Border News Agency
မြဝတီ၊ နိုဝင်ဘာ ၃။
စစ်ကော်မရှင်တပ် စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့ ကျားသစ်နက်စစ်ကြောင်းက နိုဝင်ဘာလ ၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ရည်ရွယ်ချက်နဲ့သာလွန်အင်အား၊ နည်းပညာမြင့်ဒရုန်းတွေ လက်နက်ကြီးပစ်ကူတွေ၊ တာဝေးပစ်ဒုံးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု အသာစီးယူပြီး ကရင်ပြည်၊ မြဝတီမြို့နယ်ရှိ ရသေ့ဂူကျေးရွာ၊ မင်းလက်ပံကျေးရွာနဲ့ဖလူးကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းထိုးလာတဲ့ တပ်မဟာ ၂၂ အခြေစိုက် စစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ KNU/KNLA ဦးဆောင်တဲ့ဗျူဟာ ၃၂ ကျားသစ်နက် စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း၊ Justice Soldier တပ်ဖွဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သေဆုံးပြီး အလင်းဝင်လာသူတွေ၊ သုံ့ပန်းတွေ၊ ဒဏ်ရာသူတွေရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။






