Border News Agency
မောင်တော၊ စက်တင်ဘာ ၁၁။
အာရက္ခရေပိုင်နက်မှာ ခိုးဝင်ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖ က်သမားတွေဟာ အာရက္ခတပ်တော်(AA)လုံခြုံရေးအရာရှိတဦးနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တဦးကိုသတ်ဖြတ်လက်နက်တွေလုယူပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့ကြခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က စ က်တင်ဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီငါးဖမ်းလှေရှစ်ဆယ်ခန့်ဟာ စက် တင်ဘာ ၁၀ ရက်နေ့၊နေ့လယ် ၁ နာရီကျော်ခန့်မှစပြီး ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနောက်ဘ က် ၆.၇၅ကီလိုမီတာခန့်အကွာ၊ချိန်ခါလီရွာအနောက်ဘက် ၆.၇၂ ကီလိုမီတာ ခန့်အကွာမှာ ခိုးဝင်ငါးဖမ်းနေကြတာလို့ ဆိုပါတယ်။
အဲဒီအထဲကငါးစီးကိုသာဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီ စီစစ်ဆောင်ရွက်ဖိုက မ်းစပ်သို့ ညနေ ၇ နာရီခန့်အချိန်မှာ ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာငါးဖမ်းသမားတွေလို ဟန် ဆောင်လိုက်ပါလာတဲ့ အကြမ်းဖက်သ မားတွေဟာ ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အာရက္ခတပ်တော် (AA)လုံခြုံရေးအရာရှိတဦးနဲ့ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်ပြီးလက်နက်တွေလုယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကို အာရက္ခတပ်တော်ကဖမ်းဆီးစ စ်ဆေးခဲ့ပြီး အကြိမ်ကြိမ်ပြန်လည်လွှဲ ပြောင်းပေးသတိပေးခဲ့ပြီးလို့ ဆိုပါတယ်။
ဒါပေမယ့် အာရက္ခရေပိုင်နက်အတွင်းသို့ အစုလိုက်အပြုံလိုက်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသူတွေကို သတ်ဖြတ်လက်နက်လုယူတာဟာအကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိထိရော က်ရောက်လုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အာရက္ခ-ဘင်္ဂလားနယ်စပ်ကို အာရက္ခတပ်တော်ကထိန်းချုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးတွေ၊က မ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ၊ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တွေအပါအဝင်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ငါးဖမ်းသမားတွေလိုဟန်ဆောင်လိုက်ပါသတင်းထောက်လှမ်းနေကြသလို မောင်တောဒေသမှာဝင်ရောက်လှုပ်ရှားနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အတည်ပြုပြောကြပါတယ်။