Border News Agency
မိုင်းငေါ့၊ အောက်တိုဘာ ၈။
မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာ လ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ငေါ့မြို့၊ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို ဒီနေ့မနက် ၁၁ နာရီ ၅ မိနစ်အချိန်ကလေကြောင်းမှပေါင်၂၅၀ ဗုံးနှစ်လုံး၊ ရော့ကဒ်ဗုံးလေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအသက်ငါးဆယ်အရွယ်ဒေါ်လှရီ၊အသက်ငါးဆယ်ခြောက်နှစ်အရွယ်ဦးရွှေဟုန်းထိမှန်သေဆုံးခဲ့ပြီး အသက်ဆယ့်ရှစ်နှစ်အရွယ်မထွေးထွေးအောင်နဲ့ အသက်ငါးဆယ်အရွယ် ဦးတင်မောင်အေးတို့ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် ပြည်သူနေအိမ်ရှစ်အိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းလုံမြို့နယ်၊မန်ဟုန်းကျေးရွာကိုလည်း အောက်တိုဘာလ ၇ ရက်၊နေ့လ ည် ၁၂ နာရီ ၃၀ မိနစ်အချိန်ကလေ ကြောင်းမှပေါင်၂၅၀ဗုံးနှစ်လုံးနဲ့တိုက် ခိုက်ခဲ့တာကြောင့် ကလေးတဦးအပါအ ဝင်အရပ်သားဆယ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ခြောက်လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြာင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။