Border News Agency
ဂွ၊ အောက်တိုဘာ ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တချို့မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့ စစ်ကော်မရှင်တပ်ပြင် ဆင်နေတယ်လို့ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ အာရက္ခတပ်တော်က သတိပေးထားပါတယ်။
အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား စစ်ရေးအရထိပ်တိုက်ရင်ဆိုင်နေရတဲ့စစ်တွေနဲ့ကျောက်ဖြူသို့ စစ်အင်အားတိုးတာတွေကို ပင်လယ်ရေကြောင်းက ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် သံတွဲနဲ့ဂွအနီး ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောတွေ သွားလာလှုပ်ရှားမှုတွေ ပိုမိုတွေ့မြင်လာရတယ်လို့ ဆိုပါတယ်။
အဲဒီမြို့တွေပေါ်မှာလည်း ကင်းထောက်လေယာဉ်တွေလှည့်ပတ်ပျံဝဲကင်းထော က်လှမ်းမှုတွေ အရင်ကထက်ပိုမိုပြုလု ပ်နေတယ်လို့ ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသ လို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းမာနေပါတယ်။
ဒါပေမယ့်အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့အမ်း၊တောင်ကုတ်၊သံတွဲ၊ဂွ စတဲ့လေးမြို့နယ်မှာလာမယ့်ရွေးကောက်ပွဲပြုလုပ်မယ်လို့ စစ်ကော်မရှင်တပ်ထု တ်ပြန်ထားပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေသလို ရေတပ်စစ်သင်္ဘောတွေကလည်းလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီအပြင်လေကြောင်းကင်းထောက်တာတွေ၊ ရေကြောင်းစစ်အင်အားတိုးပြီး ရေတပ်စစ်သင်္ဘောတွေ အများအပြားအသုံးပြုစစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။






