Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၅။
စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသန်းစိုးနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးတွေ့ခဲ့ကြတယ်လို့ စက်တင်ဘာလ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဦးသန်းစိုးဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov နဲ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ခဲ့တာပါ။
သူတို့ဟာ ရွေးကောက်ပွဲကို အပိုင်းလို က်စီမံဆောင်ရွက်ထားရှိမှု၊ နိုင်ငံပြင်ပကြိုတင်မဲပေးတာ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေ၊ ပြောင်းလဲကျင့်သုံးမယ့်ရွေးကောက်ပွဲစနစ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖိတ်ကြားမယ့်အခြေအနေ၊ ကိုယ်စားလှယ်လောင်းလျှောက်ထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားမှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလ၂၈ ရက်နေ့မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ထုတ်ပြန်ထားပြီး တနိုင်ငံလုံးအဆင့်ခြောက်ပါတီ၊ ပြည်နယ်၊တိုင်းဒေသကြီးအဆင့်ငါးဆယ့်တပါတီဝင်ပြိုင်မယ်လို့ထုတ်ပြန်ထားပါတယ်။






