Border News Agency
ပလက်ဝ၊ နိုဝင်ဘာ ၁၃။
အိန္ဒိယ – မြန်မာနှစ်နိုင်ငံနယ်စပ် ဝင်ထွက်သွားလာခွင့်တွေကို ယာယီပိတ်ထားတယ်လို့ နယ်စပ်နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီနယ်စပ်မှာ ကူးစပ်ဝမ်းရောဂါတွေဖြစ်နေကြသလို သေဆုံးသူတွေလည်းရှိနေကြတာမို့ ရောဂါတားဆီးကာကွယ်နိုင်အောင် နိုဝင်ဘာလ ၁၂ရက်၊ မနေ့က
စတင်ပိတ်ထားတာလို့ ဆိုကြပါတယ်။
“မနေ့ကနေ လမ်းပိတ်လိုက်တာ။ ယာယီလို့တော့ပြောကြတယ်။ အချိန်တပတ်လောက်ကြာနိုင်တယ်။ ခုဖြစ်ပွားနေတဲ့ ကူးစက်မြန် ပြင်းထန်ဝမ်းပျက်ရောဂါကြောင့် ပိတ်တာလို့တော့ပြောကြတယ်။ အဲဒီရောဂါကကူးစက်မှုမြန်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လမ်းပိတ်ထားလိုက်တာပါ။”လို့ ကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုနယ်စပ်မှာ စစ်ဘေးရှောင်တွေဟာ ဝမ်းရောဂါကြောင့်သေဆုံးတာတွေရှိနေကြသလို ကုန်သည်တွေလည်းကူးစပ်နေကြတာမို့ နှစ်နိုင်ငံစလုံးမှာရောဂါ
ကူးစပ်မှုတွေ မပြန့်ပွားရအောင် ယာယီပိတ်ထားတာလို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပလက်ဝမြို့နယ်က ဒေသခံတွေနဲ့ ကုန်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ အာရက္ခကျန်းမာရေးဌာနမှ နိုဝင်ဘာလ ၁၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ပလက်ဝခရိုင်၊ ရှင်းလက်ဝတိုက်နယ်မှဒေသခံတွေနဲ့ ကုန်သည်စုစုပေါင်းသုံးရာကိုဟာ ပြင်းထန်ဝမ်းပျက်ဝမ်းသွားကူးစက်ရောဂါကူးစပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရောဂါတွေဟာ အိန္ဒိယနိုင်ငံ၊ လုံတလိုင်ခရိုင်မှကာကီကျေးရွာ၊ တွီတင်းကျေးရွာ၊ လုံတင်းကျေးရွာတွေမှအစပျိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကူးစက်ခံရတဲ့ အရပ်သားသုံးရာထဲမှ သုံးဆယ်ဦးကို ကျန်းမာလာအောင်ထိကုသပေးခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ဟာ ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့အစည်းတွေ၊ NGO၊CSO တွေနဲ့ပူးပေါင်းပြီး ဆေးကုသရေးလုပ်ငန်းတွေ၊ ရောဂါမပြန့်ပွားအောင်ထိန်းချုပ်ရေးလုပ်ငန်းတွေ၊ ကြို တင်ကာကွယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလိုထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကလုပ်ခဲ့တာဖြစ်ပြီး ကူးစက်လူနာအသစ် ငါးရာခိုင်နှုန်းလျော့ကျသွားသလို ကူးစက်မှုလည်း လျော့ကျလာတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပလက်ဝခရိုင်နဲ့ဆက်စပ်ဒေသတွေမှ အန္တရာယ်ရှိတဲ့အုပ်စု(Risk group)တွေကို ဝမ်းပျက်ဝမ်းသွားကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ဆေးတွေ တိုက်ကျွေးတာ၊ အသိပညာပေးတာတွေကို ဆက်ပြီးလုပ်နေတယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း ဒီကူးစက်ရောဂါနဲ့ပတ်သက်ပြီး သတိထားစောင့်ကြည့်နေသလို နောက်ဆက်တွဲအခြေအနေတွေကိုလည်း ဆ က်ပြီး ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်







Comments 1
Your article helped me a lot, is there any more related content? Thanks!