၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
၁။မောင်တောအခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက်မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်ခန့်က မောင်တောမြို့၊ နေအိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါသည်။
၂။ ထိုသို့လာရောက်ခေါ်ဆောင်သွားသောအဖွဲ့အစည်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ၏ ထောက်လှမ်းရေးဟု သိရပါသည်။
၃။ ထိုသို့လာရောက်ခေါ်ဆောင်သွားပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ ထောက်လှမ်းရေးရုံးတွင် စစ်ဆေးနေသည်ဟု သိရှိရပါသည်။
၄။ Border News Agency ၏ တန်ဖိုးသည် ပဋိပက္ခပေါင်းစုံကြုံတွေ့နေကြရသည့် အာရက္ခဒေသတွင် ဗဟုဝါဒ၊စုံလ င်ကွဲပြားမှုများကို မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးနှင့်လူမှုသဟဇာတဖြစ်မှုအပေါ် အခြေခံပါသည်။
၅။ Border News Agencyသည် အာရက္ခဒေသရှိ ဘာသာပေါင်းစုံနှင့် လူနည်းစုများ၏အသံများကို ဖော်ထုတ်ပြီ ကွာဟချက်ကို ပေါင်းကူးပေးနိုင်သည်ဟု အခိုင်အမာယုံကြည်ပါသည်။
၆။ အမျိုးသမီးသတင်းထောက် မုဒြာနှင့်ပတ်သက်ပြီးနားလည်မှုလွှဲမှားနေသည်များရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
၇။ ထို့ကြောင့် လာရောက်ခေါ်ဆောင်သွား ကြသူများအနေဖြင့်မိသားစုဝင်များ၏စိုးရိမ်ပူပန်မှုအပေါ်တွင် လူသားချင်းစာနာမှုအရလည်းကောင်း၊ နိုင်ငံတကာဥပဒေများကိုအလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အယ်ဒီတာအဖွဲ့
Border News Agency
bordernewsagency@protonmail.com






