Border News Agency
ကွတ်ခိုင်၊အောက်တိုဘာ ၄။
ကွတ်ခိုင်မြို့မှာ အမျိုးသမီးငယ်တဦးဟာ အောက်တိုဘာလ ၂ ရက်၊မနေ့က ညနေ ၃ နာရီအချိန်မှာ အဓမ္မပြုကျင့်ခံရပြီးသတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ် ။
အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရတဲ့အမျိုးသမီးငယ်မှာ တပ်မဟာ (၇) နယ် မြေ၊ကွတ်ခိုင်မြို့၊ရပ်ကွက် (၈)မှာနေ ထိုင်တဲ့ အသက်ရှစ်နှစ်အရွယ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးငယ်ဟာ အောက်တို ဘာလ ၂ ရက်၊မနေ့က ညနေ ၃ နာရီအ ချိန်မှာ ရပ်ကွက် ၈ မှ ဂျပန်စာသင်ပြီး ကျောင်းကအိမ်ပြန်လာခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန် အမျိုးသားတဦးဟာ ဂေါက် ကွင်းလမ်းခုလတ်အနီးက ချုံအတွင်းသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။
သူမကိုလည်ပင်းမှာ ဓားခုတ်ဒဏ်ရာတချက်နဲ့သေဆုံးနေတဲ့ အလောင်းကို ဂေါ က်ကွင်းလမ်းခုလတ်အနားက ချုံတောမှာ ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
တအာင်းပြည်၊ မြို့နယ်ရဲတပ်ဖွဲ့က အမှုအတွက် သွားရောက်စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူတရားခံကို အရေးယူနိုင်ဖို့ရှာဖွေစုံစမ်းနေတယ်လို့လည်းဆိုပါတယ်။