Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ဆယ်ဦးသေဆုံးပြီးတဆယ့်ရှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသုံးရွာကို နိုဝင်ဘာလ ၇ ရက်၊ မနေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားသလိုမင်းပြားမြို့ပေါ်ကို စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ငါးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ မနေ့ကမနက် ၁၁ နာရီအချိန်ခန့်မှာစစ်တွေအခြေစိုက်တပ်ရင်းကတိုက်ခိုက်လို့ ကွမ်းတောင်ကျေးရွာကအသက်ငါးဆယ့်ငါးနှစ်အရွယ်ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် မနေ့ကနေ့လည်၁၁ နာရီ ၂၀ မိနစ်အချိ န်မှာ စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီးညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊မ နေ့က မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခို က်လို့ကလေးနှစ်ဦးအပါအဝင်ငါးဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
နောက်ထပ်မင်းပြားမြို့၊မြို့သစ်ရပ်ကွ က်ကို နိုဝင်ဘာလ ၇ ရက်၊ မနေ့ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ငါးဦးသေဆုံးပြီးကိုဦးဒဏ်ရာရသွားတာပါ။
အဲဒီသေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်းပါဝင်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာ ခဏသေဆုံးဒဏ်ရာရနေကြပါတယ်။














