Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းသိမ်းထားသူ ဆယ့်ခြောက်ဦးကို အာရက္ခတပ်တော်တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မွေးနေ့မှာ လွတ်ငြိမ်းပေးခဲ့ပါတယ်။
အဲဒီမြို၊ခမီ၊မူဆလင်၊ရခိုင်လူမျိုးတွေပါဝင်ပြီး မြောက်ဦးမြို့နယ်မှကိုးဦး၊ကျောက်တော်မြို့နယ်မှခြောက်ဦးနဲ့ စစ်တွေမြို့နယ်မှတဦးဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေရှေ့မှာ ကတိခံဝန်လက်မှတ်ထိုးလွတ်ပေးလိုက်တာပါ။
နောက်ပြီး မောင်တောခရိုင်တိုက်ပွဲတွေမှာ ဖမ်းဆီးရမိ၊အလင်းဝင်လာသူမူဆလင် ၈၂ ဦးကိုကိုလည်း ရက္ခတပ်တော်တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မွေးနေ့မှာ လွတ်ငြိမ်းပေးခဲ့ပါတယ်။
အဲဒီမူဆလင်တွေဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ၊ စစ်ကော်မရှင်တပ်နဲ့ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားကြရသူတွေ ဖြစ်ကြပါတယ်။






