Border News Agency
မြိတ်၊ အောက်တိုဘာ ၁၁။
မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦး KNLA ဆီအလင်းဝင်လာတယ်လို့ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးမှ အောက်တိုဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်တိုင်း ဗဟိုအမှတ်၁၂ လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်တပ်သားသစ်လေးဦးဟာ အောက်တိုဘာလ ၅ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄၊ KNDO တပ်ရင်း ၇ ဆီလက်နက်မဲ့ အလင်းဝင်လာတယ်လို့ဆိုပါတယ်။
သူတို့လေးဦးဟာ စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မဖမ်းဆီစုဆောင်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ခိုင်းခဲ့ပေမယ့် ထွက်ပြေးလာကြပြီးကရင်အမျိုးသားလွတ်မြောက်ရေ တပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့ စစ်ကော်မရှင်တပ်မှတပ်သားတွေဟာ တော်လှန်ရေးတပ်တွေဆီ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့ အသိပေးထားပါတယ်။