Border News Agency
အီရန်၊မတ် ၁၁။
အီရန်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းကရေနံတင်ပို့မှုတွေကို ပိတ်ပင်ဖို့သာကြိုးစားလာမယ်ဆိုရင် အခုထက် “အဆ ၂၀ ပိုပြင်းထန်တဲ့” တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကသတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေမရပ်မချင်း အရှေ့အလယ်ပိုင်းဒေသက ဘယ်ရေနံကိုမှအပြင်ပေးမထွက်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဘက်က ပြောဆိုလာတဲ့အပေါ် ထရမ့်က အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာပါ။
ဒါ့အပြင် သမ္မတထရမ့်က လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အတော်လေးကို ပြည့်စုံသွားပြီ”လို့လည်း ပြောဆိုခဲ့ပါတယ်။
ထရမ့်ရဲ့ ဒီစကားကြောင့်ပဲ တက်နေတဲ့ ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ ပြန်ပြီးတော့ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း အီရန်ဘက်ကသာ ရေနံတင်ပို့မှုကိုအဟန့်အတားလုပ်လာမယ်ဆိုရင်တော့ အခုထက်ပိုပြီး ပြင်းထန်တဲ့ စစ်ရေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထရမ့်က အခိုင်အမာ ပြောဆိုထားပါတယ်။






