Border News Agency စပိန်၊ ဖေဖော်ဝါရီ ၉။ ဥရောပတောင်ပိုင်းကစပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်ကတိုက်ခတ်ခဲ့တဲ့ "လီယိုနာဒို" မုန်တိုင်းအပြီး ဒီအပတ်မှာတော့ "မာတာ (Marta)" မုန်တိုင်းထပ်ဝင်လာလို့ စပိန်မိုးလေဝသအေဂျင်စီ (AEMET) က ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီမုန်တိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့အထိလည်း မုန်တိုင်းအရှိန်ကဆက်ပြင်းနေတုန်းပဲလို့ ဆိုပါတယ်။ ဒီမာတာမုန်တိုင်းကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ရပြီး စပိန်မြောက်ပိုင်း အာဗီလာ (Avila) ဒေသမှာ နှင်းရှင်းတဲ့ကားမောင်းသူတဦးလည်း မီတာ ၂၀ အမြင့်ရှိတဲ့ ချောက်ထဲလျှောကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ပေါ်တူဂီနိုင်ငံ ပေါ်တယ်လီဂရီ (Portalegre) မှာလည်း အသက်လေးဆယ့်ခြောက်နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စပိန်တောင်ပိုင်းအန်ဒလူစီးယား (Andalusia) ဘက်မှာ မြစ်ရေလျှံလို့ လူပေါင်းတသောင်းတထောင်ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။ အဲဒီမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလည်းထိခိုက်နေပြီး စပိန်တောင်ပိုင်း ကာဒစ်ဇ် (Cadiz) ပြည်နယ်က လယ်သမားအဖွဲ့ (COAG) ရဲ့ပြောပြချက်အရ ဘရိုကိုလီ၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိုက်ခင်း ဟက်တာထောင်နဲ့ချီပြီး ရေအောက်ရောက်သွားပြီလို့ ဆိုပါတယ်။ အဲဒီ ပေါ်တူဂီစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း လာမယ့်ရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍမှာ ဆုံးရှုံးမှုတန်ဖိုး ယူရို ၇၅၀ သန်း (ဒေါ်လာ ၈၉၀ သန်း) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအပြင် စပိန်တနိုင်ငံလုံးမှာ လမ်းပေါင်း ၁၇၀ နီးပါးကို ဘေးကင်းအောင်ပိတ်ထားရသလို၊ စပိန်လာလီဂါရဲ့ ပွဲစဉ်ကြီးဖြစ်တဲ့ ဆီဗီလာ (Sevilla) နဲ့ ဂီရိုနာ (Girona) အသင်းတို့ပွဲကိုလည်း ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ စပိန်နဲ့ ပေါ်တူဂီမှာ ဒီနေ့အထိမိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ရေကြီးတာတွေ ဆက်ဖြစ်နေပြီး မုန်တိုင်းအရှိန်ကနောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအထိ ဆက်ပြင်းနေဦးမယ်လို့ သိရပါတယ်။ ပေါ်တူဂီအစိုးရက လက်ရှိမှာကယ်ဆယ်ရေးသမား နှစ်သောင်းခြောက်ထောင်ငါးရာကျော်ကို အသင့်ပြင်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း" ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက "လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး" ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။
Read moreမြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊မနက် ၉ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာဟိန္ဒားကျေးရွာကို ပေါင် ၃၀၀ဗုံးနှစ်လုံးနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဆက်တိုက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
Read moreမောင်တောခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကိုပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေက အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပေးနေပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ DLEPS တပ်ဖွဲ့ဝင်တွေ၊ HDCO ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တာဝန်ရှိသူတွေ ပူးပေါင်းပြီး နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတိုက်တွန်း ဖြန့်ဝေပေးနေတာပါ။ အဲဒီရောဂါဟာ ကူးစက်ပြန့်ပွားလာရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အဲဒီနီပါးဗိုင်းရပ်စ်ရောဂါကို ကုသဆေး မရှိသေးတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားလို့ ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရပါက အနီးဆုံးကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read moreBorder News Agency ဒူးပလာယာခရိုင်၊ ဖေဖော်ဝါရီ ၇။ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ ကော်သူးလေအမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့တောင်းဆိုချက်ခုနှစ်ချက်ကို တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ အမျိုးသမီးတွေအတွက်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေကို ကော်သူးလေနယ်မြေအတွင်း အကောင်အထည်ဖော်ပေးဖို့၊ KNU ရဲ့ ကျား / မ ရေးရာမူဝါဒကို အမြန်ဆုံးပြဌာန်းပေးဖို့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုဦးဆောင်ခွင့်ရဖို့ အလေးထားတောင်းဆိုထားပါတယ်။ အဲဒီအပြင် ဒေသတွင်းသယံဇာတစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုထည့်သွင်းပေးဖို့ ပါဝင်ပါတယ်။ နောက်ပြီးဒေသတွင်း အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်လုပ်ငန်းတွေပပျောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ကိုလည်း တောင်းဆိုထားတာပါ။ အဲဒီဆွေးနွေးပွဲကို ကော်သူးလေအမျိုးသမီးကွန်ရက် (KWN) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်းတရာကျော် တက်ရောက်ခဲ့ကြပါတယ်။
Read moreBorder News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၇။ ဘန်ကောက်မြို့၊ အာဆို့ (Asoke) ဧရိယာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့မနက်ပိုင်းက မျှော်စင်ကရိန်း (Tower Crane) လက်တံပြိုကျခဲ့တာကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။ အဲဒါဟာ Terminal 21 ဈေးဝယ်စင်တာအနီးမှာရှိတဲ့ လုပ်ငန်းခွင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကရိန်းလက်တံပြုတ်ကျလာတဲ့အချိန် အောက်မှာရှိနေတဲ့မြန်မာအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ အပေါ်ကိုပိမိခဲ့တာပါ။ အဲဒီဒဏ်ရာရရှိခဲ့တဲ့အမျိုးသားဟာ မေ့မြောသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် CPR လုပ်ပေးခဲ့ရသလို အမျိုးသမီးကတော့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူတို့နှစ်ဦးစလုံးကို အနီးနားကဆေးရုံတွေကို အမြန်ဆုံးပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲဲဒီကရိန်းပြုတ်ကျတာနဲ့ပက်သက်လို့ သက်ဆိုင်ရာရဲစခန်းနဲ့ တာဝန်ရှိသူတွေက ကရိန်းဘာကြောင့် ပြိုကျရသလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲဒီအပြင် လုပ်ငန်းခွင်ရဲ့ဘေးကင်းလုံခြုံမှု အခြေအနေတွေကိုလည်း လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၇။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ အထောက်ထားမဲ့ မြန်မာလုပ်သားဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB ) က ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ (Highway Police) က ကင်းလှည့်စစ်ဆေးနေချိန်မှာ မသင်္ကာဖွယ်ပစ်ကပ်ထရပ်ကားတစီးကို စစ်ဆေးဖို့အချက်ပြတားဆီးခဲ့ပေမယ့် ယာဉ်မောင်းမှာရပ်တန့်ခြင်းမရှိပဲ မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်းတွေကလိုက်လံခဲ့ချိန် လမ်းဘေးသစ်တောအနီးမှာကားကိုစွန့်ပစ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ တောထဲသို့ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားမှာလိုက်ပါလာတဲ့ခရီးသည်တွေဟာ အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသားခုနှစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်လာဖို့အတွက် ပွဲစားခနဲ့ခရီးစရိတ် တဦးလျှင်ဘတ်လေးသောင်းစီပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့မှာ စမတ်စခွန် (Samut Sakhon) ရှိ ပုစွန်မွေးမြူရေးခြံတွေမှာ အလုပ်လုပ်မှာဖြစ်ပြီး တချို့မှာမလေးရှားနိုင်ငံသို့ သွားမယ့်ရည်ရွယ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိသူ ဆယ့်သုံးဦးကို "တရားမဝင်ဝင်ရောက်နေထိုင်မှု" နဲ့ ကန်ချနဘူရီမြို့မရဲစခန်းမှာအမှုဖွင့်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အတူ နေရပ်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ထွက်ပြေးသွားတဲ့ ထိုင်းယာဉ်မောင်းဖြစ်သူကိုဖမ်းဆီးဖို့ ကားလိုင်စင်မှတဆင့် ဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
Read moreHey! Don't Copy my content.