Border News Agency
ရေကြည်၊ အောက်တိုဘာ ၁၆။
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာအောက်တိုဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၃ နာရီ ၅၅ မိန စ်မှစတင်ပြီးမိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊တပ်မဌာနချုပ်တွေအပါအဝင် မြို့တချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသလိုနောက်ထပ်စခန်းတွေထပ်မံလက် လွှတ်မဆုံးရှုံးရစေရန်အတွက် ထိုးစစ်၊ခံစစ်တွေနေရာအနှံ့အပြားမှာ ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြားနှစ်ဖက်ရင်ဆိုင်ထားတဲ့နေရာတွေမှာတိုက်ပွဲတွေနေ့တို င်းနီးပါးဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အာရက္ခ-ပဲခူးတိုင်းအစပ်၊အာရက္ခ-မ ကွေးတိုင်းအစပ်၊အာက္ခ-ဧရာဝတီတိုင်း အစပ်မှာ စစ်ကော်မရှင်တပ်ထိုးစစ်တွေကို အာရက္ခတပ်တော်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတန်ပြန်ထိုးစစ်တွေဟ န်ချက်ညီဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
အာရက္ခ-ဧရာဝတီဝင်ပေါက် ဂွမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့ခုနှစ်၊ ဒီဇင်ဘာလ ၂ ၉ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက်ဧရာဝတီတိုင်းကို ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီနောက် ဧရာဝတီတိုင်းရှိ ပွိုင့် ၃၆၉ စခန်းကိုပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ ရက်နေ့က အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ခဲ့သလို ပွိုင့် ၂၆၃ စခန်းကိုလည်းပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က အ ပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ကို ပြီးခဲ့တဲ့ဇွန်လကစတင်ပြီးအာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒီအပြင်ဧရာဝတီတိုင်းသို့အဓိကဝင် ပေါက်၊ဂွ-ငါးသိုင်းချောင်းကားလမ်း၊ မြောက်စမ်းရွာအနီးရှိအမြောက်တပ်ကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသအ စပ်သုံးနေရာစလုံးဝင်ပေါက်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကော်မရှင်တပ်ရဲ့ဧရာဝတီမြစ်အနောက်ဘက်ကမ်းအခြေစိုက်တပ်တွေကို စစ်ရေးအရခြိမ်းခြောက်ထားတာဖြစ်ပါတယ်။






