Border News Agency
ကိုးကန့်၊ စက်တင်ဘာ၂၀ ။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ သိန္နီခရိုင်စီးပွားရေးနဲ့အကောက်ခွန်လုပ်ငန်းသင်တန်း ဆင်းပွဲပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ လ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို သိန္နီခရိုင်ယာယီခရိုင်မှူး Mr. Peng De Zhi၊ ဒုတိယခရိုင်မှူး Mr. Chen Guo Xiang၊ ခရိုင်ဘဏ္ဍာရေးဦးစီးဌာနဒုတိယဦးစီးဌာနမှူး Mr. Chen Xing၊ သစ်တောနဲ့ဆည်မြောင်းဦးစီးဌာနရဲ့ဒုတိယဦးစီးဌာနမှူး Mr. Duan Shi Ping၊ ပညာရေး၊ ကျန်းမာရေးဦးစီးဌာနမှူး Mr. Yang Hui Qiang တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သင်တန်းဆရာတွေနဲ့သင်တန်းသား ၅၈ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာ မူဝါဒကိုနားလည်သူအဖြစ်ဆောင်ရွက်ဖို့၊ စီးပွားရေးနဲ့အခွန်ဥပဒေတွေကို တိတိကျကျကျွမ်းကျင်မှုရှိအောင်တက်မြောက်ပြီးဥပဒေနဲ့အညီဆောင်ရွက်ဖို့၊ လုပ်ငန်းကိုလက်တွေ့ဆောင်ရွက်ဖို့၊ ပညာရပ်ကျွမ်းကျင်မှုကို အသုံးချပြီး ထိရောက်မှုကိုမြင့်တင်ဖို့၊ ကုန်ကျစာရိတ်လျှော့ချတာတွေကိုဆောင်ရွက်ဖို့အကြောင်းအရာတွေကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ဆက်သွယ်ရေးလမ်းကြောင်းအဖြစ်ဆောင်ရွက်ရာမှာ မူဝါဒအကျိုးကျေးဇူးတွေကိုပြန်ပြီးဖြန့်ဝေတာ၊ လက်တွေ့ပြဿနာတွေကိုပြန်ပြီးတင်ပြတာနဲ့ မူဝါဒမြှင့်တင်နိုင်ဖို့၊ သင်ယူမှုစံနမူနာအဖြစ် ဆောင်ရွက်ဖို့၊ နိုင်ငံရေးအတွေးအခေါ်နဲ့ စွမ်းရည်စုံကို အဆက်မပြတ်မြှင့်တင်ကာ ဝန်ဆောင်မှုအခြေခံကို ခိုင်မာစေဖို့၊ အထူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ့် အကြောင်းအရာတွေကိုလည်း သင်ကြားခဲ့တယ်လို့ဆိုပါတယ်။












Comments 1
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.