Border News Agency
စစ်တွေ၊ နိုင်ဝင်ဘာ ၁။
စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက် ပွဲအတွင်း ရခိုင်ပြည်နယ်လွှတ်တော်အချိုးကျကိုယ်စားပြုမှာ ကိုယ်စားလှယ်လောင်းလေးဆယ်လေးဦးဝင်ပြိုင်ပါမယ်။
အဲဒီအချိုးကျကိုယ်စားပြုမှာ မဲဆန္ဒနယ် ၁ နဲ့မဲဆန္ဒနယ် ၂ ဆိုပြီး ၂ ခုသတ်မှတ်ထားပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီရခိုင်တိုင်းရင်းသားများပါတီစတဲ့သုံးပါတီ ဝင်ပြိုင်မှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၁ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဆယ်ဦး၊ ရခိုင့်ဦးဆောင်ပါတီက ကိုယ်စားလှယ်လောင်းဆယ်ဦး၊ ရခိုင်တိုင်းရင်းသားများပါတီကကိုယ်စားလှယ်လောင်းခြောက်ဦး၊စုစုပေါင်းနှစ်ဆယ်ခြောက်ဦးဝင်ပြိုင်ကြမှာပါ။
အဲဒီအပြင်မဲဆန္ဒနယ်အမှတ် ၂ မှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းခုနှစ်ဦး၊ရခိုင့်ဦးဆောင်ပါတီက ကိုယ်စားလှယ်လောင်းခုနှစ်ဦး၊ ရခိုင်တိုင်းရင်းသားများပါတီကကိုယ်စားလှယ်လောင်းလေးဦး၊စုစုပေါင်းဆယ့်ရှစ်ဦးဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၁ မှာ ပြည်ထော င်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးကျော်စိုး၊ဦးစောသိန်းထွန်း၊ဒေါက် တာစန်းရွှေ၊ဦးထင်လင်းဦး၊ဦးထွန်းအောင်သိန်း၊ဒေါ်မိုးမိုးနိုင်၊ဦးမောင်လှအေး၊ဦးမောင်သန်းထွန်း၊ ဦးမြင့်စိုးဝင်းဦးသာထွန်းဝင်ပြိုင်ကြမှာပါ။
အဲဒီအပြင် မဲဆန္ဒနယ်အမှတ် ၁ မှာ ရခိုင့်ဦးဆောင်ပါတီက ဒေါ်စုစန္ဒာ၊ ဦးစောမြင့်ထွန်း၊ ဦးတင်မောင်ဝင်း၊ ဦးထွန်းနိုင်၊ ဦးမောင်စံလှ၊ ဦးလင်းလင်း၊ ဦးသန်းနိုင်၊ ဦးသိန်းဟန်၊ ဦးအေးသာအောင်၊ ဦးအောင်ကြည်ဝင်း ဝင်ပြိုင်ကြမှာပါ။
နောက်ပြီးမဲဆန္ဒနယ်အမှတ် ၁ မှာ ရခိုင်တိုင်းရင်းသားများပါတီက ဒေါ်ကျော်စုစုဝင်း၊ဦးခင်မြင့်အောင်၊ဦးခိုင်ကျော်လင်း၊ဦးတိုက်အောင်၊ဦးဘစံ၊ဦးအောင်ကျော်ဇော ဝင်ပြိုင်ကြမှာပါ။
အဲဒီအပြင် မဲဆန္ဒနယ်အမှတ် ၂ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးကိုကို၊ဒေါ်ခိုင်ဇင်ဦး၊ ဦးဇော်ဇော်အောင်၊ဦးထွန်းမင်း၊ ဦးဘကြည်၊ဦးမြသန်းဒေါ်သင်းသင်းမာ ဝင်ပြိုင်ကြမှာပါ။
နောက်ပြီး မဲဆန္ဒနယ်အမှတ် ၂ မှာ ရခိုင့်ဦးဆောင်ပါတီက၊ဦးစံဝင်း၊ဦးစိုးမင်းစံ၊ဦးမြင့်အောင်၊ဦးမောင်ခင်ထွေးဦးလှခင်၊ ဦးသိန်းမြင့်၊ ဦးအောင်စောသိန်း ဝင်ပြိုင်ကြမှာပါ။
အဲဒီမဲဆန္ဒနယ်အမှတ် ၂ မှာရခိုင်တိုင်း ရင်းသားများပါတီကဦးကျော်လှိုင်ထူး၊ ဒေါ်ချိုသဲမွန်၊ ဦးဇေယျာပြည့်ဖြိုး၊ ဦးဇော်လင်းအောင် ဝင်ပြိုင်ကြမှာပါ။
အဲဲဒီရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့ပြုလုပ်မှာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွစတဲ့လေးမြို့နယ်မှာလည်း ပြုလုပ်မယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ထားပါတယ်။
ရခိုင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ရခိုင့်ရှေ့ဆောင်ပါတီ ရှိကြပါတယ်။






