန်မြှင့် စစ်ဆေးနေတယ်လို့လည်း ထုတ်ဖော်ပြောကြားထားပါတယ်။
Read moreBorder News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၁၅။ ကရင်နီပြည်မှာ Urban Task Force Aung Ban - UTF တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ UTF တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ကရင်နီဒေသစခန်းတနေရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ရေးနိုင်ငံရေး မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက တက်ရောက်ဂုဏ်ပြုတာတွေ၊ သဝဏ်လွှာဖတ်ကြားတာတွေပြုလုပ်ခဲ့ပြီး UTF တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတကွ အားယူချီတက်ပြီး အာဏာရှင်စနစ်ဆိုးပျက်သုဉ်းတဲ့အထိ တော်လှန်ခရီးစဉ်မှာ မဖောက်ပြားတဲ့စိတ်ဓါတ်နဲ့ ခရီးဆုံးထိတော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကျော်ကာခိုးဝင်လာတဲ့ မြန်မာလုပ်သား ၅ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အမှတ် ၃၅ နယ်ခြားစောင့်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်တာတွေကို တားဆီးဖို့ ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် လှေတစီး ကမ်းကပ်လာတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလှေကို တပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတရာမရှိဘဲ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၅ ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ကိုစစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံအတွင်းပိုင်းရှိစမွတ်စာခွန်ခရိုင် (Samut Sakhon) သို့ သွားရောက်အလုပ်လုပ်ဖို့ လာတာလို့ ဆိုထားပါတယ်။ သောင်ရင်းမြစ်ကမ်းစပ်သို့ ရောက်ရင် လာကြိုမယ့်သူရှိပြီး အဲဒီကတဆင့် အလုပ်ခွင်သို့ ပို့ဖို့စီစဉ်ထားတယ်လို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၅ ဦးစလုံးကိုတရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း နေထိုင်မှုဥပဒေတွေနဲ့အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။
Read moreမန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ရှိ ကျားဖြန့် (Scammer) လုပ်ငန်းခွင်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား ၁၆ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖုန်းအလုံးပေါင်း ၂၆၀ ကျော်နဲ့အတူ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Thai Army က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ညသန်းခေါင်ယံအချိန်က ဆာကဲအိုခရိုင်၊အရန်းယပရာထက်မြို့နယ်အတွင်း နယ်စပ်ကင်းလှည့်နေတဲ့ ဘူရဖာတပ်ဖွဲ့ (Burapha Force) နဲ့ ပူးပေါင်းအဖွဲ့ကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးနဲ့အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၂၆၆ လုံးနဲ့လက်တော့ပ်တလုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ဟာ ပွိုင်ပက်ရှိ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ရှင်က အခြားနိုင်ငံတခုသို့ သွားရောက်လုပ်ကိုင်ဖို့စေခိုင်းတာကို မလိုလားဘဲ တရုတ်နိုင်ငံသို့သာပြန်လိုတာမို့ ထွက်ပြေးလာတာလို့ ဝန်ခံထားပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ကမ္ဘောဒီးယားလူမျိုးလမ်းပြတဦးကို ဘတ် ၃,၅၀၀ စီ ပေးဆောင်ကာ တောလမ်းအတိုင်း ခိုးဝင်လာတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေအားလုံးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့သိရပါတယ်။
Read moreBorder News Agency ဝက်လက်၊ ဖေဖော်ဝါရီ ၁၄။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျေးရွာပေါင်း ၁၆ ရွာကို လှည့်လည်ပြီး သပိတ်တိုက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ သပိတ်စစ်ကြောင်းတွေ၊ အထိုင်သပိတ်တွေအပြင်ခက်ခဲတဲ့ကာလအတွင်း ပြည်သူတွေစိတ်အမောပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပါ သွားရောက်အားပေးခဲ့ကြတာပါ။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
Read moreHey! Don't Copy my content.