Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၇။
စစ်ကော်မရှင်ရဲ့ကြည်း၊ ရေ၊ လေကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက်၊မနေ့က အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်နဲ့ အိန္ဒိယတပ်မတော်ကြား အပြန်အလှန်ခင်မင်ယုံကြည်မှုချစ်ကြည်ရင်းနှီးမှုတွေ၊ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးတက်လာစေဖို့ရွယ်ရည်ပြီးအပြည်အလှန်သွားလာကြတာလို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ဗိုလ်မှူးကြီးဇာနည်အောင်ဦးဆောင်တဲ့ကြည်း၊ရေ၊လေအရာရှိစစ်သည်တွေနဲ့ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအိန္ဒိယတပ်မတော်နဲ့ စစ်ကော်မရှင်တပ်ကြားပူးပေါင်းဆောင်ရွက်မှုတွေပိုတိုးတက်လာစေဖို့၊ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာလေ့လာရေးခရီးစဉ်တွေအပြန်အလှန်လည်ပတ်ဖို့အတွက်သွား ရောက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ကြည်း၊ရေ၊လေအရာ ရှိစစ်သည် ၁၂၀ ဦးသွားရောက်ခဲ့တာပါ။
အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိအထင်ကရနေ ရာတွေ၊သင်တန်းကျောင်း၊ စေတီပုထိုးတွေနဲ့ဘုန်းတော်ကြီးကျောင်းတွေကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနေပြည်တော်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးနေအောင်စိုး၊ စစ်ကော်မရှင်တပ်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL မှ လေဆိပ်ပို့ ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့ အိန္ဒိယတပ်မတော်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ နှစ်နိုင်ငံအပြန်အလှန်သွားရောက်လေ့လာနေကြပြီးအိန္ဒိယတပ်မတော်လည်း နေပြည်တော်ကိုရောက်ရှိနေပါတယ်။






