Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို အောက်တိုဘာ ၃၁ ရက်၊ ဒီနေ့နေ့လည်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှ အသက်ငါးနှစ်အရွယ် မောင်ထက်မြက်နိုင်၊ အသက်သုံးဆယ်ခြောက်နှစ်အရွယ် ဒေါ်အေးမြဝင်း၊ တန်ဘက်လှန်းရွာမှအ
သက်ကိုးနှစ်အရွယ် မောင်ဉာဏ်ထက်အောင်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ရွာမှအသက်နှစ်ဆယ်သုံးနှစ်အရွယ် မဖြိုးဖြိုးသေဆုံးသွားကြပါတယ်။
အဲဒီအပြင် စစ်တွေမြို့နယ်၊ ကျားမသောက်ရွာမှအသက်ခြောက်ဆယ်လေးနှစ်အရွယ် ဦးစံကျာ်လှ၊ အသက်လေးဆယ်လေးနှစ်အရွယ် ဦးကျော်ဆန်း၊ အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်မသိန်းရွှေ၊ အသက်နှစ်ဆယ်နှစ်နှစ်အရွယ် မသူဇာဝင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ရွာမှအသက်သုံးဆယ်ရှစ်နှစ်အရွယ် ဦးမောင်ဆန်းဝင်၊ တန်ဘက်လှန်းရွာမှအသက်သုံးဆယ်ရှစ်နှစ်အရွယ် ဒေါ်အေးဆန်းယဉ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အသက်လေးဆယ်ငါးနှစ်အရွယ် ဒေါ်ခင်မေသန်း၊ အသက်လေးဆယ်ရှစ်နှစ်အရွယ် ဦးမောင်အေးနိုင်၊ အသက်ဆယ့်နှစ်နှစ်အရွယ် မဖြိုးအေးခိုင် ဒဏ်ရာရသွားကြပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ သုံးရက်မှာအရပ်သားဆယ့်နှစ်ဦးသေဆုံးပြီး သုံးဆယ်နှစ်ဦးဒဏ်ရာရသွားတယ်လို့ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်တာပါ။
စစ်ကော်မရှင်တပ်ဟာ ပေါက်တော၊ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ သုံးရက်အတွင်း ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ တိုက်လေယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေပါဝင်သလို ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်လို့ လူနေအိမ်တွေ၊ ဆိုင်ကယ်တွေ၊ ကားတွေပျက်စီးသွားသလို ပုဏ္ဏားကျွန်းမြို့ကို နှစ်ရက်ဆက်တိုက်ခိုက်လို့ ရုံးတွေ၊ အဆောက်အ
အုံတွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။
ပြည်သူတွေ၊ မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို စစ်ကော်မရှင်တပ်ဟာ သူရဲဘောကြောင်စွာ နေ့စဉ်ရက်ဆက်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့၊ ည အချိန်မရွေးရှိကြဖို့ အထူးအသိပေးတိုက်တွန်းထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းမာနေကြပါတယ်။






