Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၁။
အာရက္ခဒေသကသုံးမြို့နယ်ကို အောက်တိုဘာလ ၃၀ ရက်၊ မနေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုလို့ ခုနှစ်ဦးသေဆုံးပြီး နှစ်ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို အောက်တိုဘာလ ၃၀ ရက်၊ မနေ့ညနေ ၄ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဇင်ချောင်းကုန်ဘွေရွာက အသက်နှစ်ဆယ်တနှစ်အရွယ်မစံပယ်ဝင်း၊ အသက်ငါးဆယ်သုံးနှစ်အရွယ် ဒေါ်သန္ဒာငြိမ်း၊ မင်းရပ်ရွာကအသက်သုံးဆယ်တနှစ်အရွယ် ဒေါ်မေမြ တ်သူ၊ အသက်သုံးဆယ်ငါးနှစ်အရွယ် ဦးမောင်မြင့်စိုး၊ ဇင်ချောင်းနယ်ပယ်တော်ရွာက အသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ် ကိုအောင်ပိုင်ထွေး(ခ)ဗမာချေနဲ့ မူရွင်းရွာကအသက်ဆယ့်ခုနှစ်နှစ်အရွယ် မစုမယေသေဆုံးပြီး တဆယ့်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် နေအိမ်ခြောက်ဆောင်အပါအဝင် ဆိုင်ကယ်၊ ကား၊ အသုံးအဆောင်ပစ္စည်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းကမ်းကိုလည်း အောက်တိုဘာလ ၃၀ရက်၊ မနေ့ကစစ်ကော်မရှင်တပ် ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒါကြောင့် အသက်ငါးဆယ်နှစ်နှစ်အရွယ် ဦးထွန်းအေးလှိုင်မှာ ဗုံးစထိမှန်သေဆုံးပြီး အသက်နှစ်ဆယ်နှစ်နှစ်အရွယ် ကိုဖြိုးဝေထွန်းနဲ့အသက်သုံးဆယ်ရှစ်နှစ်အရွယ် ဦးမောင်မောင်ဌေးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့ကိုလည်း အောက်တိုဘာလ ၃၀ ရက်၊ မနေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ မရှိခဲ့ပါဘူး။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို အောက်တိုဘာ ၃၁ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် သေဆုံး
ဒဏ်ရာရသူတွေများပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ်လေကြောင်း တိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။






