Border News Agency
မောင်တော၊ စက်တင်ဘာ ၁၉။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ အာရက္ခပြည်သူတွေအနေနဲ့တောတောင်တွေ၊ လူပြတ်တဲ့နေရာတွေ၊ တခြားအရေးပေါ်ကိစွတွေကြောင့် သွားလာရာမှာအာရက္ခပြည်သူ့တော် လှန်ရေးအစိုးရကို အသိပေးသွားလာကြဖို့ စက်တင်ဘာလ ၁၉ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
အာရက္ခဒေသမှာအစ္စလာမ်မစ်အစွန်း ရောက်အဖွဲ့တွေ့ရဲ့အကြမ်းဖက်မှုတွေကြောင့် အာရက္ခပြည်သူတွေအနေနဲ့တောတောင်တွေ၊လူပြတ်တဲ့နေရာတွေကိုသွားလာကြချိန်မှာ တဦးတည်း၊ လူအနည်းနဲ့သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
အဲဒီအပြင်ကျန်းမာရေးကိစ္စ၊ မသွားမဖြစ်သွားလာရမယ့်အရေးကြီးကိစ္စတွေရှိရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှသွားလာကြပါဖို့လည်း သတိပေးထားတာပါ။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခတပ်တော်ရဲ့ပြည်သူ့လုံခြုံရေးတွေ အချိန်ပြည့်မဆောင်ရွက်နိုင်သေးတာကို အခွင့်ကောင်းယူပြီး နတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေမှတဆင့် အာရက္ခဒေသရဲ့မောင်တောခရိုင်ကို ဝင်ရောက်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။
မောင်တောခရိုင်အတွင်းသို့ နယ်စပ်မှတဆင့် ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာလူသူကင်းမဲ့တဲ့တောတောင်တွေ၊လူပြလူပြတ်တဲ့နေရာတွေမှာဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာနေကြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒေသခံပြည်သူလူထုတွေထဲမှမူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာတွေကို ခုရက်ပိုင်းတွေမှာ ဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ နယ်စပ်ဒေသတွေ၊တောတောင်တွေကို သွားလို့ရှိရင် ဂရုတစိုက်သွားလာကြဖို့၊တခြားအရေးပေါ်ကိစွတွေကြောင့် သွားလာရာမှာအာရက္ခပြည်သူ့တော် လှန်ရေးအစိုးရကို အသိပေးသွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊မောင်တောခရိုင်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်းရောက်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အရပ်သားငါးဦးကို ဖမ်းဆီးသ တ်ဖြတ်လိုက်တယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေလည်းမကြာခဏကျူးလွန်နေကြသလို ကျွဲ၊ နွား၊ ဆိတ်စတဲ့ တိရိစ္ဆာန်တွေကို အုပ်စုလိုက်ခိုးယူနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။