အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ရွာသန့်ရှင်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အဲဒီစည်ပင်သာယာရေးဌာနက မြို့ပေါ်လမ်းတွေမှာ အမှိုက်ကားတွေနဲ့ လိုက်လံသိမ်းဆည်းတာ၊ရေမြောင်းတွေ ပိတ်ဆို့မှုမရှိအောင်ရှင်းလင်းတာနဲ့ အမှိုက်ပုံဟောင်းတွေကို ဖယ်ရှားတာတွေ လုပ်ပေးနေတာပါ။ အဲဒီအပြင် ဈေးတွေအတွင်း သန့်ရှင်းရေးလုပ်တာနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။ အဲဒီ လမ်းဆုံလမ်းခွတွေမှာလည်း အမှိုက်ပုံးတွေချထားပေးသလို၊ အမှိုက်မပစ်ရမယ့် နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ မရှိအောင် စည်ပင်ဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။
Read moreမောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ဒေသကနေ အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဆန်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။ အာရက္ခ-ဘင်္ဂလားနယ်စပ် ဒုံးညို၊ ကျောက်လုံးနဲ့ ပျာရည်ရွာတွေကနေ ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၇၀ (လူဦးရေ ၆၇၅ ဦး) ဟာ လက်ရှိမှာ သစ်တုံးနားခွဆုံ၊ သုပဏ္ဏကနဲ့ ရွှေတိုင်ရွာစတဲ့ နေရာတွေမှာ ခိုလှုံနေကြတာပါ။ အဲဒီလို ခိုလှုံနေသူတွေကို ပါတီတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆန်ရိက္ခာ၊ ခြင်ထောင်တွေနဲ့ ဆေးကုသမှုတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြိုလူမျိုးစုတွေဟာ အခုလိုဘေးလွတ်ရာကို တိမ်းရှောင်လာရတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သူတို့တွေ ပြန်လည်အခြေချနိုင်အောင် ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်စာရင်းတွေအရ သိရပါတယ်။ အဲဒီ ယိုးငူကျေးရွာဖေဖော်ဝါရီလ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး၊ဒဏ်ရာရသူတွေများပြားခဲ့တာပါ။ အဲဒီ အသက် ၃၁ နှစ်အရွယ်ဒေါ်စိုးစိုးနွယ်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း၊အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု၊ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စင်မာအေး၊ အသက် ၁၄ နှစ်အရွယ် မစိုးသဇင်မိုး၊ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ်၊ အသက် ၇၀ နှစ်အရွယ် ဒေါ်မဗုစိန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ်နဲ့ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးမြတင်၊အသက်ခုနှစ်နှစ်အရွယ်ဒေါ်မညို၊အသက် ၄၄ နှစ်အရွယ် ဒေါ်ဇင်မာအေး တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒိီအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်နုနု၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း၊ အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၇ နှစ်အရွယ် မသွယ်သွယ်ဖြိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခိုင်စိုးဝေ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သောင်းမြစိန်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးသိန်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်မချေကြီး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးသိန်းမြနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်မရွှေသန်း ဒဏ်ရာရသွားခဲ့ကြတာပါ။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊စျေးတွေ၊စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်လို့သေဆုံး၊ ဒဏ်ရာရရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအသက် ၁၃ နှစ်အရွယ် မောင်ပြည့်ငြိမ်းစိုး၊ အသက် ၁၄ နှစ်အရွယ် မမိုးသဇင်၊ အသက် ၇ နှစ်အရွယ် မမျိုးသက်နွယ် နဲ့ အသက် ၁၃ နှစ်အရွယ် မအိမြတ်ဝေ တို့ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း နဲ့ အသက် ၇ နှစ်နှစ်အရွယ်မသွယ်သွယ်ဖြိုး တို့ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊ စျေးတွေ၊ စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာက ဈေးဆိုင်တန်းကို စစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရတဲ့အပေါ် လူသားချင်းစာနာထောက်ထားရေးနဲဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့လူမဆန်တဲ့ တိုက်ခိုက်ခဲ့လီု့ ပြည်သူ ၁၄ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ရပြီးအားလုံးဟာ သွေးအိုင်ထဲမှာ ရက်စက်စွာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ရေးနဲ့ လုံးဝသက်ဆိုင်တာမရှိတဲ့ ကျေးရွာဈေးတန်းကို နေ့ခင်းကြောင်တောင် လေကြောင်းတိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ HDCO က ဆိုပါတယ်။ ဒါဟာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ အခြေခံမူတွေကို စစ်ခေါင်းဆောင်က ဗြောင်ကျကျချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ ဈေးဆိုင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရွာထဲမှာအပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတွေနဲ့အတူ ဒေသခံတွေဟာ အလွန်တရာတုန်လှုပ်ခြောက်ခြားနေကြရပါတယ်။ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဘာမဆိုင်တဲ့ကလေးငယ်တွေကိုပါမချန်ပစ်မှတ်ထားသတ်ဖြတ်နေတာဟာ ကမ္ဘာကသိသင့်တဲ့ အကြမ်းဖက်မှုအစစ်အမှန်ပဲ ဖြစ်ပါတယ်။ HDCO အနေနဲ့ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားထားပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို တခြားအာရက္ခဌာနတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံး စီမံဆောင်ရွက်ပေးနေပါတယ်လို့ဆိုပါတယ်။ ဒဏ်ရာရထားသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ချက်ချင်းဟန့်တားပေးဖို့ HDCO ကတောင်းဆိုထားပါတယ်။
Read moreကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ငအုပ်ရွာအနီးက ယာယီစခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့က စစ်ကော်မရှင်တပ် ဆူဆိုဒ်ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ်အဖိုးအို ဦးမောင်နုစိန်နဲ့ ဦးမောင်ခင်ထွန်းမှာ ဗုံးစထိမှန်ပြီးပြင်းထန်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ၅ မိနစ်ခြားစီ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာကြောက်လန့်တကြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ အဲဒီအပြင် ပုဏ္ဏားကျွန်း၊ယိုးငူရွာဈေးနဲ့ ကျောင်းကို စစ်ကော်မရှင်တပ်ကလကြောင်းတိုက်ခိုက်လို့ကလေးတွေအပါအဝင် ၁၇ ဦး သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreHey! Don't Copy my content.