Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၁။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အောက်တိုဘာလ ၃၁ ရက်၊ဒီနေ့ အထူးသတိပေးထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့အာရက္ခပြည်သူလူထုမအပေါ် လေကြောင်းမှ သူရဲဘောကြောင်ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ပြင်း ထန်စွာရှုတ်ချတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ သုံးရက်မှာအရပ်သားဆယ့်နှစ်ဦးသေ ဆုံးပြီးသုံးဆယ်နှစ်ဦးဒဏ်ရာရသွားတ ယ်လို့ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ သုံးရက်အတွင်း ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ တို က်လေယာဥ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရသူတွေထဲမှာက လေးသူငယ်တွေ၊အ မျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေပါ ဝင်သလိုဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်လို့လူနေအိမ်တွေ၊ ဆိုင်ကယ်တွေ၊ကားတွေပျက်စီးသွားသလို ပုဏ္ဏားကျွန်းမြို့ကိုနှစ်ရက် ဆက်တိုက်ခိုက်လို့ရုံးတွေ၊အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။
ပြည်သူတွေ၊မြို့ရွာ၊စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို စစ်ကော်မရှင်တပ်ဟာ သူရဲ ဘောကြောင်စွာ နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ရေကြောင်းလက် နက်ကြီး၊ဒရုန်းတွေ တိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့စစ်ရေးသတိအပြည့်အဝ နေ့၊ည အချိန်မရွေးရှိကြဖို့ အထူးအသိပေးတိုက်တွန်းထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအ ဝင်တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေသလိုစစ်တွေမြို့နယ်မှာလည်းစစ်ရေးတင်းမာနေကြပါတယ်။





