Border News Agency
ပဲခူး၊သြဂုတ် ၂၈။
ပဲခူးတိုင်း၊တောင်ငူအခြေစိုက် စစ်ကော် မရှင်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို ရှော့တိုက်ဒုံးငါးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) မှ သြဂုတ်လ ၂၈ ရက်၊ဒီနေ့ ဗီဒီယိုထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သြဂုတ်လ ၂၆ ရက်၊၁၀ နာရီ ၃၅ မိနစ်အချိန်မှာ BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်းအထူးဒေသဖိုက်တာဆားခဲအဖွဲ့နဲ့KNLA တပ် မဟာ ၂ တပ်ရင်း ၅ က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အကြ မ်းဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ် ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးပစ်ခတ်တို က်ခိုက်ခဲ့ပြီးရှော့တိုက်ဒုံးလေးလုံးပစ်ခ တ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်အရာရှိနှစ်ဦးအပါအဝင်ခြောက်ဦးသေဆုံးပြီးလေးဦးဒဏ်ရာရသွားခဲ့သ လိုအရာရှိနေအိမ်နဲ့ဘာတိုက်မီးလောင် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးဒဏ်ရာရပျက်စီးမှုအခြေ အနေတွေကို Border News Agency က သီးခြားအတည်မပြုနိုင်ပါ။





