Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာလ ၂၆။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့ နယ်မှာ စစ်ဘေးရှောင်တိမ်းနေတဲ့ အ မျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
သူတို့ဟာ ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာက အသက်ငါးဆယ်ခုနှစ်နှစ်အရွယ်ဦးသိန်းကျော်အောင်၊ အသက်သုံးဆယ်နှစ်နှစ်အရွယ်ဒေါ်တင်တင်ဆန်းနဲ့ အသက်လေးဆယ်နှစ်အရွယ်ဒေါ်မခိုင်ဦးဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့တွေကို စက်တင်ဘာလ ၂၅ရက်၊ နေ့လယ်ပိုင်းအချိန်မှာ ဂေါ်တူကျေးရွာအနီးကချောင်းနားမှာကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
သူတို့ဟာ ကျောက်ဖြူမြို့နယ်၊ချောင်းဝကျေးရွာမှာ စစ်ဘေးရှောင်တိမ်း နေ ထိုင်ကြသူတွေဖြစ်ပြီး ဇာတိကျေးရွာဖြစ်တဲ့ဂေါ်တူကျေးရွာက စိုက်ခင်းမှာ ဟင်းသီးဟင်းရွက်သွားခူးရာကနေ ဖ မ်းဆီးခံလိုက်ရတာလို့လည်း ဆိုကြပါတယ်။
“သူတို့တွေက စစ်ဘေးရှောင်တွေ ရွာမှာကျန်ခဲ့တဲ့ စိုက်ခင်းကနေ ဟင်းသွားခူးတာ။အဲဒါဂေါ်တူရွာနားက ချောင်းအ နားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းသွားကြတာ။” လို့ ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
သူတို့သုံးဦးကို ဘာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးသလိုစစ်ကော်မရှင်တပ်ကဂေါ်တူကျေး ရွာအနီးက တပ်စခန်းတခုမှာ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
သူတို့သုံးဦးပြန်လည်လွတ်မလာသေးတဲ့အတွက် မိသားစုဝင်တွေမှာ စိုးရိမ်နေကြရတယ်လို့လည်း ဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ဟာ ဖေဖော် ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
စစ်ကော်မရှင်တပ်ဟာ ဂေါ်တူကျေးရွာမှာ စစ်ကြောင်းထိုးသွားလာလှုပ်ရှားမှုတွေပြုလုပ်နေလို့ ကျေးရွာသားတွေအိုး အိမ်စွန့်ခွာစစ်ဘေးရှောင်နေကြရပါတယ်။
ကျောက်ဖြူမြို့နယ်၊ ဝါးတောကျေးရွာမှာ စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်ဘေးရှောင်နေတဲ့ ကြံချိုင်ကျေးရွာက ဒေသခံနှစ်ဦးကို စစ်ကော်မရှင်တပ် ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။