Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း သဘာဝပတ်ဝန်းကျင် အာရက္ခဒေသ

အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြရပြီ သောက်ရေတွေကအစအခက်အခဲရှိနေတာမို့ အရေပြားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်သူတွေလည်းရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေမြို့နယ်အပါအဝင် ဒေသစုံမှစစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်၊ရသေ့တောင်မြို့နယ်နဲ့မောင်တောမြို့နယ်မှာ ရေရှားပါးမှုနဲ့ ကြုံနေကြရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ ရေရှားမှုဒဏ်အဆိုးဆုံးခံရတဲ့ဒေသဖြစ်တယ်လို့ ဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ရှောင်တွေအပါအဝင် လူဦးရေသောင်းချီဟာ သောက်သုံးရေရရှိရေးအတွက် အခက်အခဲမျိုးစုံနဲ့ရုန်းကန်နေကြရပြီး အချို့ရွာတွေမှ ပြည်သူတွေဆိုရင် နာရီချီ ခြေကျင်ခရီးနှင်ကာ သွားခပ်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုခရီးဝေးသွားကာ ခက်ခက်ခဲခဲသွားခပ်ကြရပေမယ့် ရလာတဲ့ရေဟာလည်း အကန့်အသတ်နဲ့သာရရှိတာဖြစ်ပြီး သန့်ရှင်းတဲ့ရေတွေလည်း မဟုတ်ဘူးလို့ ရေအခက်အခဲဖြစ်နေသူတွေနဲ့ ရေကူညီပေးနေတဲ့အဖွဲ့တွေက ဆိုကြပါတယ်။

“ရေရဖို့ကြိုးစားနေကြရတယ်။ရေအတွက် အလုပ်တခုလို အချိန်တွေအများကြီးပေးကြရတယ်။တချို့ရေမရှိတဲ့ရွာကလူတွေဆိုရင် ၄၅ မိနစ်လောက် လမ်းလျှောက်ပြီးမှ ရေတလုံးလောက်ရနို င်တဲ့အနေအထားပါ။အဲဒါတောင်မှ ခွဲတမ်းနဲ့ရကြတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရေအကူအညီပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက ပြောပါတယ်။

ပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းတလျှောက် ကျေးရွာနှစ်ဆယ်နီးပါးမှ ပြည်သူတွေ၊အဲဒီရွာတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ဒေသခံတွေ ရေအခက်အခဲကြုံနေကြရတာပါ။

အဲဒီလိုဝေးလံတဲ့ခရီးကို ခြေကျင်သွားကာ ရေသွားခပ်ဖို့ကလည်း အိမ်ထောင်ရှင်အမျိုးသားမရှိ၊ကလေးငယ်တွေနဲ့ နေထိုင်ကြရတဲ့ မိသားစုတွေအဖို့ အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လက်ရှိမှာနှစ်ဆယ်လီတာဝင် ရေတဗူးကို ကျပ်တစ်ထောင်ကနေတစ်ထောင့်ငါးရာထိစျေးရှိနေပြီး ငွေကြေးမတတ်နိုင်သူတွေက တော့ ကိုယ်တိုင်ခြေကျင်ခရီးဝေးသွားခပ်နေကြတာပါ။

“အရင်နှစ်တွေကတော့ နွေရာသီဆိုရင် တလလောက်ပဲ ရေရှားတာခံရတယ်။ဒီနှစ်မှာတော့ လူတွေတအားပိုလာလို့ ဆောင်းတွင်းကတည်းက ရေစရှားနေပြီ။လူတွေလည်း အများကြီးလေ၊နည်းတာမှမဟုတ်တာ။စစ်တွေတမြို့၊ပုဏ္ဏားကျွန်းတမြို့က လူတွေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံလူကြီးတစ်ဦးက ပြောပါတယ်။

သောက်သုံးရေရှားပါးတဲ့ အဲဒီဒေသတွေမှာ ချောင်းရေကို ခပ်ယူအသုံးပြုဖို့ကလည်း ဆားငံရေဖြစ်တာကြောင့် အဆင်မပြေဘူးလို့ ဆိုပါတယ်။

အဲဒီအပြင်ရေတွင်းငယ်တွေတူးကာ ရေရရှိဖို့ကြိုးစားပြန်ရင်လည်း ပေနှစ်ဆယ်ဝန်းကျင်အနက်တူးမှသာ ရေထွက်တယ်လို့ ကူညီပေးနေသူတွေနဲ့ဒေသခံတွေက ဆိုကြပါတယ်။

“တွင်းရေတွေကလည်း အခုနောက်ပိုင်အချိန်မှာရေမထွက်တော့ဘူး။တူးရင်လည်း ဆယ်တောင်၊ဆယ့်ငါးတောင်လောက် တူးရတဲ့အနေအထားပါ။” လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှလူငယ်တစ်ဦးက ပြောပါတယ်။

ကျောက်တော်၊ မောင်တောနဲ့ရသေ့တောင်မြို့နယ်မှ ဒေသအချို့မှာလည်း ရေရှားမှုကို စကြုံနေကြရပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

“သောက်ရေမရှိရင် အခက်အခဲတွေရှိတယ်။သုံးရေလည်း အရေးကြီးတယ်။ချက်ဖို့ ပြုတ်ဖို့ဆိုတာတွေမှာလည်း အရေးကြီးတယ်လေ။ရေကမရှိလို့မရဘူး။ရေမရှိရင် ဘယ်ကသွားခပ်ရမလဲ။ စိုးရိမ်နေရတာပေ့ါ။ကျန်းမာရေးပြဿနာတွေလည်းရှိလာနိုင်တယ်။ရေရှိရင်တောင်မှယားနာတွေပေါက်ကြတယ်။အဲဒါတွေ ရေမချိုးရရင်(ယားနာတွေ)ပိုပေါက်လာမယ်။” လို့ ပုဏ္ဏားကျွန်းမြို့ နယ်မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ကျေးရွာအချို့မှာ လက်ရှိအရေပြားရောဂါဖြစ်သူတွေ စရှိနေပြီလို့ ဆိုကြပါတယ်။

မသန့်ရှင်းတဲ့သောက်သုံးရေကို သုံးစွဲရင် နောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်၊ဝမ်းလျှောရောဂါ၊ကာလဝမ်းရောဂါ၊အသားရောင်အသားဝါအေ၊အူရောင်ငန်းဖျားရောဂါ၊အရေပြားရောဂါစတဲ့ ရောဂါတွေဖြစ်လာနိုင်တာကြောင့် အထူးသတိထားကြဖို့ လိုတယ်လို့ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးက သတိပေးပါတယ်။

“ရေကို ကြိုသောက်ရမယ်။အတတ်နိုင်ဆုံးကတော့ သန့်ရှင်းတဲ့ရေရအောင်လုပ်ဖို့လိုတာပေ့ါ။ရေကတဆင့်ဖြစ်တဲ့ရောဂါတွေ များပါတယ်။ရေမချိုးရင်လည်း အရေပြားရောဂါတွေဖြစ်လာမယ်။” လို့ ၎င်းက ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သိန်းကျော်ရှိနေတဲ့ အာရက္ခပြည်မှာ သောက်သုံးရေမသန့်ရှင်းတာ၊လူဦးရေထူထပ်တာကြောင့် နဂိုကတည်းက အရေပြားရောဂါဖြစ်နေသူတွေ အများအပြားရှိနေတာပါ။

စစ်ကောင်စီက ဆေးဝါး၊ကုန်စည်တင်သွင်းခွင့် ပိတ်ထားတဲ့ အာရက္ခဒေသမှာ ဆေးဝါးစျေးနှုန်းကြီးမြင့်တာ၊ဆရာဝန်နဲ့ကျန်းမာရေးဝန် ထမ်းမလုံလောက်တာကြောင့် ရောဂါတခုဖြစ်ရင် ကုသဖို့လည်း အခက်အခဲများစွာ ကြုံနေကြရတာဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာရေရှားပါးမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေဖြစ်လာခဲ့ရင် ဆေးဝါးကုသနိုင်ဖို့ စိန်ခေါ်မှု များစွာ ထပ်ရှိလာအုံးမယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးရေချိန်အများဆုံးဒေသတခုဖြစ်တဲ့ အာရက္ခပြည်မှာ မိုးရေကို အလုံအလောက် သိုလှောင်မထားနိုင်တာ၊သောက်သုံးရေကန်အလုံအလောက်မရှိတာ၊ရာသီဥတုဖောက်ပြန် အပူချိန်ပြင်းတာကြောင့် ရေရှားပါးမှုဒဏ်နှစ်စဉ်ကြုံနေကြရတာဖြစ်ပြီး တာ၀န်ရှိသူတွေအနေနဲ့ စီမံချက်ချကာ စနစ်ကျလုပ်ဆောင်သင့်တယ်လို့ ထောက်ပြကြပါတယ်။

“မနှစ်ကလည်း ရေအတွက်မပြင်ဆင်ခဲ့ရဘူး။နွေရာသီမှာ တိုက်ပွဲကလည်းအသည်းအသန်ဖြစ်နေတာကို၊ငွေကြေးကတော့ အရေးကြီးဆုံးပဲ။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ နောက်ထပ်လူငယ်တစ်ဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ဒေသခံအရပ်ဖက်လူမှုအဖွဲ့တွေက လက်ရှိမှာတော့ ရေရှားပါးတဲ့ဒေသတွေမှာ သောက်သုံးရေကန်တူးဖော်တာ၊ရေလှူဒါန်းကူညီတာတွေ ရှိနေပေမယ့်ငွေ ကြေးအခက်အခဲကြောင့် အလုံးစုံလွှမ်းခြုံမှုမရှိဘူးလို့ အာရက္ခပြည်သူတွေက ပြောကြပါတယ်။

“အရပ်ဖက်အဖွဲ့တွေကတော့ အလှူငွေဝင်လာတဲ့အပေါ်မူတည်ပြီး ရေလှူကြတယ်။ဒါပေမယ့် အတိုင်းအတာတခုထိ ကာဗာမလုပ်နိုင်ဘူး။အလှူငွေတွေ အဆင်ပြေရင်တော့ ကာဗာဖြစ်အောင် လုပ်ပေးနိုင်မယ်။” လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ပြန်လည်တည်ဆောက်ရေးတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရမှာ အာရက္ခဒေသမှာ ရေရှားပါးမှုပြဿနာကို အဖြေရှာဖြေရှင်းလုပ်ဆောင်ဖို့အတွက် ရေတို၊ရေရှည်အစီအမံတွေလိုအပ်သလိုအာရက္ခပြည်သူတွေကို အသိပေးတာတွေ၊ပူးပေါင်းပါဝင်ဆောင်ရွက်တာတွေ လုပ်ဆောင်ကြဖို့ထုတ်ပြန်အသိပေးထားသင့်တယ်လို့ ဆိုကြပါတယ်။

PrevPreviousမာန်အောင်မြို့နယ်မှာ ရွံ့မီးတောင်ပေါ က်ကွဲ
Nextတောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရNext
Previous Post

မာန်အောင်မြို့နယ်မှာ ရွံ့မီးတောင်ပေါ က်ကွဲ

Next Post

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

Releated Post

(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025
ဓာတ်ပုံ - ညိုမင်းခိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

October 13, 2025

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

October 13, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page