Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မြန်မာ့နိုင်ငံရေးထဲက အာရက္ခတပ်တော်ရဲ့အခန်းကဏ္ဍ

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

နရမိတ်လှ ဘာသာပြန်ထားပါတယ်။

ဘာသာပြန်ဆောင်းပါး

Border News Agency
မောင်တော၊ စက်တင်ဘာ ၁၇။

မဟာမိတ်တွေနဲ့ နှစ်နှစ်ကြာစစ်ရေးဖော်ဆောင်ပြီးချိန်မှာတော့ အာရက္ခတပ်တော်(AA)ဟာ အာရက္ခနယ်စပ်တွေနဲ့ ဆိပ်ကမ်းတွေကို ထိန်းချုပ်နိုင်ခဲ့ပါတ ယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိခဲ့ကြပါဘူး။

မြန်မာ့ပြည်တွင်းစစ်ကို ရုပ်ရှင်ဆန်ဆန်အလှည့်အပြောင်းတခုဟာ ပြီးခဲ့တဲ့ ၂ဝ ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်စေခဲ့ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကို စတင်နိုင်ခဲ့ကြတဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ပထမဆုံးတိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီညီနောင်မဟာမိတ်အဖွဲ့ထဲမှာ အာရက္ခတပ်တော်(AA)၊ တအောင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မ ဟာမိတ်တပ်မတော်(MNDAA) ပါဝင်ပြီး တရုတ်နယ်စပ်တလျှောက်မှာမြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေ၊ ရဲစခန်းတွေကို တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ကြပါတယ်။

အင်အားကြီးမားတဲ့မြန်မာစစ်တပ်ကိုမဟာမိတ်တွေနဲ့အတူတိုက်ပွဲဝင်ရတာဟာ သက်တမ်းနုသေးတဲ့အာရက္ခတပ်တော်အတွက် အရေးပါခဲ့ပါတယ်။

အာရက္ခတပ်တော်အတွက် စစ်ဆင်ရေးအတွေ့အကြုံများစွာရရှိစေနိုင်ပြီး အာရက္ခဒေသမှာ စစ်ဆင်ရေးတွေလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

TNLA နဲ့ MNDAAဟာ သူတို့ရဲ့ နယ်မြေတွေစိုးမိုးရေးနဲ့ ဩဇာလွှမ်းမိုးရေးအ တွက်ရည်ရွယ်ကြပေမယ့် မြန်မာပြည် တွင်းက တခြားလက်နက်ကိုင်တွေလို အာရက္ခတပ်တော်ကတော့ အာရက္ခဒေသကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုတာဖြစ်ပါတယ်။

ကောင်းစွာလေ့ကျင့်လက်နက်အပြည့်စုံတပ်ဆင်ထားတဲ့အာရက္ခတပ်တော်စစ်သည်တွေဟာ ၂၀၁၄ ကတည်းက အာရက္ခဒေသအတွင်းကို ဝင်ရောက်လာခဲ့ကြပြီး မြန်မာစစ်တပ်ကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့ ကြပါတယ်။

ဒါပေမယ့် အုပ်ချုပ်သူတွေက အာရက္ခလူထုကို မြန်မာ့လူ့အဖွဲ့အစည်းရဲ့တစိတ်တပိုင်းအဖြစ်ဆက်ဆံတာမျိုးဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ပထမဆုံး ဒီမိုကရေစီတပိုင်းအစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၅ မေလမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး(NCA)ကို လက်မှတ် ထိုးခဲ့ကြပါတယ်။

နှစ်ဘက်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့လက်မှတ်ရေးထိုးခဲ့ပြီး ခုနှစ်ဖွဲ့ကငြင်းဆိုခဲ့ပါတယ်။

အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အ ပါအဝင် တခြားလေးဖွဲ့ကလည်း လက်မှတ်ထိုးဖို့ ပယ်ချခဲ့ပါတယ်။

TNLA နဲ့ MNDAA ကိုတော့ ဖိတ်ကြားတာတောင် မပြုခဲ့ပါဘူး။

NCA မှာ ပါဝင်ခွင့်ရမယ့် လက်နက်ကိုင်အဖွဲ့တွေကို သတ်မှတ်ရာမှာ တိုင်းရင်း သားဆိုတဲ့စကားဟာ အရေးပါပါတယ်။

အဲဒီသတ်မှတ်ချက်နဲ့မပြည့်မီတဲ့အတွက်အဖွဲ့သစ်ဖြစ်တဲ့ အာရက္ခတပ်တော်ဟာ ဖိတ်ခေါ်မခံခဲ့ရပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖြစ်တောင် အသိမှတ်ပြုမခံရတာက အာရက္ခတပ်တော်အတွက် စိတ်ပျက်ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။

အဲဒီလိုအသိမှတ်ပြုမခံရရင် တခြားဒေသတွေလို ကိုယ်ပိုင်အုပ်ချုပ်ရေးအတွ က် စဉ်းစားချက်ဟာလည်းဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အာရက္ခလူထုအတွက် ထပ်ပြီး စိတ်ပျ က်စရာတွေ ကြုံလာခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP)က အာရက္ခဒေသမှာ နေရာအများစုကို အနိုင်ရခဲ့ပေမယ့် ဘာစီမံအုပ်ချုပ်ခွင့်အာဏာကိုမှ ပေးအပ်မခံခဲ့ရပါဘူး။

အဲဒီအစား တနိုင်ငံလုံးမှာအနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကပဲ အမျိုးသားညီညွတ်ရေးအကြောင်းပြချက်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရယူခဲ့ပါတယ်။

ဒါက အာရက္ခလူထုကို ထပ်ပြီးစိတ်ပျ က် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဟာ အာရက္ခလူထုအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်တွေလက်အောက်ကျရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာမျိုးပေးအပ်ခဲ့ပါတယ်။

အာရက္ခလူထုကို Arakan Defence Force လို့ခေါ်တဲ့ အာရက္ခကာကွယ်ရေးတပ်ကိုလည်း ထူထောင်ခွင့်ပေးခဲ့ပါတ ယ်။

စစ်ကြီးမပြီးခင်မှာ ADF ဟာ မဟာမိတ်တွေနဲ့လက်တွဲခဲ့ပြီး ဗမာပြည်ရဲ့အရေးပါတဲ့တပ်တခုဖြစ်လာခဲ့ပါတယ်။

ပထမမျိုးဆက် Arakan Army ကို က ရင်အမျိုးသားအစည်းအရုံး(KNU) အ ထောက်အပံ့နဲ့ ၁၉၉၁ ဖေဖော်ဝါရီမှာ တည်ထောင်ခဲ့ပါတယ်။

ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်ခိုင်ရာ ဇာ ဖြစ်ပါတယ်။၁၉၉၄ ခုနှစ်၊ဇန်နဝါရီ လမှာ AA အပါအဝင် တခြားရခိုင်လက် နက်ကိုင် သုံးဖွဲ့ ပေါင်းစည်းပြီး National United Party of Arakan (NUPA)ကို ဖွဲ့စည်းခဲ့ကြပြီး လက်နက် ကိုင်တပ်အဖြစ် Arakan Army အမည်ကိုပဲမှည့်ခေါ်ခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဗိုလ်ချုပ်ခိုင်ရာဇာအပါဝင် NUPA/AA ခေါင်းဆောင်တွေနဲ့ KNU ခေါင်း ဆောင်တချို့ လိမ်လည်သတ်ဖြတ်ခံခဲ့ရပြီးနောက်မှာ အာရက္ခပြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွားခဲ့ရပါတယ်။

အာရက္ခတပ်တော်ကိုတော့ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ကချင်ပြည် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းကတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ စစ်တပ်အကယ်ဒမီက လေ့ကျင့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်လက်နက်တပ်ဆင်လေ့ကျင့်ခဲ့ကြပါတယ်။

အာရက္ခတပ်တော်တည်ထောင်စအစောပိုင်းကာလတွေမှာ AA ဟာ KIA အပါအဝင် တခြားတပ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲနည်းစနစ်တွေ၊တောတွင်းတိုက်ခိုက်ရေး ပညာတွေကို အတွေ့အကြုံရယူခဲ့ပါတယ်။

အာရက္ခဒေသကို၂၀၁၄ ခုနှစ်မှာ အခြေချလာခဲ့ပေမယ့် AA ဟာ မဟာမိတ်အ ဖွဲ့ဝင်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

အဲဒီလိုဆက်ရှိနေမှသာ စစ်ဘက်ဆိုင် ရာအထောက်အပံ့တွေကို တရုတ်နယ် စပ်ဖြတ်ကျော်ရနိုင်မယ်လို့ ယူဆပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အ စိုးရအဖွဲ့ဟာ ၂၀၂၀ ခုနှစ်မှာ အာရက္ခတပ်တော်(AA)ကို တိုင်းရင်းသားလက်နက်ကိုင်တပ်အစား အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာရက္ခဒေသဟာတည်ငြိမ်နေတဲ့အတွက်အာ ဏာသိမ်းစစ်တပ်က အကြမ်းဖက်အဖွဲ့ အဖြစ်ကပယ်ဖျက်ပေးခဲ့ပြန်ပါတယ်။

ဒါဟာအာရက္ခတပ်တော်အတွက် အခွင့်ရေးဖြစ်ခဲ့ပြီး ဒေသခံတွေအကူအညီနဲ့ အင်အားတည်ဆောက်ခဲ့ပါတယ်။

အရင်က အင်အားငါးထောင်ခန့်သာရှိခဲ့ပေမယ့် တရုတ်ပြည်ထုတ်လက်နက်တွေနဲ့အပြည့်အဝလေ့ကျင့်ထားတဲ့ တ ပ်သားလေးသောင်းငါးထောင်ကျော်ခန့်ထိကြောက်မခန်းလိလိအင်အားကြီးထွားလာပါတယ်။

၁၀၂၇ စစ်ဆင်ရေ ဒုတိယအပိုင်းမှာ အာရက္ခတပ်တော်ဟာ အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် မြန်မာစစ်တပ်ဟာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြန်ပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခဒေသကိုအခြေချလာပြီးနောက်မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)နဲ့လည်း ထိပ်တိုက်တိုးခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး အာဆာကတော့ ရိုဟင်ဂျာမွတ်ဆလင်တွေဖြစ်ပါတယ်။ ဇာတိမြေအတွက်တိုက်ခိုက်ပြီး ရှင်သန်ဖို့ရုန်းကန်နေရတဲ့ အာရက္ခတပ်တော်အတွက် ရိုဟင်ဂျာတွေနဲ့လည်း ဆန့်ကျင်ဖက်ဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ ၂၀၁၆ ၊၂၀၁၇ မှာ မြန်မာစစ်တပ်ဟာ ARSA ကို ပစ် မှတ်ထားတိုက်ခိုက်ပြီး တိုင်းပြည်ကမောင်းထုတ်ခဲ့ပေမယ့် အာရက္ခတပ်တော်ကတော့ အလေးအနက်သိပ်ထား ခဲ့ဟန်မတူပါဘူး။

အာဆာကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာအစိုးရက ၂၀၁၇ ခုနှစ်ဩဂုတ်လ ၂၅ မှာ ကြေညာခဲ့ပါတယ်။ အကြောင်းကတော့ မြန်မာအကျိုးစီးပွားနဲ့မကိုက်ညီနဲ့ပြင်ပအကြမ်းဖက်အုပ်စုတွေနဲ့ ဆက်စပ်နေတာကြောင့်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့အာဆာကို တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးကြောင့်ဒုက္ခသည်အများ အပြားဟာနယ်စပ်ကိုဖြတ်ကျော်ပြီးဘင်္လားဒေ့ရှ်နဲ့ အိန္ဒိယကို ဝင်ရောက်လာခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက မြန်မာစစ်တပ်ကို နုပျိုတက်ကြွတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး အရှင်ဝီရသူလွှမ်းမိုးတဲ့ကာလလို့လည်းဆိုပါတယ်။

မြန်မာလူမျိုးအများစုဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး အရှင်ဝီရသူတို့လိုပုဂ္ဂိုလ်တွေရဲ့လွှမ်းမိုးမှုရှိပါတယ် ။

ဝီရသူကိုဘာသာရေးအမုန်းတရားပြောကြားမှုနဲ့ ၂၀၀၃ ခုနှစ်မှာ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့ပေမယ့် ၂၀၁၁မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဝီရသူက ဦးသိန်းစိန်အစိုးရကို ထောက်ခံခဲ့ပြီး မွတ်ဆလင်တွေကို တတိယနိုင်ငံပို့ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့အမျိုးဘာသာသာ သနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရည်ရွက်ချက်က လူ မျိုးရေးကာကွယ်တာဖြစ်ပြီး “ဗမာတွေဟာ ဗမာတွေအတွက်” ဆိုပြီးတော့ကြွေးကြော်ခဲ့ပါတယ်။

ဝီရသူဟာ မြန်မာနိုင်ငံရှိ မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်တဲ့ဟောပြောချက်တွေကြောင့် လူသိများပါတယ်။

၂၀၁၆ မှ ၂၀၁၇ အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရှင်းလင်းမှုစစ် ဆင်ရေးတွေဟာ ဝီရသူရဲ့ မွတ်ဆလင်ဆန့်ကျင်ရေးဟောပြောချက်တွေနဲ့ ဆ က်စပ်နိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အာဆာဟာ အာရက္ခဒေ သက ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့ပြီး ၂၀၁၉ မှ၂၀၂၀ မှာတော့ အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေ စတင်ခဲ့ပါတ ယ်။

လက်ရှိအခြေအနေ

၁၀၂၇ စစ်ဆင်ရေးစပြီးတဲ့နောက်မှာ နိုင်ငံတဝှမ်းမှာလည်း ထိုးစစ်တွေ စတ င်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အာရက္ခဒေသမှာ ရခိုင်ထိုး စစ်၊ကရင်နီမှာ စစ်ဆင်ရေး ၁၁ဝ၇၊၁၁ ၁၁နဲ့တခြားထိုးစစ်တွေအဖြစ် စစ်ကိုင်း တိုင်းနဲ့ချင်းပြည်မှာလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNL A နဲ့ MNDAA ဟာ ရှမ်းမြောက်တခုလုံးနီးပါးနဲ့မြို့တော်ဖြစ်တဲ့ လာရှိုးကို သိမ်း ပိုက်ခဲ့ပါတယ်။

အာရက္ခတပ်တော်လည်း အာရက္ခဒေသတခုလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး အ ဓိကဆိပ်ကမ်းမြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူသာ ကျန်ပါတယ်။

မြန်မာစစ်တပ်ရဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂ဝ၂၄ ခုနှစ်၊ဩဂုတ် လ ၃ ရက်နေ့မှာ MNDAA က သိမ်းပိုက်ခဲ့ပြီး အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ၂၀၂ ၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့ပါတယ်။

နယ်မြေခံစစ်ဌာနချုပ်နှစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီး မြန်မာစစ်တပ်မှအကြီးတန်းအရာရှိအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

အာရက္ခဒေသရှိ မောင်တောကိုသိမ်းပို က်ခဲ့ပြီးနောက်မှာ ၂၇၀ ကီလိုမီတာထိ ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တလျှောက်ကို အာရက္ခတပ်တော်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့အာဏာသိမ်းစစ်တပ်နဲ့ MNDAA ကြား ၂၀ ၂၅ ခုနှစ်၊ဇန်နဝါရီလမှာ အပစ်ခတ်ရပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ MNDAA ဟာ လာရှိုးမြို့ကို လက်လွှတ်ခဲ့ပါတယ်။

TNLA ဟာလည်း အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေပြီး မြန်မာစစ်တပ်က TNL A သိမ်းပိုက်ထားတဲ့နယ်မြေအများစုကို တောင်းဆိုနေပါတယ်။

စစ်ဆင်ရေးမစခင်ကနယ်မြေတွေကို ပြန်ပေးဖို့ TNLA လက်မခံနိုင်တဲ့ အတွက် အပစ်ခတ်ရပ်စဲရေးဖြစ်မလာသေး ပါဘူး။

MNDAA ကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက အပစ်ခတ်ရပ်စဲရေးနဲ့ ရပ်တည်နေပြီး TNLA ကို ချေမှုန်းနိုင်ရေးအတွက် အထောက်အပံ့တွေ ဖြတ်တောက်ပေးဖို့ တရုတ်နိုင်ငံကို မြန်မာစစ်တပ်က တောင်းဆိုခဲ့ပါတယ်။

တရုတ်ကလည်း လိုက်လျောပေးခဲ့ပြီး နယ်စပ်ဂိတ်တွေကိုပိတ်ပစ်ခဲ့ပါတယ်။

ဒီအချက်တွေကြောင့် မြန်မာစစ်တပ်က ပြည်မကြီးနဲ့ တရုတ်နယ်စပ်ကြားမှာ TNLA ကို အပြင်းအထန်ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။

မကြာခင် TNLA နောက်ဆုတ်ရဖွယ်ရှိနေပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှာ အာရက္ခတပ်တော်တဖွဲ့သာ ကျန်ခဲ့မယ့် အနေအထားဖြစ်ပါတယ်။

အိန္ဒိယရဲ့ကုလားတန်ဘက်စုံသုံးစီမံကိန်းတည်ရှိတဲ့ ချင်းပြည်၊ပလက်ဝဒေသကိုလည်း အာရက္ခတပ်တော်ထိန်းချုပ်ထားပါတယ်။

အာရက္ခလူထုကတော့ အိန္ဒိယစီမံကိန်းဆိပ်ကမ်းတည်ရှိတဲ့ ပလက်ဝဒေသကို အာရက္ခဒေသရဲ့တစိတ်တပိုင်းအဖြစ် အမြဲတမ်းယုံကြည်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံလုပ်ဆောင်နေတဲ့ China Myanmar Economic Corridor (CMEC)တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းရဲ့အရေးပါတဲ့ ကျောက် ဖြူရေနက်ဆိပ်ကမ်းအနီးမှာလည်း အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားနိုင်တာကြောင့် အာရက္ခတပ်တော်ဟာ စီမံကိန်းရဲ့အရေးပါတဲ့ဆွေးနွေးဖ က်ဖြစ်လာပါတယ်။

CMEC ဆိုတာ စွမ်းအင်လိုအပ်ချက်ရှိနေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ကို ပင်လယ်ထွက်ပေါက်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ပြီးတော့ တရုတ်နိုင်ငံရဲ့မလက္ကာအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခလူထုဟာ စစ်တွေနဲ့ကျောက်ဖြူရဲ့ နိုင်ငံတကာကုန်သွယ်မှုမှကြီးမားတဲ့အကျိုးအမြတ်တွေရလာနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။

အာရက္ခတပ်တော်ဟာ တခြားလက်န က်ကိုင်အဖွဲ့တွေကို ပေးအပ်ထားတဲ့ အ ထူးအုပ်ချုပ်ရေးဒေသထက် မနိမ့်တဲ့ အခြေအနေမျိုးရောက်တဲ့ထိဘယ်လိုမှ ရပ်တန့်မှာ မဟုတ်ပါဘူး။

ဒါဟာ သူတို့ရဲ့အမျိုးသားအဆင့်ရပိုင်ခွင့်လည်းဖြစ်ပါတယ်။

အဲဒီအထူးဒေသအဆင့်အတန်းနဲ့အခွင့်အရေးဟာ ဘယ်လောက်ဖြစ်မလဲဆိုတာကတော့ နောက်မေးခွန်းတခုဖြစ်ပါလိမ့်မယ်။

ULA/AA ဟာ ကျောက်ဖြူနဲ့ စစ်တွေရှိဆိပ်ကမ်းတွေကိုပါ ထိမ်းချုပ်ဖို့လိုနေပြီး စေ့စပ်ညှိနှိုင်းတဲ့ခါအလုပ်ဖြစ်ဖို့ အထောက်အကူပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့တရုတ်နိုင်ငံရဲ့အထူးစီးပွား ရေးဇုန်(SEZ)စစ်တွေနဲ့ကျောက်ဖြူမှာသူတို့နိုင်ငံတွေရဲ့စီမံကိန်းတစိတ်တပိုင်းအဖြစ်ဖော်ဆောင်နေကြပါတယ်။

အိန္ဒိယနဲ့တရုတ်နိုင်ငံအတွက်ကတော့ ရွေးကောက်ခံအစိုးရထက် လက်နက် ကိုင်တပ်ဖွဲ့နဲ့ ညှိနှိုင်းရတာဖြစ်ပြီး နိုင်ငံ တကာဆက်ဆံရေးမှာမကြားဖူးတဲ့အ ရာတခုဖြစ်လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀ ၂၅ ခုနှစ်၊ ဇူလိုင်လမှာအစိုးရအသစ်ပြန်ဖွဲ့ခဲ့ပြီး သူအမြဲတမ်းလိုချင်ခဲ့တဲ့ ယာယီသမ္မတတာဝန်ကို ရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိမ်းသိမ်းထားပြီး ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အရေးပေါ် အခြေအနေကို ရုတ်သိမ်းခဲ့ပြီး တချို့နေရာတွေမှာတော့ စစ်အုပ်ချုပ်ရေးဆက်ရှိနေပါတယ်။

ရွေးကောက်ပွဲမတိုင်မီ မြန်မာစစ်တပ်ဟာ TNLA, AA ကြားဆွေးနွေးဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။

ဒါမှသာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာဖွယ်ရှိနေပြီး မဟုတ်ရင်တော့ ရွေး ကောက်ပွဲဟာ နောက်တကြိမ်လည်းဟန်ပြအဆင့်သာရှိနေပါလိမ့်မယ်။

အချိန်နည်းနည်းပဲရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေ မြန်မာနိုင်ငံကိုနေရပ်ပြန်ပို့ရေးကတော့ အစိုးရသစ်တက်လာတဲ့ထိ စောင့်ရပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့အတွက်က တော့ အစိုးရရဲ့ပုံစံချမှတ်ထားတဲ့မူဝါဒတွေအပေါ်မှာ လုံးဝမူတည်နေမှာဖြစ်ပါတယ်။

အာရက္ခစင်္ကြန်လမ်း

အာရက္ခဒေသရဲ့ အခြေအနေတွေအရ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေလိုအပ်နေတဲ့ ဒေသတွင်းမှာပိတ်မိနေတဲ့ ပြည်သူတွေဆီကို အကူအညီပေးနိုင်ဖို့ စင်္ကြန်လမ်းတခု တည်ထောင်ဖို့လိုအပ်ခဲ့ပါတယ်။

အဲဒီလိုအပ်ချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က ၂၀၂၅ ခုနှစ်၊ မတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့စဉ်က ကတိပြုခဲ့ပါတယ်။

ဂူတာရက်စ်နဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိသုံးဦးလည်း ဧပြီလတွင်လိုက်ပါခဲ့ပြီး စီမံကိန်းမှာ အမေရိကန်ပါဝင်ပတ်သက်နိုင်တ ယ်ဆိုတဲ့ သံသယတွေမြင့်တက်လာခဲ့ပါတယ်။

အမေရိကန်ဟာ Burma Act ကို ပြဋ္ဌားန်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ PDF တပ်ဖွဲ့တွေကို လူမသေစေနိုင်တဲ့အကူအညီတွေထောက်ပံ့ဖို့ခွင့်ပြုခဲ့ပါတယ်။

လူမသစေဆေိုတဲ့အသုံးအနှုန်းမှာ ယူနီဖောင်းတွေ၊ ကျည်ကာ၊ သံချပ်ကာ စစ်ကား၊ ရေဒါ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန်ကအထောက်အပံ့တွေ ပေးအပ်နေတယ်ဆိုတဲ့သက်သေအထောက်ထားကတော့ မရှိသေးပါဘူး။

အမှန်တကယ်လည်း ဘင်္ဂလားဒေ့ရှ်ဟာ လက်ခံထားတာမျိုးမရှိသေးပါဘူး။အထူးသဖြင့် စစ်ဘက်ဆိုင်ရာအထောက်အပံ့ဟာ တတိယနိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးပြုခဲ့တယ်လို့ တခြားနိုင်ငံတွေက ယူဆသွားနိုင်ပါတယ်။

အဲဒီလိုစွန့်စားပြီး လုပ်ဆောင်တာက မုန်တိုင်းမျက်စိထဲကိုရောက်သွားသလို အန္တရာယ်ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်က သတိပြုမိပုံရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုကြားခံအဖြစ် အသုံချပြီး ဒေသတွင်းရှိ အိန္ဒိယနဲ့တရုတ်ရဲ့အကျိုးစီးပွားတွေအပါအဝင် အင်အားကြီးနိုင်ငံတွေကြား နိုင်ငံရေးကစားကွက် ဖန်တီးလာနိုင်ပါတယ်။

အိန္ဒိယနဲ့ တရုတ်အကျိုးစီးပွား

မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးပါတာကို ရှေ့မှာဖော်ပြခဲ့ပြီးပါပြီ။

တရုတ်နိုင်ငံရဲ့မဟာဗျုဟာ၊ စီးပွားရေးနဲ့ ဒေသတွင်းအကျိုးစီးပွားတွေက မြန်မာ နိုင်ငံရဲ့ကောင်းမွန်တဲ့ သဘာဝပတ်ဝန်း ကျင်အပေါ်မှာ အများကြီးမှီခိုနေပါတ ယ်။

မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်တလျှောက်ရှိတိုင်းရင်းသားလက်နက် ကိုင်အများစုဟာ CMECနဲ့ ထိထိရောက်ရောက်ဆက်စပ်နေပါတယ်။

အာရက္ခဒေသရှိ CMEC ရဲ့ဂိတ်ပေါက်ဖြစ်တဲ့ ကျောက်ဖြူဟာလည်း အတူတူပါဘဲ။

ဒါဟာ တရုတ်နိုင်ငံရဲ့ “ယုန်နဲ့ပြေးပြီး ခွေးနဲ့အမဲလိုက်” ဆိုတဲ့ နိယာမကို အမြဲ တမ်းကျင့်သုံးနေရတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။

အဲဒါကြောင့် တရုတ်ဟာ ရွေးချယ်စရာ သိပ်မရှိပေမယ့် မြန်မာစစ်တပ်နဲ့မဟာဗျုဟာမြောက်သံတမန်ရေးအရဆက် ဆံနေချိန်မှာ တိုင်းရင်းသားလက်နက် ကိုင်တွေကိုလည်း တဖက်လှည့်နဲ့ထိန်းထားနိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယအကျိုးစီးပွား အတွက်လည်း အရေးပါလှပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဟာ အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသ(NER)အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။

အဲဒါကြောင့် မြန်မာပြည်မငြိမ်းချမ်းသမျှ အိန္ဒိယအရှေ့ဖက်နယ်စပ်တလျှောက်လည်း ဘယ်တော့မှ လုံခြုံတည်ငြိမ်မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံဟာ NER ကို အရှေ့တောင်အာရှနဲ့ အရှေ့အာရှဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးမယ့် အိန္ဒိယအရှေ့မူဝါဒရဲ့တံခါးပေါက်လည်းဖြစ်ပါတယ်။

အိန္ဒိယအမျိုးသားလုံခြုံရေးအမြင်အရ ကြည့်ရင်လည်း ကုလားတန်ဘက်စုံသုံး စီမံကိန်းဟာ ဆူလီဂူရီစင်္ကြန်လမ်းရဲ့ ခြိမ်းခြောက်ခံရမှုကိုကျော်ဖြတ်ဖို့ဖြစ်ပါတယ်။

ပြီးရင်ကာလကတ္တားမှအာရက္ခဒေသ စစ်တွေကိုဝင်ရောက်ပြီး အဲဒီကနေတဆင့်မီဇိုရမ်ပြည်နယ်၊ ဇိုရိမ်ပူကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ အရှေ့ဖက်တခုလုံးကို ဝိုင်းရံထားတဲ့ တရုတ်ကို စိုးရိမ်နေတဲ့အိန္ဒိယအတွက် ဖြေရှင်းချက်တခုလည်း ဖြစ်ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုက မြန်မာစစ်တပ်ကို အထိနာစေခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ရဲ့အဓိကရှုံးနိမ့်မှုတခုလည်း ဖြစ်ပါတယ်။

ခုအချိန်ထိမြန်မာစစ်တပ်ရဲ့ အကြီးမားဆုံးနည်းဗျူဟာအရှက်ကွဲမှုဖြစ်ပြီး သူရဲ့အနိုင်မခံအရှုံးမပေးတဲ့ပုံပြင်ကို ချိုးဖျက်နိုင်ခဲ့တာသံသယဖြစ်စရာမရှိပါဘူး။

တချိန်မှာ သူပုန်အဖွဲ့တွေနဲ့ PDF တွေဟာလည်း တိုက်ပွဲမှာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို သိမ်းပိုက်နိုင်တယ်ဆိုတာ ခံစားလာရစေပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခဒေသတခုလုံးလွတ်မြောက်အောင်လုပ်ဆော င်ပြီး မြန်မာ့နိုင်ငံရေးနေရောင်ခြည်အောက်မှာ သူ့ရဲ့အခန်းကဏ္ဍကို သက်သေထူလာနိုင်ပါတယ်။

ရိုဟင်ဂျာတွေ အတွက်ကတော့ အနာဂတ်မှာ တိကျတဲ့ကတိကဝတ်မရှိသေးပါဘူး။

အာရက္ခတပ်တော်ဟာ အားလုံးပါဝင်တဲ့ အစိုးရအဖွဲကို ဖွဲ့စည်းပြီး အုပ်ချုပ်မယ်လို့ ကတိပေးထားပေမယ့် ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စစ်တမ်းတချို့က ဆိုပါတယ်။

အာရက္ခတပ်တော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်အသိမှတ်ပြုပြီး အထူးအုပ်ချုပ်ရေးနယ်မြေအဖြစ်ခွင့်ပြုလာရမယ့် အနေအထားဟာလည်း နောက်တဆင့်မှာ ဖြစ်လာနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ အာဏာသိမ်းမှုဟာ မြန်မာစစ်တပ်အတွက်အမြတ်ထက် ဆုံးရှုံးမှုပိုများပါတယ်။

အမြန်လုပ်လိုက်ပြီးနောက်ဆက်တွဲ ရလာဒ်ကိုမခန့်မှန်းမိခဲ့တာကြောင့် သေချာစီမံမထားနိုင်ခဲ့ပါဘူး။

မူလအနေအထားဆုံးရှုံးရတာအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူလူထုအုံကြွမှုတွေဟာ မြန်မာစစ်တပ် ပြန်သင်ရမယ့်သင်ခန်းစာတွေ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အစိုးရ၊အုပ်ချုပ်ရေးနဲ့ စစ်တပ်တခုကို ထိမ်းသိမ်းရာမှာ အလွန်အကျွံအစွမ်းကုန်အားထုတ်နေရတာ သိသာနေပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုသည်းမခံနိုင်ဘဲရပ်တည်ကြတဲ့ပြည်သူတွေရဲ့ဆန္ဒကိုထင်ရှားစေခဲ့ပါတယ်။

အနာဂတ်မှာ လိုအပ်လာပါက အလားတူတုံ့ပြန်နိုင်တဲ့စွမ်းရည်ကိုလည်း သက်သေပြခဲ့ကြတာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေ အားလုံးဟာ မြန်မာစစ်တပ်ရဲ့အုပ်ချုပ်မှုနေ့ရက်တွေကုန်ဆုံးပြီး စစ်တန်းလျားတွေကို ပြန်ရမယ့်အချိန်ရောက်ပြီလို့ မြန်မာစစ် တပ်ကို ခိုင်လုံတဲ့သတင်းစကားပေးပို့ခဲ့ကြတာပဲဖြစ်ပါတယ်။

(Shakti Gurung ဟာ စာရေးဆရာနဲ့အိန္ဒိယစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားအရာရှိတဦးဖြစ်ပါတယ်)

(Frontline – The Hindu Shakti Gurung; How the Arakan Army found its place under Myanmar’s sun ကို နရမိတ်လှ ဘာသာပြန်ထားပါတယ်။)

PrevPreviousစစ်ကော်မရှင်ရဲ့ကြည်း၊ရေ၊လေအဖွဲ့ အိန္ဒိယနိုင်ငံသို့သွားရောက်
Nextမတ္တရာမြို့နယ်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးသုံးဦးသေဆုံးNext
Previous Post

စစ်ကော်မရှင်ရဲ့ကြည်း၊ရေ၊လေအဖွဲ့ အိန္ဒိယနိုင်ငံသို့သွားရောက်

Next Post

မတ္တရာမြို့နယ်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးသုံးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ချင်းတပ်ဖွဲ့ဗဟိုကော်မတီဝင်အပါအဝင် သုံးဦးလုပ်ကြံခံရမှု အမှုမှန်ပေါ်ရေးဆောင်ရွက်မယ်

August 16, 2026

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

August 16, 2026
ဓာတ်ပုံ - ​Al Jazeera

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူငါးဆယ့်တဦးရှိလာ

August 16, 2026

သံတွဲမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖနှစ်ဦးသေဆုံး

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page