Border News Agency
ရသေ့တောင်၊ နိုဝင်ဘာ ၁၅။
ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဘထလေကျေးရွာကို နိုဝင်ဘာ ၁၅ ရက်၊ ဒီနေ့ မနက် ၉ နာရီခွဲအချိန်ခန့်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
သေဆုံး၊ ဒဏ်ရာရတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။






