Border News Agency
စစ်တွေ၊ စက်တင်ဘာ ၁၂။
အာဏာသိမ်းစစ်တပ်ပြုလုပ်မယ့်လာမယ့်ရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဟာ ရခိုင်တပြည်လုံးအပါအဝင် ၆၄ နေရာဝင်ပြိုင်မယ်လို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေအပါအဝင် ၁၇မြို့နယ်စလုံးမှာဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို ရခိုင်တိုင်းရင်းသားလူမျိုးနေရာ ၁ နေရာဝင်ပြိုင်မယ်လို့ ဒေါက်တာအေးမာင်က အ တည်ပြုပြောပါတယ်။
“ရခိုင်တပြည်နယ်လုံးရဲ့ ၁၇ မြို့နယ်ရဲ့ လွှတ်တော် ၃ ရပ်စလုံးမဲပေးပွဲဟာ ဒီဇ င်ဘာ ၂၈ ရက်မှာ တကြိမ်တည်းနဲ့ပြီး ပြတ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ဒါကြောင့်လည်းပဲ ကျနော်တို့ ပါတီဘ က်ကတော့ ၁၇ မြို့နယ်လုံးပေါ့ဗျာ။တို င်းရင်းသားရေးရာချင်းရေးရာဝန်ကြီး တဦးအပါအဝင် ၆၄ဦးလောက်ပေါ့။ ရွေးကောက်ခံနိုင်အောင် အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ်။” လို့ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင်ပါတီဟာ ရခိုင်ပြည်နယ်ရှိ အ မျိုးသားလွှတ်တော် ၆ နေရာ၊ပြည်သူ့ လွှတ်တော်နေရာ ၁၁ နေရာ၊ပြည်နယ်လွှတ်တော်နေရာ ၂၀ ဝင်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာနဲ့ရခိုင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၂ နေရာသာအနိုင်ရခဲ့ပါတယ်။
ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာအေးမောင်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ စစ်တွေခရိုင်မဲဆန္ဒ နယ်မှာအမျိုးသားလွှတ်တော်ကိုယ်စား လှယ်နေရာဝင်ပြိုင်မယ်လို့ ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။
ဒေါက်တာအေးမောင်ဟာ စစ်တွေမဲဆ န္ဒနယ်မှာနိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ဆိုပါတယ်။
“ကျနော်ကရခိုင်ပြည်နယ် စစ်တွေခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကနေနိုင်သူအကုန်ယူ စနစ်ပေါ့ဗျာ။မဲဆန္ဒန ယ် အမှတ် ၃ ပေါ့။အဲဒီကနေ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြိုင်ဖို့တော့ရည်မှန်းထားပါတယ်။” လို့ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ပြောထားပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒ နယ်အားလုံးရှိလွှတ်တော်သုံးရပ်စလုံးကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ပြင်ဆင်နေတာပါ။
ရခိုင်မှာရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြော က်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်စ လုံးမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။