Border News Agency ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ မဲမသမာမှုသံသယတွေကြောင့် မဲပုံးတွေကိုဝန်းရံစောင့်ကြည့်နေတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဘာသာရေးအခမ်းအနားပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင် (ECT) ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ချောင်ဘူရီမြို့နယ်ရှိ ကြက်တောင်ရိုက်ကွင်းမှာစုဝေးနေကြတဲ့ ဒေသခံတွေဟာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကာ အမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ပြည်သူ့ကိုယ်စားလှယ်တဦးကတော့ အခုလိုကုသိုလ်ပြုရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့တာဝန်တွေကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ မဲတွေကိုပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိမဲပုံးတွေကိုနေ့ညမပြတ် ဝန်းရံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေကတော့ လူစုခွဲခြင်းမရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လူနေအိမ်အတွင်းကျည်ကျရောက်ခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တဦး အသက်ဘေးကကံကောင်းစွာ လွတ်မြောက်သွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖာလူနဲ့မိလပန်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ဘက်က အသေခံဒရုန်းတွေနဲ့ လက်နက်ကြီးတွေသုံးပြီး တနာရီနီးပါးဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့စက်သေနတ်ကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းက ဟွေ့မဟာဝန်းရွာနဲ့ မဲကုန်းကင်ရွာတွေဘက်ကို ကျရောက်လာခဲ့ပါတယ်။ အဲဒီကျည်တောင့်တစ်တောင့်ဟာ အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးနောင်ရဲ့ နေအိမ်အိမ်သာခေါင်မိုးကို ဖောက်ထွက်ဝင်လာခဲ့ပြီး အဲဒီအချိန်မှာရေချိုးပေးနေတဲ့ ရှစ်နှစ်အရွယ်မြေးမလေးရဲ့ဘေးနားတင် သီသီလေးလွဲသွားခဲ့တာကို CCTV မှတ်တမ်းမှာ အထင်အရှားတွေ့ရှိခဲ့ရတာပါ။ လက်ရှိမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ခြေလျင်စစ်ဆင်ရေးတွေ ထပ်မံလုပ်ဆောင်ဖို့ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းကတော့ နယ်စပ်မှာအင်အားဖြည့်တင်းထားပြီး ဒေသခံတချို့လည်း ဘေးကင်းရာကို စတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
Read moreBorder News Agency ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဲရုံတွေမီးရှို့ဖျက်ဆီးခံရတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲကိုဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မှာ စတင်ကျင်းပနေပါတယ်။ အိမ်စောင့်အစိုးရအကြီးအကဲ ပါမောက္ခမူဟာမက်ယူနွတ်စ်ကိုယ်တိုင် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ ဒါကာမြို့ရှိ Gulshan Model ကျောင်းမဲရုံကိုသွားရောက်ပြီး မဲပေးခဲ့တာပါ။ ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၁၀ ရက် ညဉ့်သန်းခေါင်ယံမှာတော့ နီထရာကိုနာခရိုင်ကမဲရုံအဖြစ် သတ်မှတ်ထားတဲ့ အစိုးရစာသင်ကျောင်း ၄ ကျောင်းကို အမည်မသိလူတစုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီလဆန်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သလို ပါတီအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၂,၁၃၁ ရုံရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းကျော်ကို အရေးကြီးတဲ့နေရာတွေအဖြစ်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အစိုးရပြုတ်ကျပြီးနောက် တက်လာတဲ့ယူနွတ်စ်အစိုးရလက်ထက်မှာ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးတင်းမာမှုတွေကြားက စိန်ခေါ်မှုများစွာနဲ့ စတင်နေတာဖြစ်ပါတယ်။
Read moreBorder News Agency မလေးရှား၊ ဖေဖော်ဝါရီ ၁၂။ မလေးရှားနိုင်ငံ၊ ပီနန်းမြို့က JURU ညစျေးမှာ ဖေဖော်ဝါရီဘ၁၁ ရက်၊မနေ့ညက အာဏာပိုင်တွေ အော်ပရာစီ (Operasi) ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ညစျေးအတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အထောက်အထားမဲ့သူ အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒါကြောင့် ပီနန်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အပြင်ထွက် သွားလာရာမှာ အထူးသတိထားကြဖို့ လိုအပ်နေတာပါ။ အထူးသဖြင့် အထောက်အထား မပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ အခုရက်ပိုင်းမှာ ညစျေးလို လူစည်ကားတဲ့နေရာတွေကို မသွားသင့်ဘူးလို့ မလေးရှားရောက်မြန်မာတွေက အသိပေးထားပါတယ်။ မလေးရှားမှာ အခုနောက်ပိုင်း အော်ပရာစီ ဝင်ရောက်စစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြန်ရှိလာတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။
Read moreBorder News Agency ကော်သူးလေ၊ ဖေဖော်ဝါရီ ၁၁။ ကော်သူးလေအာမီ (KTLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်နယ်ဒါးမြဟာ ထီးသဲလယ်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်နယ်ဒါးမြဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်မိသားစုဝင် လူဦးရေ ၂၀၀ ကျော်ကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးခဲ့တာပါ။ အဲဒီလိုသွားရောက်ရာမှာ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် KTLA ဆေးတပ်ဖွဲ့ဝင်တွေကလည်း စခန်းအတွင်းကမကျန်းမာတဲ့သူတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးခဲ့ပါတယ်။ "ပြည်သူတွေ ခက်ခဲနေတဲ့အချိန်တိုင်းမှာ အမြဲတမ်းအတူရပ်တည်ပြီး တတ်နိုင်သမျှကူညီဖေးမသွားမယ်" လို့လည်း ဗိုလ်ချုပ်နယ်ဒါးမြက ကတိစကားပြောကြားခဲ့ပါတယ်။ KTLA အနေနဲ့ ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မိမိတို့နေရပ်ကို အမြန်ဆုံးပြန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF၊ ပကဖပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်း ပျူစောထီးရွာစခန်းတွေနဲ့ ကျွန်းလှမြို့နယ်က အင်တိုင်းပျူစောထီးရွာစခန်းအပါအဝင် ကောလင်းကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပူးပေါင်းတပ်ဖွဲ့တွေဟာ ကိုးတောင်ဘို့ရွာစခန်းကို ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကိုလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာပဲ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သလို၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စုစုပေါင်း ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ၄၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်မျိုးစုံ ၁၈၇ လက်နဲ့ ကျည်ဆန်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေထဲက အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၁၁။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဗုဒ္ဓဘာသာရဟန်းတော်တွေဦးဆောင်တဲ့ "ငြိမ်းချမ်းရေးခရီးစဉ်" (Walk for Peace) ဟာ ရက်ပေါင်း ၁၀၈ ရက်အကြာမှာတော့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အမျိုးသားဘုရားရှိခိုးကျောင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ စုစုပေါင်း ၁၀၈ ရက်တိတိလမ်းလျှောက်ခဲ့ကြတာလို့ သိရပါတယ်။ ခရီးစဉ်အပြီးမှာတော့ ဆရာတော်ကြီး Mariann Edgar Budde နဲ့ ဆရာတော် Randolph Marshall Hollerith တို့က ရဟန်းတော်တွေကို ဘုရားရှိခိုးကျောင်းတော်ကြီးမှာ နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက် ဝါရှင်တန်ဒီစီမှာရှိတဲ့ ဘာသာပေါင်းစုံခေါင်းဆောင်တွေနဲ့အတူ ငြိမ်းချမ်းရေး၊ သတိတရားနဲ့ ဘာသာစုံစည်းလုံးညီညွတ်မှုတွေအတွက် စုပေါင်းဆုတောင်းခဲ့ကြပါတယ်။ ဒီငြိမ်းချမ်းရေးပွဲကို ကိုယ်တိုင်လာရောက်သူ ထောင်ပေါင်းများစွာရှိသလို၊ အွန်လိုင်းကနေတဆင့်လည်း ကမ္ဘာတဝှမ်းက ပြည်သူတွေက ပါဝင်ဆုတောင်းခဲ့ကြတာကြောင့် ဒါဟာသမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ရဟန်းတော်တွေကလည်း မိမိတို့ကိုနွေးထွေးစွာ ကြိုဆိုခဲ့တဲ့ဆရာတော်ကြီးတွေနဲ့ ကူညီပေးခဲ့သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၁။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းက ရွာဘုရားပွဲကျင်းပနေတုန်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ်ဦးသေဆုံးသွားပါတယ်။ အဲဒီ ချက်ကန်ကျေးရွာကို အဲဒီနေ့မနက် ၁၁ နာရီအချိန်ခန့်က အနီးနားရှိကပစ ၂၂ ကနေ ပါရာမော်တာနှစ်စီး၊ မကွေးလေတပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိဆယ်ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ထားသလို ရှစ်ဦးလည်းဒဏ်ရာအပြင်းအထန် ရရှိထားပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာဘာတိုက်ပွဲမှဖြစ်ပွားနေတာမရှိဘဲ အရပ်သားတွေကိုပဲ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီချက်ကန်ကျေးရွာဟာ အိမ်ခြေငါးရာကျော်ရှိတဲ့ ကျေးရွာကြီးတရွာလည်း ဖြစ်ပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်တာတွေများနေတာမို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင်နဲ့အလှူအတန်းကျင်းပတာတွေကိုရှောင်ကြဉ်ကြဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်ကအသိပေးထားပါတယ်။ အဲဒီချက်ကန်ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး မြေပြင်အခြေအနေအရ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
Read moreHey! Don't Copy my content.