Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၆။
လာမယ့်အထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကဟောပြောရာမှာ တပ်မတော်ပြိုကွဲအောင် ဒါမှမဟုတ် တပ်မတော်ရဲ့ဂုဏ်သိက္ခာထိခိုက်စေမယ့် ဟောပြောမှုတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောပါတယ်။
နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ရုပ်မြင်သံ ကြားအစီအစဉ်တွေကဟောပြောတင် ပြခွင့်နဲ့ပတ်သက်လို့ စက်တင်ဘာလ ၂ ၅ ရက်နေ့ ထုတ်ပြန်ဖော်ပြထားတာပါ။
အဲဒီအပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုထိခိုက်စေတဲ့ဟောပြောမှု၊ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့အေး ချမ်းသာယာရေးကို ထိခိုက်စေတဲ့ဟော ပြောမှု၊ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှု၊နိုင်ငံတော်ကိုအကြည် ညိုပျက်စေဖို့ ဒါမှမဟုတ် ဂုဏ်သိက္ခာထိပါးစေဖို့ ဟောပြောမှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။
နိုင်ငံရေးပါတီတွေဟာနိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်သံတွေမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို အောက်တိုဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ခွင့်ပြုသွားမယ်လို့ဆိုပါတယ်။
အဲဒီလိုမဲဆွယ်ဟောပြောမှုတွေအတွက် စာသားကို ကြိုတင်ခွင့်ပြုချက်ယူရမ ယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်က ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်း ပပြုလုပ်ဖို့ ကြေညာထားပါတယ်။
အဲဒီရွေးကောက်ပွဲကိုအာရက္ခတပ်တော် (AA)အပါအဝင် တိုင်းရင်းသားလက်န က်ကိုင်တပ်ဖွဲ့တွေနဲ့အတိုက်အခံအင် အားစုတွေ သပိတ်မှောက်ထားကြပါတ ယ်။
ရခိုင်မှာရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြော က်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဖြစ်ပါတယ်။